3 နန်ဟှာ ယေရှုခရစ်တော်ရဲ့ စစ်သားကောန်းတယော့‑က်ဖြစ်န ငါ့နတူးဒူ ဆင်းရဲဒေါက်ခဟှို သီးခံပါ။ 4 စစ်မှုထမ်းဟှူသူဟှာ ကိုယ့်ဟှို စစ်သားရာမာ ခန့်ဟှားသူ နှစ်သက်အောန် ဆိုဘီး လောကီရေးရာန ရောနှောရှောက်ထွေးဘီး နေတတ်ဟှ။ 5 ဖယ်သူဘဲ့ဖြစ်ဖြစ် အားကစားဗွဲမာ ယှဉ်ပြိုင်မယ် ဆိုဟှာ စည်းမျဉ်းစည်းကမ်းတိုင်း ပြိုင်ဘဲနေဟှာ ဆုရဟှို့ မှုဟှ။ 6 လယ်လောက်ဟှူ သူဟှလည်း ကြိုးစားဘီး ရင်ဦးဆောင်း လောက်ဆောန်ဘီးမှ သီးနှံဟှို ရဟှယ်။ 7 ငါ့စကားဟှို ဆင်ခြင်ပါ။ သခင်ဘုရားဟှာ ရှိမျှဂူလောင်းဟှို နားလည်ဟှူ ဉာဏ်ပညာ နန့်ဟှို ပေးသနားတော်မူလေ့မယ်။
8 ဒါဝိဒ်မျိုးနွယ်ဖြစ်ဟှူ ယေရှုခရစ်တော်ဟှာ ငါဟောပြောဟှူ ဒန်းကောန်းတိုင်း သေရှင်းဟှနေ ထမြော့‑က်တော်မူဟှယ် ဆိုဇာဟှို ဒိရပါ။ 9 ငါဟှာ အယ်မူဒန်းကောန်းတရားကြောန့် လူဆိုးတယော့‑က်ဟှူမျိုး တောက်နှောန်ခံရလော့‑က်ထိ ဆင်းရဲဒေါက်ခဟှို ခံရဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ရဲ့ စကားတော်ဟှာ တောက်နှောန်ရှင်းခံရဇာ မှုဟှ။ 10 အယ်ကြောန့် ဝီးကော့‑က်ခံရဟှူ သူလေဟှာ ယေရှုခရစ်တော်နှိုက် ရှိဟှူ ကယ်တန်ရှင်းဟှို ထာဝရ ဖောင်းသရေတော်နတူးဒူ ရရှိနိုင်ဟှို့တွပ် ငါဟှာ သူးနို့လေတွပ် ရာရာမာ သီးခံပါဟှယ်။ 11 အယ်စကားလေဟှာ သစ်စာစကား ဖြစ်ဟှယ်။
20 ရရာတိုင်း ကီးဟှူ အီမာ ရွှေနလောက်ဟှူ တန်ဆာ၊ ငွေနလောက်ဟှူ တန်ဆာလေဘဲ့ ရှိဟှူဇာ မှုဟှ။ သစ်သားနလောက်ဟှူ တန်ဆာ၊ မ္လေနလောက်ဟှူ တန်ဆာလည်းရှိဟှယ်။ အသရေရှိဟှူ တန်ဆာ၊ အသရေမှေ့ဘဲဟှူ တန်ဆာလည်းရှိဟှယ်။ 21 အယ်မျိုးဖြစ်ကြောန့် ခုဖော်ပြဟှူ ကောန်းဘဲကျင့်လေဟှို ဖယ်ရှားဘီး ကိုယ့်ကိုယ်ကိုယ် စင်ကြယ်စေဟှူ သူဟှာ အသရေရှိဟှူတန်ဆာ၊ သန့်ရှင်းဘီး အီရှင်သောင်းဟှို့ ကောန်းဟှူတန်ဆာ၊ ကောန်းဟှူ ဇာလေတွပ် ပြင်ဆင်ဟှူ တန်ဆာဖြစ်လေ့မယ်။ 22 အယ်ကြောန့် လူငယ်လေရဲ့ တတ်မတ်မှုလေဟှို ရှောန်ဘီး ဖြောန့်မတ်ရှင်း၊ ယောင်ကြည်ရှင်း၊ ရှစ်ရှင်း၊ ငြီသတ်ရှင်းန စင်ကြယ်ဟှူ စိရှိဘီး သခင်ဘုရားဟှို ဆုတောန်းဟှူ သူလေနတူးဒူ သင့်တင့်အောန်နေဟှူ ဇာဟှို မှီအောန်လိုက်ဂေ့ပါ။ 23 မိုက်မဲဘီး ပညာမှေ့ဘဲဟှူ မေးခွန်းလေဟှာ ဂြင်းခူဘီး ရန်များတတ်ဟှူ ဇာဖြစ်ဟှယ် ဆိုဇာဟှို သိမှတ်ဘီး ရှောန်ရှားဂေ့ပါ။ 24 သခင်ဘုရားရဲ့ စေခံဟှာ ရန်ဖြစ်ဟှိရဟှ။ သူဟှာ လူတိုင်းဟှို သနားတတ်ဘီး သီးခံတတ်ဟှူသူ ဖြစ်ရမယ်။ 25 ဆန့်ကျင်ဟှူ သူလေဟှို နူးညံ့သီမွီဟှူစိန ဆောင်းမ သွန်သန်ရမယ်။ အယ်မျိုးပြုဟှယ် ဆိုဟှာ ဘုရားသခင်ဟှာ သူးနို့လေဟှို နောန်ဒရဟှူခွမ့်ဟှို ပေးတော်မူဟှူကြောန့် သူးနို့လေဟှာ သမ္မာတရားဟှို သိလာဘီး 26 မာရ်နတ်ဟှ သူ့လိုတိုင်းပြုဟှို့တွပ် သူးနို့ဟှို ဖမ်းဟှားဟှူလည်းဘဲ့ သူးနို့ဟှာ မာရ်နတ်ရဲ့ ထောန်ချော့‑က်ထဲဟှ လွတ်မြော့‑က်ဘီး ဗြင်မှန်ရကောန်းရလေ့မယ်။
<- ၂ တိမောသေ 1၂ တိမောသေ 3 ->- a ၂.၁၂ မ ၁၀.၃၃; လု ၁၂.၉
Languages