3 ပြစ်ရှိဟှူ သူလေ လတ်ထဲမာ အယ်မျှလော့‑က်ကီးဟှူ ဆီးတား နှော့‑က်ယှစ်ရှင်းဟှို ခံတော်မူဟှူ သခင်ဟှို ထော့‑က်ရှု ဆင်ခြင်ရှင်းအားဖြင့် အားလျှော့ စိပျစ်မှုလေန လွတ်ကင်းဟှို့တွပ် ကြိုးစားဂေ့ပါ။ 4 နန်းနို့လေဟှာ ဒုစရိုက်ပြစ်ဟှို တွန်းလှန်ဟှူကြောန့် သွီးထွပ်အောန်ထိ ခံရဖူးသေးဟှ။ 5 ကျမ်းစာတော်မာ ဘုရားသခင်ဟှ၊
14 လူလေန သင့်သင့်တင့်တင့်နေဘီး ငြီသတ်ရှင်းန သန့်ရှင်းရှင်း ပါရမီဟှို မှီအောန်လိုက်ဂေ့ပါ။ သန့်ရှင်းရှင်း ပါရမီ မှေ့ဘဲနေဟှာ ဖယ်သူလည်း ဘုရားသခင်ဟှို ဖူးဗြင်ရဟှို့ မှုဟှ။ 15 နန်းနို့လေဟှာ တဇောင်တယော့‑က်လည်း ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှနေ ကွာဟှားဘဲနေဟှို့တွပ်န၊ ခါးဟှူ ပန်ပြစ်ပေါ့‑က်ထွပ်ဘီး နန်းနို့လေဟှို နှော့‑က်ယှစ်ဟှူကြောန့် လူလေဟှာ အယ်ရာလေအားဖြင့် ပြစ်န ညစ်ညူးဘဲနေဟှို့တွပ် ဒိပြုဂေ့ပါ။ 16 တရားဘဲဟှူ မေထုန်ပြုဟှူသူ မှေ့ဘဲနေဟှို့တွပ်န ဧသောဟှာ မှန်းတနပ်စာတွပ် သားဦးရပ်ရာဟှို ရောန်းဟှူမျိုး ဘုရားတရားဟှို ရိုသေဘဲဟှူ သူလေ ယော့‑က်လည်း မှေ့ဘဲနေဟှို့တွပ် ဒိပြုဂေ့ပါ။ 17 နန်းနို့ သိဂေ့ဟှူတိုင်းဘဲ့ သူဟှာ နော့‑က်မှ ကောန်းဂျီးမင်္ဂလာဟှို မွီဆစ်ခံရှင်ဟှူလည်းဘဲ့ ငြင်းပယ်ဇာဟှို ခံရဘီး ကောန်းဂျီးမင်္ဂလာဟှို ရရာတိုင်း လိုရှင်ကြောန့်[a] မျစ်ရယ်က္လဘီး တောန်းခံဟှူလည်းဘဲ့ သူ့ဖ စိပ္လောန်းလဲလာဇာဟှို ဗြင်ရဟှ။
18 နန်းနို့လေဟှာ လတ်န တို့ထိနိုင်ဟှူ တောန်ဟှိုဖြစ်ဖြစ်၊ လောန်ဟှူ မီးဟှိုဖြစ်ဖြစ်၊ မှောန်မဲဟှူ မိုးတီတိုက်ဟှိုဖြစ်ဖြစ်၊ မှောန်မိုက်ဟှိုဖြစ်ဖြစ်၊ မိုးသတ်မှောန်တိုင်းဟှိုဖြစ်ဖြစ်၊ 19 တံပိုးမှုဟှူ သံဟှိုဘဲ့ဖြစ်ဖြစ်၊ စကားတော်ဟှိုဘဲ့ဖြစ်ဖြစ် ချည်းကပ်ဂေ့ဟှူဇာမှုဟှ။ အယ်မူသံဟှို ကြားဟှူလူလေဟှာ နော့‑က်ထပ် မိန့်တော်မူဘဲနေဟှို့တွပ် တောန်းဗန်ဂေ့ဟှယ်။ 20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “လိဆန်ဖြစ်ဟှူလည်းဘဲ့ အယ်တောန်ဟှို ထိမိဟှယ် ဆိုဟှာ က္လော့‑က်ခဲနပစ်သတ်စေ” ဆိုဘီး မိန့်တော်မူဟှူ သံတော်ဟှို လူလေဟှာ နားခံနိုင်ဘဲကြောန့် ဖြစ်ဟှယ်။ 21 အယ်မျိုး ထန်းထန်ရှားရှား ဗြင်ရဟှူဇာဟှာ ရရာတိုင်း ကြော့‑က်ဇာကောန်းဟှူကြောန့် မောရှေဟှ “ငါဟှာ ကြော့‑က်ရွံ့ တူလှောက်ဘီး နေရဟှယ်” ဆိုဘီး ပြောလေဟှယ်။
