ကောလောသဲ ကောလောသဲ သင်းတော်ဟှို ပေါလုရဲ့ ပေးစာ နိဒါန်း ကောလောသဲ သင်းတော်ဟှို ပေါလုရဲ့ ပေးစာ ဟှို တမန်တော် ပေါလုဟှ ရေးဟှားလေဟှယ် (၁.၁)။ သူဟှာ အယ်စာဟှို ခရစ်တော် မွီးဘီးန ၆၀ ခုနှစ်လော့‑က်ဟှ ရောမဗြို့မာ ထောန်က္လနေဒူးခီမာ ရေးဟှားလေဟှယ်။ ပေါလုဟှာ ကောလောသဲ သင်းတော်ဟှို ပေးဟှူစာ၊ ဧဖက် သင်းတော်ဟှို ပေးဟှူစာန ဖိလေမုန်ဟှို ပေးဟှူစာလေဟှို ထောန်က္လနေဒူးမာ ရေးဟှားဟှူကြောန့် အယ်မူစာလေဟှို ထောန်ထဲဟှ ပေးဟှူစာ ဆိုဘီး ခေါ်လေဟှယ်။ အယ်မူစာဟှာ ကောလောသဲဗြို့မာရှိဟှူ သင်းတော်ဟှို ရေးဟှူစာဖြစ်လေဟှယ်။ ၂.၁ မာ ဖော်ပြဟှားတိုင်း ဆိုဟှာ ပေါလုဟှ ကောလောသဲဗြို့မာ သင်းတော်ဟှို စပြုသေးဟှ ဘေမဲ့လည်း အယ်သင်းတော်တွပ် တာဝန်လေရှိဟှယ် ဆိုဘီး မှတ်ယူလေဟှယ်။ ဧပဖြာဟှာ ကောလောသဲဗြို့မာ ရှိနေဂဒဲဟှ အယ်သင်းတော်ဟှို တည်ထောန်ဟှားဇာဖြစ်နိုင်ဟှယ်။ ပေါလုဟှာ ကောလောသဲ သင်းတော်ထဲမာ မှားယွင်းဟှူ သွန်သန်ရှင်းလေ ရှိနေဟှူကြောန့် ရရာတိုင်း စိုးရိမ်လေဟှယ်။ သူဟှာ အယ်မူဇာန ပတ်သက်ဘီး စာလေဘောင်ဂီး ရေးဟှားလေဟှယ်။ အယ်နေရာမာ ယုဒခရစ်ယာန် အောက်စုတစုရှိဘီး သူးနို့လေဟှာ တခြား ခရစ်ယာန်လေဟှို ဓမ္မဟောန်းကျမ်းထဲဟှ ရေဖျားလှီးရှင်းန ဆိုင်ဟှူ ယုဒပညတ်လေဟှို လိုက်နာဟှို့တွပ် ကြိုးစားနေဟှူ လူလေဖြစ်ဟှယ်။ ပေါလုဟှ ဘုရားသခင်အားဖြင့် ခရစ်တော်ဟှို လတ်ခံရှင်းဟှလွဲဘီး ဖြားဇာလည်း လိုအပ်ဟှ ဆိုဘီး ပေါလုဟှ လေးလေးနတ်နတ်ဟှား ရေးဟှားဘီး (၁.၁၅–၂၀) အယ်မျိုးသွန်သန်ချစ်ဟှာ လူသားရဲ့ ဆင်ခြင်တုံတရားဟှာ သောင်းဇားဟှို့ရဟှ ဆိုဇာဟှို ခြေခံဟှားဟှယ် (၂.၈)။ ကြောန်းရာ ကျဉ်းချောက် ၁။ ပေါလုဟှာ ကောလောသဲဗြို့မာရှိဟှူ သင်းတော်ဟှို နှောက်ဆစ်ရှင်းအားဖြင့် အယ်စာဟှို စပြုဟှားဟှူကြောန်း (၁.၁–၂) ၂။ သူဟှာ ကောလောသဲ သင်းတော်ထဲမာ မှားယွင်းဟှူ သွန်သန်ရှင်းလေဟှို ပ္လန်ဖြေရှင်းဟှားဟှူ ဇာလေထဲမာ ခရစ်တော်ရဲ့ ကီးမြတ်ရှင်းကြောန်းဟှို ရေးဟှားဟှူကြောန်း (၁.၃—၃.၄) ၃။ ပေါလုရဲ့ စာလေဘောင်ဂီးထဲမာ တဝပ်လော့‑က်ဟှာ ကောန်းဟှူခရစ်ယာန် သတ်ရှင်မှုတွပ် ညွှန်ကြားချစ်လေ ပေးဟှားဟှူ စာလေဖြစ်ဟှူကြောန်း (၃.၅—၄.၆) ၄။ ပေါလုဟှာ နှောက်ဆစ်ဘီးန တခြား သင်းတော်လေမာလည်း အယ်စာဟှို ဖတ်ဟှို့တွပ် ညွှန်ကြားဘီး နိဂေါင်းချောက်ဟှားဟှူကြောန်း (၄.၇–၁၈)
