6 [a]အာဗြဟံရဲ့ တွိကြောင်ခံစားမှုဟှို ကျမ်းစာမာ ပြောဟှားဇာဟှ “အာဗြဟံဟှာ ဘုရားသခင်ဟှို ယောင်ကြည်ဟှူကြောန့် သူ့ရဲ့ ယောင်ကြည်ဇာအားဖြင့် ဘုရားသခင်ဟှာ သူ့ဟှို ဖြောန့်မတ်ဟှူမျိုး လတ်ခံတော်မူဟှယ်။” 7 [b]အယ်ကြောန့် ယောင်ကြည်ရှင်းရှိဟှူ လူလေဟှာ အာဗြဟံရဲ့ မ္လေးမ္လစ်စစ်ဖြစ်ဟှယ် ဆိုဇာဟှို နားလည်ဂေ့ပါ။ 8 ဘုရားသခင်ဟှာ ယောင်ကြည်ရှင်းအားဖြင့် လူမျိုးခြားလေဟှို ဖြောန့်မတ်စေလေ့မယ် ဆိုဘီး ကျမ်းစာမာ ကြိုတန်ဘီး ပြောဟှားဟှယ်။ အယ်ကြောန့် ကျမ်းစာမာ အာဗြဟံဟှို ဟောဟှားဟှူ ဒန်းကောန်းဟှ “လူမျိုးဂူလောင်းဟှာ နန့်အားဖြင့် ကောန်းဂျီးမင်္ဂလာဟှို ခံစားရလေ့မယ်။” 9 အယ်ကြောန့် ယောင်ကြည်ရှင်းရှိဟှူသူလေဟှာ ယောင်ကြည်ဟှူ အာဗြဟံနတူးဒူ ကောန်းဂျီးဟှို ခံစားရဟှယ်။
10 ပညတ်တရားဟှို လိုက်ရှော့‑က်ဟှူ လူလေဟှာ ကီဇာန သတ်ဆိုင်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာဟှ “ပညတ်တရားမာ ပါဇာလေဂူလောင်းဟှို လိုက်ရှော့‑က်နိုင်ဘဲဟှူ လူတိုင်းဟှာ ဘုရားသခင်ရဲ့ ကီဇာဟှို ခံရမယ်” ဆိုဘီး ပြောဟှားဟှယ်။ 11 ပညတ်တရားအားဖြင့် ဖယ်သူလည်း ဘုရားသခင်ရှေ့မာ ဖြောန့်မတ်ဟှ ဆိုဇာ ထန်ရှားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာမာ “ဖြောန့်မတ်ဟှူသူဟှာ ယောင်ကြည်ရှင်းအားဖြင့် သတ်ရှင်လေ့မယ်”[c] ဆိုဘီး ပြောဟှားဟှယ်။ 12 ပညတ်တရားဟှာ ယောင်ကြည်ရှင်းထတ်မာ ခြေခံဟှားဇာမှုဟှ။ အယ်ဘေမဲ့ ကျမ်းစာဟှလည်း “ပညတ်တရားဟှို လိုက်ရှော့‑က်ဟှူလူဟှာ အယ်ပညတ်တရားအားဖြင့်ဘဲ့ သတ်ရှင်လေ့မယ်” ဆိုဘီး အယ်မျိုးဘဲ့ပြောဟှားဟှယ်။
13 “သစ်တိုင်မာ ခိဆွဲခံရဟှူသူဟှာ ဘုရားသခင်ရဲ့ ကီဇာဟှို ခံရဟှူသူဖြစ်ဟှယ်” ဆိုဘီး ကျမ်းစာမာ ပြောဟှားမျိုးဘဲ့ ခရစ်တော်ဟှာ နို့လေတွပ် ကီဇာဟှို ခံဘီးန နို့လေဟှို ပညတ်တရားရဲ့ ကီဇာဟှနေ ဝီးနှုတော်မူဟှယ်။ 14 အယ်မျိုးလောက်ဇာဟှာ လူမျိုးခြားလေဟှာ ခရစ်တော်ယေရှုနှိုက် အမှီပြုဘီး အာဗြဟံခံစားရဟှူ ကောန်းဂျီးဟှို ခံစားရဘီး နို့လေဟှို ဘုရားသခင် ဂဒိပေးဟှားဟှူ ဝိညာဉ်တော်ဟှို ယောင်ကြည်ဇာအားဖြင့် လတ်ခံရရှိဟှို့ဖြစ်ဟှယ်။
