17 “ညီကိုလေ၊ ခု နန်းနိုဟှာ နန်းနို့လေရဲ့ ခေါန်းဆောန်မျိုးဘဲ့ ကိုယ်လောက်ဇာဟှို ကိုယ်သိဘဲန လောက်ဂေ့ကြောန်းဟှို ငါသိဟှယ်။ 18 အယ်ဘေမဲ့ ခရစ်တော်ဟှာ သေခံရဟှို့ကြောန်းဟှို ပရောဖက်လေ ဂူလောင်းဟှို ဘုရားသခင်ဟှ ဗျာဒိတ်ပေးဟှားဟှယ်။ အယ်မျိုး ဖြစ်လာဇာဟှ အယ်ဗျာဒိတ်တော်ဟှို ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်ဟှယ်။ 19 အယ်ကြောန့် ဘုရားသခင်ဟှာ နန်းနို့ ပြစ်လေဟှို လွှတ်ပေးနိုင်ဟှို့တွပ်ကြောန့် နောန်ဒရဘီး ပ္လောန်းလဲဂေ့။ အယ်မျိုးလောက်မယ် ဆိုဟှာ၊ 20 ဘုရားသခင်နားဟှနေ ဝိညာဉ်ခွန်အား ရော့‑က်လာဘီး နန်းနို့တွပ် ဝီးကော့‑က်ဟှားဟှူ မေရှိယဖြစ်ဟှူ ယေရှုဟှို နန်းနို့နားဟှို စေလွှတ်လေ့မယ်။ 21 ရှေးရှေးဟှ သန့်ရှင်းဟှူ ပရောဖက်လေဟှတဆင့် ပေးလိုက်ဟှူ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်နညီ ဂူလောင်းဟှို သစ်ပ္လောန်းလဲဟှားဟှူ ကာလရော့‑က်ခန်ထိ အယ်သခင်ဟှာ ကောန်းဂန်ဘောင်မာ ရှိနေမယ်။ 22 အယ်ကြောန့် မောရှေဟှာ ‘နန်းနို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟှာ ငါ့ဟှို စေလွှတ်မျိုးဘဲ့[b] ပရောဖက်တပါးဟှို နန်းနို့နားဟှို လွှတ်လေ့မယ်။ အယ်သခင်ဟှာ နန်းနို့ရဲ့ ညီကိုလေထဲဟှ ဖြစ်လေ့မယ်။ အယ်သခင် ပြောဇာလေ ဂူလောင်းဟှို နန်းနို့ဟှာ နားထောန်ရဂေ့လေ့မယ်။ 23 အယ်ပရောဖက်ရဲ့ စကားဟှို နားထောန်ဘဲ့ဟှူ လူတိုင်းဟှာ ဘုရားသခင်ရဲ့ လူမျိုးတော်ဟှနေ ဖယ်ရှားဘီး ဖျစ်ဆီးခံရလေ့မယ်’ ဆိုဘီး ပြောဟှယ်။ 24 ရှမွေလဟှနေစဘီး ဗျာဒိတ်တော်အားဖြင့် ဟောပြောဂေ့ဟှူ တခြားပရောဖက်လေဟှ အယ်နေ့ရစ်လေမာ ဖြစ်ပျစ်မယ့် ကြောန်းရာလေဟှို ကြေညာဂေ့ဟှယ်။ 25 ပရောဖက်လေအားဖြင့် ဘုရားသခင်ပေးဟှူ ဂဒိတော်လေဟှာ နန်းနို့တွပ် ဖြစ်ဟှယ်။ နန်းနို့ ဘိုးဘေးလေန ဘုရားသခင် လောက်ဟှားဟှူ ပဋိညာဉ်ဟှလည်း နန်းနို့တွပ် ဖြစ်ဟှယ်။ ဘုရားသခင်ဟှ အာဗြဟံဟှို ‘နန့်ရဲ့ မ္လေးမ္လစ်လေအားဖြင့် လောကသားလေဟှာ ကောန်းဂျီးမင်္ဂလာဟှို ခံစားရလေ့မယ်’ ဆိုဘီး ပြောလေဟှယ်။ 26 အယ်ကြောန့် နန်းနို့ဟှာ ကောန်းဘဲဟှူဇာလေဟှို စွန့်ပစ်ဘီး ကောန်းဂျီးခံစားရဟှို့တွပ် ဘုရားသခင်ဟှာ သူ့ရဲ့ စေခံဟှို နန်းနို့နားဟှို စေလွှတ်လိုက်ဟှယ်” ဆိုဘီး ပြောလေဟှယ်။
<- တမန်တော် 2တမန်တော် 4 ->
Languages