2 သူးနို့ဟှို ယုဒစကားန ပြောနေဟှယ် ဆိုဇာဟှို ကြားရဟှူ ခီမာ သူးနို့ဟှာ ပိုဘီး တိဆိဟှားဂေ့ဟှယ်။
6 “ကျွန်တော်ဟှာ ခရီးသွားရင်းန ဒမာသက်ဗြို့နားဟှို ရော့‑က်ဟှူ ခီမာ မွန်းဒဲ့ခီန ကောန်းဂန်ဟှနေ တော့‑က်ပဟှူ လန်းရောန်တခုဟှာ ရောက်တရစ် ကျွန်တော့်ပတ်လည်မာ ထွန်းတော့‑က်လာဟှယ်။ 7 ကျွန်တော်ဟှာ မ္လေဂီးထတ်ဟှို လဲက္လဟှားဘီး ‘ရှောလု၊ ရှောလု၊ နန်ဟှာ ဖြားဖြစ်ကြောန့် ငါ့ဟှို ညှဉ်းဆဲနူး’ ဆိုဘီး ကျွန်တော့်ဟှို ပြောနေဟှူသံဟှို ကြားရဟှယ်။ 8 ကျွန်တော်ဟှ ‘သခင်၊ ကိုယ်တော်ဟှ ဖယ်သူနူး’ ဆိုဘီး မေးလျှော့‑က်လိုက်ဟှယ်။ ကိုယ်တော်ဟှ ‘ငါဟှာ နန်ညှဉ်းဆဲနေဟှူ နာဇရက်ဗြို့သား ယေရှုဘဲ့ဖြစ်ဟှယ်’ ဆိုဘီး မိန့်တော်မူလေဟှယ်။ 9 ကျွန်တော်နတူးဒူ ရှိနေဂေ့ဟှူ လူလေဟှာ အယ်လန်းရောန်ဟှို ဗြင်ရဂေ့ဘေမဲ့ ကျွန်တော့်ဟှို ပြောနေဟှူသူရဲ့ သံတော်ဟှို ကြားရဂေ့ဟှ။ 10 ကျွန်တော်ဟှ ‘သခင်၊ ကျွန်တော်ဟှာ ဖယ်မျိုးလောက်ရဟှို့နူး’ ဆိုဘီး မေးလျှော့‑က်လိုက်ဟှယ်။ ကိုယ်တော်ဟှ ‘ထဘီးဟှာ ဒမာသက်ဗြို့ဟှို သွားလိုက်။ နန်လောက်ရဟှို့တွပ် သတ်မှတ်ဟှားဟှူဇာလေ ဂူလောင်းဟှို အယ်ဗြို့မာ နန့်ဟှို ငါပြောပြမယ်’ ဆိုဘီး မိန့်တော်မူလေဟှယ်။ 11 ကျွန်တော်ဟှာ တော့‑က်ပဟှူ လန်းရောန်ကြောန့် မျစ်စိကန်းဟှားဘီး ကျွန်တော်နတူးဒူ ရှိနေဂေ့ဟှူ လူလေဟှ ကျွန်တော့်လတ်ဟှို ဆွဲဘီးဟှာ ဒမာသက်ဗြို့ထဲဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။
12 “အယ်ဗြို့မာ အာနနိ နာမယ်ရှိဟှူ လူဟှာ ပညတ်တရားဟှို လိုက်လျှော့‑က်ကျင့်သောင်းဘီး ဘာသာရေးလိုက်စားဟှူ လူလည်းဖြစ်ဟှယ်။ အယ်ဗြို့မာနေဟှူ ယုဒလူလေရဲ့ ချီးကျူးလေးစားခံရဟှူ လူဖြစ်ဟှယ်။ 13 သူဟှာ ကျွန်တော်နားဟှို လာဘီး နီးနားမာ ရပ်ဘီးဟှာ ‘ညီရှောလု၊ မျစ်စိပ္လန်ဗြင်စေ!’ ဆိုဘီး ပြောဟှယ်။ ရှစ်ရှင်းဘဲ့ ကျွန်တော့်ဟှာ မျစ်စိပ္လန်ဗြင်ဟှားဘီး သူ့ဟှို ကေ့လိုက်ဟှယ်။ 14 အာနနိဟှ ‘နန်ဟှာ နို့ဘိုးဘေးလေရဲ့ ဘုရားသခင် လိုတော်ဟှို သိဟှို့တွပ်ရော၊ ကိုယ်တော်ရဲ့ ဖြောန့်မတ်ဟှူ စေခံဟှို ဗြင်ရဟှို့တွပ်ရော၊ အယ်သခင်ရဲ့ နှောက်တော်ဟှနေ သံတော်ဟှို ကြားရဟှို့တွပ်ရော ကိုယ်တော်ဟှာ နန့်ဟှို ဝီးကော့‑က်လိုက်ဟှယ်။ 15 နန်ဟှာခု ဗြင်ရကြားရဇာလေဟှို လူတိုင်းဟှို ပြောဟှို့တွပ် အယ်သခင်ရဲ့ သတ်သေ ဖြစ်ရလေ့မယ်။ 16 ခုနန်ဟှာ ဖြားဖြစ်ကြောန့် ခီဆွဲနေရနူး။ ထဘီးဟှာ ဗတ္တိဇံခံလိုက်။ အယ်ဘီးဟှာ နန့်ရဲ့ ပြစ်လေ လွှတ်ခံရဟှို့တွပ် သခင်ဘုရားရဲ့ နာမတော်န ဆုတောန်းလိုက်’ ဆိုဘီး ပြောဟှယ်။
22 လူလေဟှာ ပေါလုရဲ့ စကားဟှို အယ်မျှထိ နားထောန်ဂေ့ဘီးန “အယ်လူဟှို ကမ္ဘာမ္လေဂီးဟှနေ ဖယ်ရှားလိုက်! သူ့ဟှို သတ်လိုက်! သူဟှာ သတ်ရှင်သင့်ဟှ!” ဆိုဘီး သံက္လယ်ဂီးန အော်ဂေ့ဟှယ်။ 23 သူးနို့ဟှာ အန်းဂီလေဟှိုခါရမ်းဘီး မ္လေမုလေဟှို လေထဲဟှို ပစ်တန်ဘီးဟှာ အော်ဂေ့ဟှယ်။ 24 အယ်ခီမာ ရောမတပ်မှူးဟှာ ပေါလုဟှို ရဲတိုက်ထဲဟှို ခေါ်ဆောန်ဟှားဟှို့တွပ်န လူလေဟှာ ဖြားဖြစ်ကြောန့် သူ့ဟှို ဆန့်ကျင်ဘီး အယ်မျိုး အော်နေဂေ့ဇာဟှို သိရှင်တွပ် သူ့ဟှိုရိုက်ဘီး စစ်ဆေးဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။ 25 သူ့ဟှို ရိုက်ဟှို့တွပ် ကြိုးန တောက်ဂေ့ဟှူ ခီမာ ပေါလုဟှ နီးနားမာရပ်နေဟှူ ရာရှိဟှို “ရောမ နိုင်ငံသားတယော့‑က်ဟှို စစ်ဆေးဘဲန ကီဒန်ပေးဇာဟှာ တရားဥပဒေန ကိုက်ညီဘဲ့လော” ဆိုဘီး မေးဟှယ်။
26 အယ်စကားဟှို ကြားရဟှူ ရာရှိဟှာ တပ်မှူးနားဟှို သွားဘီး “သခင် ဖယ်မျိုးလောက်ဟှို့နူး။ အယ်လူဟှာ ရောမနိုင်ငံသားဖြစ်ဟှယ်!” ဆိုဘီး လျှော့‑က်လိုက်ဟှယ်။
27 အယ်ကြောန့် တပ်မှူးဟှာ ပေါလုနားဟှို လာဘီး “ငါ့ဟှိုပြောပါ။ နန်ဟှာ ရောမနိုင်ငံသားလော” ဆိုဘီး မေးဟှယ်။
28 တပ်မှူးဟှ “ငါဟှာ ကပ်လေဘောင်ဂီး ပေးဘီးမှ ရောမနိုင်ငံသား ခံယူဟှားဟှယ်” ဆိုဘီး ပြောဟှယ်။ ပေါလုဟှ “ငါဟှာ ဇာတိအားဖြင့် ရောမနိုင်ငံသားဖြစ်ဟှယ်” ဆိုဘီး ပ္လန်ပြောဟှယ်။
29 သူ့ဟှို စစ်ဆေးနေဟှူ လူလေဟှာ ရှစ်ရှင်းဘဲ နော့‑က်ဟှို ဆုဟှားဂေ့ဟှယ်။ ပေါလုဟှာ ရောမနိုင်ငံသားဖြစ်ဟှယ် ဆိုဇာဟှိုရော၊ သူ့ဟှို သံကြိုးန ခယ်လိုက်မိဘီ ဆိုဇာဟှိုရော သိဟှားဟှူ ခီမာ တပ်မှူးဟှာ ကြော့‑က်နေဟှယ်။
Languages