19 အယ်ဆိုဟှာ ပညတ်တရားရဲ့ ရည်ရွယ်ချစ်ဟှ ဖြားဇာနူး။ ဂဒိတော်ခံရဟှူု အာဗြဟံမ္လေးမ္လစ် ရော့‑က်လာခန်ခီထိ ဒုစရိုက်လေဟှို ပြဟှို့တွပ် အယ်တရားဟှို ထပ်ပေးတော်မူဟှယ်။ အယ်ပညတ်တရားဟှို ကောန်းဂန်တမန်လေအားဖြင့် ကြားဝမ်စေ့စပ်မား တယော့‑က်မှတဆင့် ပေးတော်မူဟှယ်။ 20 အယ်ဘေမဲ့ တယော့‑က်ဒဲဘဲ့ ပါဝမ်လောက်ဆောန်ခီမာ ကြားဝမ်စေ့စပ်မားဟှို လိုအပ်ဟှမ်း။ အယ်ဘီးဟှာ ဘုရားသခင်ဟှာ တပါးဒဲ ဖြစ်တော်မူဟှယ်။[e]
23 အယ်ယောင်ကြည်မှုတရား လာခန်ထိ ပညတ်တရားဟှာ နို့လေဂူလောင်းဟှို ပညတ်တရားရဲ့ ကျဉ်းသားလို ချောက်နှောန်ဟှားဇာဟှို ခံရဟှယ်။ 24 အယ်ကြောန့် နို့လေဟှာ ယောင်ကြည်မှုအားဖြင့် ဖြောန့်မတ်ဟှို့တွပ် ပညတ်တရားဟှာ ခရစ်တော် ကြွလာခီထိအောန် နို့လေရဲ့ အောက်ထီးမားဖြစ်ဟှယ်။ 25 ခု အယ်ယောင်ကြည်မှု တရားဟှာ ရော့‑က်လာဘီ နို့လေဟှာ အောက်ထီးမားရဲ့ လတ်အော့‑က်ဟှ လွတ်ဟှားဂေ့ဟှယ်။
26 အယ်ကြောန့် နန်းနို့ဂူလောင်းဟှာ ခရစ်တော်ယေရှုနှိုက် ယောင်ကြည်မှုအားဖြင့် ဘုရားသခင်ရဲ့ သားမီးလေဖြစ်ဂေ့ဟှယ်။ 27 ခရစ်တော်နှိုက် ဗတ္တိဇံခံဟှူ လူလေဂူလောင်းဟှာ ခရစ်တော်ဟှို ဝတ်ဆင်ဟှားဟှူ လူလေဖြစ်ဟှယ်။ 28 အယ်ကြောန့် ယုဒလူမျိုးလေ၊ လူမျိုးခြားလေ၊ ကျွန်လေ၊ လွတ်လပ်ဟှူလူလေ၊ ယော့‑က်ကျားလေ မီးမလေ ဆိုဘီး ခွဲခြားဟှားဇာလေမှေ့ဘဲ နန်းနို့ဂူလောင်းဟှာ ခရစ်တော်ယေရှုနှိုက် တလောင်းတဝဒဲ ဖြစ်ဂေ့ဟှယ်။ 29 [f]နန်းနို့ဟှာ ခရစ်တော်ဟှို ပိုင်ဆိုင်ဟှယ် ဆိုဟှာ အာဗြဟံရဲ့ မ္လေးမ္လစ်လေဖြစ်ဘီး ဘုရားသခင်ရဲ့ ဂဒိတော်ဟှို လတ်ခံရရှိလေ့မယ်။
<- ဂလာတိ 2ဂလာတိ 4 ->- a ၃.၆ ရော ၄.၃
- b ၃.၇ ရော ၄.၁၆
- c ၃.၁၁ ဖြောန့်မတ်ဟှူသူဟှာ ယောင်ကြည်ရှင်းအားဖြင့် သတ်ရှင်လေ့မယ်၊ အယ်မျိုးမှုဘဲနေဟှာ ယောင်ကြည်ရှင်းအားဖြင့် သတ်ရှင်ဟှူ လူဟှာ ဖြောန့်မတ်လေ့မယ်။
- d ၃.၁၈ ရော ၄.၁၄
- e ၃.၂၀ အယ်ဘီးဟှာ ဘုရားသခင်ဟှာ တပါးဒဲ ဖြစ်တော်မူဟှယ်၊ အယ်မျိုးမှုဘဲနေဟှာ အယ်ဘီဟှာ ဘုရားသခင်ဟှာ တပါးဒဲဘဲ လောက်ဆောန်ဟှယ်။
- f ၃.၂၉ ရော ၄.၁၃
Languages