9 အယ်ကြောန့် နို့လေလည်း နန်းနို့လေဒန်းဟှို ကြားရဟှူနေ့ဟှစဘီး မြဲဒမ်းဘဲ့ ဆုတောန်းဘီးဟှာ နန်းနို့လေဟှာ ဝိညာဉ်တော်ပေးတော်မူဟှူ ဉာဏ်ပညာန တတ်သိနားလည်မှု စောင်လင်ရှင်းအားဖြင့် ဘုရားသခင်ရဲ့လိုတော်ဟှို သိဟှူဉာဏ်နပ္လဲ့ဝဘီး၊ 10 ကောန်းဟှူမှု မျိုးမျိုးဖြစ်ဟှူ သီးဟှိုသီးဘီးဟှာ ဘုရားသခင်ဟှို သိဟှူဉာဏ်န ကီးထွားလာရှင်းအားဖြင့် ရာရာတိုင်းမာ သခင်ဘုရား နှစ်သက်စေဘီး ကိုယ်တော်န ထိုက်ထိုက်တန်တန် သတ်ရှင်ရှော့‑က်လှမ်းနိုင်ဟှို့တွပ် တောန်းလျှော့‑က်ဂေ့ဟှယ်။ 11 နော့‑က်ဘီး နန်းနို့လေဟှာ ကိုယ်တော်ရဲ့ ဖောင်းတဂိုး အာနုဘော်တော်ဟှနေ ဆင်းသတ်လာဟှူ စွမ်းသတ်တိရှိဟှူမျှန အားဖ္လဲ့ဇာခံရဘီး သီးခံရှင်း၊ စိရှယ်ရှင်းန ပ္လဲ့ဝဘီးဟှာ၊ 12 နန်းနို့ဟှို လန်းရောန်နှိုက်ရှိဟှူ သန့်ရှင်းသူလေရဲ့ မွီတော်မာ ပါဝမ်ထိုက်ဟှူသူ ဖြစ်စေတော်မူဟှူ ဖဘုရားသခင်ဟှို ဝန်းသာဟှူ စိန ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါ။[c] 13 ဖဘုရားသခင်ဟှာ နို့လေဟှို မှောန်မိုက်ရဲ့တဂိုးဟှ ကယ်နှုတော်မူဘီးဟှာ သူရှစ်မြတ်နိုးတော်မူဟှူ သားတော်ရဲ့ နိုင်ငံတော်ထဲဟှို ခေါ်သွမ်းတော်မူဟှယ်။ 14 [d]နို့လေဟှာ အယ်သားတော်အားဖြင့် ဝီးနှုရှင်းဖြစ်ဟှူ ပြစ်လေ ခွမ့်လွှတ်ရှင်း ကျေးဇူးဟှို ရရှိဂေ့ဟှယ်။
21 တခီဒူးဟှ နန်းနို့လေဟှာ ဆိုးညစ်ဟှူကျင့်န ကြံစည်လေကြောန့် ဘုရားသခင်န ဝီးကွာဟှားဘီး စိနှလောင်းနှိုက် ရန်သူဖြစ်ဂေ့ဟှယ်။ 22 အယ်ဘေမဲ့ ခုခီမာ သွီးသားနဆိုင်ဟှူ ကိုယ်ခန္ဓာနှိုက် သားတော်ဟှို သေခံစေရှင်းအားဖြင့် ဘုရားသခင်ဟှာ နန်းနို့လေဟှို သူ့န ပ္လန်သင့်မြတ်စေတော်မူဟှယ်။ အယ်မျိုးလောက်ရှင်းအားဖြင့် သန့်ရှင်းဘီး ပြစ်မှေ့ဘဲဟှူ နန်းနို့လေဟှို သူ့ရဲ့ ရှေ့တော်မာ ဆစ်သနိုင်ဟှို့တွပ် ဖြစ်ဟှယ်။ 23 အယ်ဘေမဲ့ နန်းနို့လေဟှာ ကြားနာရဟှူ ကောန်းမြတ်ဟှူ ဒန်းကောန်းရဲ့ မျှော်လင့်ရှင်းဟှနေ ယီးယိုင်သွားဘဲန ခိုင်းခိုင်မားမာ အုပြစ်ခ္လဟှားဟှူ ယောင်ကြည်ရှင်းမာ ဆစ်ဘီးတည်နေရမယ်။ ကောန်းဂန်အော့‑က်ဟှ ဖန်ဆင်းခံလောက တခုလောင်းဟှို ပ္လံ့နှံ့နေဟှူ အယ်မူဒန်းကောန်းဟှို ဟောပြောစေခံနေဟှူ သူဟှာ ငါပေါလုဘဲ့ ဖြစ်ဟှယ်။
- a ၁.၇ ကော ၄.၁၂; ဖိလေ၂၃
- b ၁.၇ နို့လေရဲ့၊ တချို့ မူရင်းလတ်ရေးမူလေမာ နန်းနို့လေ၊ ဆိုဘီး ပါရှိဟှယ်။
- c ၁.၁၂ ဝန်းသာဟှူ စိန ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါ၊ အယ်မျိုးမှုဘဲနေဟှာ စိရှယ်သီးခံဘီး ဝန်းသာဟှူ စိန ချီးမွမ်းဂေ့ပါ။
- d ၁.၁၄ ဧ ၁.၇
- e ၁.၁၈ ဧ ၁.၂၂,၂၃
- f ၁.၂၀ ဧ ၂.၁၆
- g ၁.၂၀ သားတော်ရဲ့ သွီးတော်အားဖြင့်၊ အယ်မျိုးမှုဘဲနေဟှာ သားတော်ရဲ့ ယဇ်ပူဇော်ရှင်းန သေခံရှင်း အားဖြင့်။
Languages