4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ပြစ်မှားဟှူ ကောန်းဂန်တမန်လေဟှို ဗြောဘဲန ငရဲထဲမာ ထီးသီးဟှားဘီး တရားစီရင်ဟှို့တွပ် မှောန်မိုက်ထဲမာ သံကြိုးန ခယ်ဟှားတော်မူလေဟှယ်။[a] 5 ရှေးလောကဓာတ်ဟှိုလည်း ဗြောတော်မူဟှ။ ဖြောန့်မတ်ရှင်းတရားဟှို ဟောဟှူ နောဧန လူခွန်နစ်ယော့‑က်ဟှို ကယ်တန်တော်မူဘီး ဘုရားဟှို ကိုးကွယ်ဘဲဟှူ လောကီသား ဂူလောင်းဟှို ရေလွှမ်းမိုးစေတော်မူဟှယ်။ 6 သောဒုံန ဂေါမောရဗြို့ဟှို ပြစ်ဒန်စီရင်တော်မူဘီး မီးလောန်စေရှင်းအားဖြင့် နော့‑က်တခီမာ တရားဘဲဟှူကျင့်ဟှို ကျင့်ဟှူ သူလေတွပ် ပေါင်သတ်သေဟှို ထားတော်မူလေဟှယ်။ 7 အယ်ခီမာ တရားဘဲဟှူ သူလေရဲ့ ညစ်ညူးဟှူ ကျင့်အားဖြင့် စိနှော့‑က်ယှစ်ခံရဟှူသူ ဖြောန့်မတ်ဟှူ လောတဟှို ကယ်နှုတော်မူဟှယ်။ 8 အယ်ဖြောန့်မတ်ဟှူသူဟှာ တရားဘဲဟှူ သူလေနတူးဒူ နေရဟှူ ခီမာ သူးနို့လေရဲ့ အဓမ္မမှုရာလေဟှို ဗြင်ရကြားရဟှူကြောန့် သူ့ရဲ့ ဖြောန့်မတ်ဟှူ စိဝိညာဉ်မာ ရရာတိုင်း ညှဉ်းဆဲခံရလေဟှယ်။ 9 အယ်ကြောန့် ဘုရားဝတ်မာ မွေ့လျော်ဟှူသူလေဟှို စောင်ဇမ်း နှော့‑က်ယှစ်မှုထဲဟှ ကယ်နှုဟှို့တွပ်န တရားဘဲဟှူ သူလေဟှို တရားစီရင်ဟှူ နေ့ရစ်မာ ပြစ်ဒန်ခံစေဟှို့ ချောက်နှောင်ဟှားဟှို့တွပ် ဘုရားသခင် တတ်နိုင်တော်မူလေဟှယ်။ 10 ထူးသဖြင့် ညစ်ညူးဟှူ တတ်မတ်မှုအားဖြင့် သွီးသားဇာတိ နော့‑က်ဟှို လိုက်ဘီး အာဏာစစ်ဟှို ထီမဲ့မြင်ပြုဟှူ သူလေဟှို အယ်မျိူး ချောက်ဟှားတော်မူလေ့မယ်။
17 အယ်သူလေဟှာ ရေမှေ့ဘဲဟှူ ရေတွမ်းမျိုး၊ လေတိုက်ဟှူကြောန့် လွမ့်ပါဟှားဟှူ မိုးတီမျိုး ဖြစ်ဂေ့ဟှယ်။ သူးနို့လေတွပ် ထာဝရမှောန်မိုက်ဟှို သိုဟှားလေဟှယ်။ 18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ မှားယွင်းမှုထဲမာ ကျင်လည်ဂေ့ဟှူ သူလေထဲဟှ လွတ်မြော့‑က်ခါဇရှိဟှူ သူလေဟှို ဝါကြွားဟှူ ချည်းနှီးစကားလေဟှို သောင်းဘီး သွီးသားဇာတိတတ်မတ်ရှင်း၊ ကာမဂေါင် လိုက်စားရှင်းအားဖြင့် ပြစ်ထဲဟှို သွီးဆောန်တတ်ဂေ့ဟှယ်။ 19 သူးနို့လေဟှာ လွှတ်ရှင်းခွမ့်ရှိဟှယ် ဆိုဘီး ဝန်ခံရဲ့န ကိုယ်ကိုယ်တိုင် ပျစ်စီးမှုရဲ့ ကျေးကျွန်လေ ဖြစ်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူဟှို နိုင်ဟှူဇာဟှာ လူ့ရဲ့သခင် ဖြစ်ဟှယ်။ 20 နို့လေရဲ့ သခင်န ကယ်တန်ရှင်ဖြစ်ဟှူ ယေရှုခရစ်ဟှို သိကျွမ်းရှင်းအားဖြင့် လောကီညစ်ညူးမှုန လွတ်ကင်းဘီးမှ နော့‑က်ထပ်တခါ ထောန်ချော့‑က်မိဘီး ရှောင်းဟှယ် ဆိုဟှာ နော့‑က်ဖြစ်ဟှူဇာဟှာ ရှေ့ဖြစ်ဟှူ ဇာထတ် ပိုဘီး ဆိုးလေဟှယ်။ 21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖြောန့်မတ်ဟှူ လမ်းဟှို သိရဲ့န ကိုယ့်ဟှို ပေးအပ်ဟှားဟှူ သန့်ရှင်းဟှူ ပညတ်တော်ဟှို စွန့်ပစ်ဟှူဇာထတ် အယ်မူတရားလမ်းဟှို သိဘဲနနေရဟှူဇာဟှ ပိုဘီး ကောန်းဟှယ်။ 22 “ခွီးဟှာ ကိုယ့်ရဲ့ အန်ဖတ်ဟှို ပ္လန်စားတတ်ဟှယ်။ ရေချိုးပေးဟှားဟှူ ဝပ်ဟှာလည်း ဇီးဗ္လစ်အိုင်မာ ပ္လန်ဘီး လူးတတ်ဟှယ်” ဆိုဘီး ပြောဟှူ မှန်ဟှူ စကားပေါင်ဟှာ အယ်သူလေအားဖြင့် ပ္လဲ့ဇောင်လေဟှယ်။
<- ၂ ပေတရု 1၂ ပေတရု 3 ->- a ၂.၄ မှောန်မိုက်ထဲမာ သံကြိုးန ခယ်ဟှားတော်မူလေဟှယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ မှောန်မိုက်တွမ်းလေထဲမာ၊ ဆိုဘီး ရှိဟှယ်။
Languages