22 နန်းနို့လေဟှာ ဇိအုန်တောန်န သတ်ရှင်တော်မူဟှူ ဘုရားသခင်ရဲ့ ဗြို့တော်ဖြစ်ဟှူ ကောန်းဂန် ယေရုရှလင်ဗြို့ဟှိုဘဲ့ဖြစ်ဖြစ်၊ တိုင်းမသိ ရရာတိုင်း များဟှူ ကောန်းဂန်တမန်လေရဲ့ စည်းဝေးရာဟှိုဘဲ့ဖြစ်ဖြစ်၊ 23 ကောန်းဂန်စာရင်းဝမ်ဟှူ သားဦးလေရဲ့ သင်းတော်ဟှိုဘဲ့ဖြစ်ဖြစ်၊ လူလေ ဂူလောင်းဟှို တရားစီရင်တော်မူဟှူ ဘုရားသခင်နားဟှိုဘဲ့ဖြစ်ဖြစ်၊ စောင်လင်ရှင်းဟှိုရော့‑က်ဟှူ ဖြောန့်မတ်ဟှူ သူလေရဲ့ စိဝိညာဉ်လေဟှိုဘဲ့ဖြစ်ဖြစ်၊ 24 ပဋိညာဉ်တရားသစ်ရဲ့ အာမခံဖြစ်ဟှူ ယေရှုနားဟှိုဘဲ့ဖြစ်ဖြစ်၊ အာဗေလရဲ့သွီး ပြောဆိုဟှူဇာထတ် ပိုဘီး မြတ်ဟှူရာဟှို ပြောဆိုဟှူ ပတ်ဖျန်းဟှူ သွီးတော်နားဟှိုဘဲ့ဖြစ်ဖြစ် ရော့‑က်ဂေ့ဟှယ်။
25 အယ်ကြောန့် နန်းနို့လေဟှာ မိန့်တော်မူဟှူ သူရဲ့ စကားတော်ဟှို ငြင်းဆန်မိဘဲနေဟှို့တွပ် ဒိပြုဂေ့ပါ။ မ္လေဂီးထတ်မာ ဗျာဒိတ်တော် ဆင့်ဆိုသူရဲ့ စကားဟှို ငြင်းဆန်ဟှူ သူလေဟှာ ပြစ်လွတ်ခွမ့်မှေ့ဘဲနေဟှာ အယ်လော့‑က်နမကဟှ ကောန်းဂန်ဘောင်ဟှ မိန့်တော်မူဟှူ သူရဲ့ စကားဟှို နို့လေ နားထောန်ဘဲနေဟှာ ပိုဘီး ကီးလေးဟှူ ပြစ်န ဖယ်မျိုး လွတ်ကင်းနိုင်မယ်နူး။ 26 ရင်းရင်ဒူးဟှ ဗျာဒိတ်တော်သံဟှာ မ္လေဂီးဟှို လှောက်ဟှူ ဇာဖြစ်ကြောန့် ကိုယ်တော်ဟှ “နော့‑က်ထပ်ခါ ငါဟှာ မ္လေဂီးန ကောန်းဂန်ဟှို လှောက်အူးမယ်” ဆိုဘီး ဂဒိတော်ရှိဟှယ်။ 27 “နော့‑က်ထပ်ခါ” ဆိုဘီး ပြောဟှူ စကားရဲ့ ဓိပါယ်ဟှာ လှောက်ဘဲဟှူ ဇာလေဟှို တည်စေဟှို့တွပ် လှောက်ဟှူရာလေဟှို လောကရာလေမျိုး ပယ်ဖျစ်လေ့မယ် ဆိုဘီး ဆိုလိုဇာဖြစ်ဟှယ်။
28 အယ်ကြောန့် နို့လေဟှာ လှောက်နိုင်ဘဲဟှူ နိုင်ငံဟှို ရဟှူသူလေဖြစ်ကြောန့် ခန့်ညား ကြော့‑က်ရွံ့ဟှူ သဘောန ဘုရားသခင် နှစ်သက်ဟှူ နည်းတိုင်း ဝတ်ပြုကိုးကွယ်ဟှို့တွပ် ကျေးဇူးတော်လေဟှို စွဲလန်းဂေ့ဇို့။ 29 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေရဲ့ ဘုရားသခင်ဟှာ လောင်ဟှူမီး ဖြစ်တော်မူဟှယ်။
<- ဟေဗြဲ 11ဟေဗြဲ 13 ->- a ၁၂.၁၇ ကောန်းဂျီးမင်္ဂလာဟှို ရရာတိုင်း လိုရှင်ကြောန့်၊ အယ်မျိုးမှုဘဲနေဟှာ သူဟှာ ကောန်းဂျီးရဟှို့တွပ် ကြိုးစားဟှယ်။
Languages