၂ ယောဟန် ယောဟန်ရဲ့ ဒုတိယပေးစာ နိဒါန်း ယောဟန်ရဲ့ ဒုတိယပေးစာ ဟှာ ခရစ်တော် မွီးဘီးန ၅၀ န ၁၀၀ ခုနှစ်ကြားမာ တမန်တော် ယောဟန်ဟှ ရေးဟှားဟှယ်။ ယောဟန်ဟှာ သူ့ကိုယ်သူ စာရေးသူဖြစ် ဖော်ပြဘဲန သတ်ကီးသူဖြစ် ဖော်ပြဟှားဟှယ်။ ယောဟန်ရဲ့ ဒုတိယပေးစာထဲဟှ ရရာတိုင်း တူဟှူကြောန်းရာလေဟှို ယောဟန်ရေးဟှားဟှူ ခရစ်တော်ရဲ့ ဒန်းကောန်းထဲမာ တွိရဟှယ်။ ရှင်းရှင်းရှစ်ရမယ် ဆိုဘီး ယေရှုရဲ့ ပညတ်ဟှားဟှူဇာန ကိုယ်တော်ရဲ့ ပညတ်တော်ဟှို လိုက်ရှော့‑က်ရှင်းဟှာ ယေရှုဟှို ရှစ်ဟှူဇာ ဖြစ်ဟှယ် ဆိုဇာဟှာ တူးဒူဖြစ်ဟှယ် ဆိုဘီး လေးလေးနတ်နတ်ဟှား ဖော်ပြဟှားဟှယ် (၁.၅–၆; ယော ၁၅.၉–၁၀)။ ယောဟန်ရေးဟှားဟှူ ခရစ်တော်ရဲ့ ဒန်းကောန်းန ယောဟန်ရဲ့ ပထမ၊ ဒုတိယ၊ တတိယ ပေးစာလေဟှို ဧဖက်ဗြို့မာ နေနေဒူးမာ ယောဟန်ရေးဟှားဟှယ် ဆိုဘီး လတ်ခံဟှားဂေ့ဟှယ်။ ယောဟန်ဟှာ အယ်ပေးစာဟှို ဝီးကော့‑က်ခံရဟှူ မီးမန သူ့သားမီးလေဟှို ရေးဟှားဟှယ်။ သူဟှာ သင်းတော်တပါးဟှို ရည်ညွန်းဟှားလေဟှယ်။ အယ်ပေးစာရဲ့ ရည်ရွယ်ချစ်ဟှာ သင်းတော်ဟှို အားပေးဟှို့န ဆရာတုယောန်လေအားဖြင့် လမ်းလွဲဘဲအောန် ဒိပေးဟှို့တွပ် ဖြစ်ဟှယ်။ ကြောန်းရာ ကျဉ်းချောက် ၁။ ယောဟန်ဟှာ အယ်ပေးစာဟှို ဖယ်လူတွပ် ဖြစ်ဟှယ် ဆိုဇာဟှို ပြောရင်းန မိတ်ဆစ်ဟှားဘီး ပေးစာလတ်ခံရရှိဟှူ လူလေဟှို နှောက်ဆစ်ဟှားဟှူကြောန်း (၁.၁–၃) ၂။ သူဟှာ သင်းတော်ဟှို အားပေးဘီးန ကီးမြတ်ဟှူ စေခိုင်းချစ်ဟှို မေ့ဘဲနေအောန် ပ္လန်ဘီး ဒိပေးဟှားဟှူကြောန်း (၁.၄–၆) ၃။ သူဟှာ ဆရာတုယောန်လေအားဖြင့် လမ်းလွဲဘဲအောန် ဒိပေးဟှားဟှူကြောန်း (၁.၇–၁၁) ၄။ ယောဟန်ဟှာ သူ့ပေးစာဟှို သူ့ရဲ့ သင်းသားလေနားဟှနေ သယ်ဆောန်လာဟှူ နှောက်ဆစ်စကားလေန နိဂေါင်းချောက်ဟှားဟှူကြောန်း (၁.၁၂–၁၃)
7 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူသားဖြစ်န ကြွလာတော်မူဟှူ ယေရှုခရစ်တော်ဟှို ငြင်းပယ်ဘီး လှည့်ဇားတတ်ဟှူ လူလေဟှာ အယ်လောကမာ ပေါ်လာဂေ့ဘီ။ အယ်လူဟှာ လှည့်ဇားဟှူ လူဖြစ်ဘီး ခရစ်တော်ဟှို ဆန့်ကျင်ဟှူ ခရစ်တော်ရဲ့ ရန်သူလည်း ဖြစ်ဟှယ်။ 8 နို့လေ[c]ဟှာ ကိုယ်ပြုစုဟှူ ဇာလေဟှို ပျော့‑က်ပျစ်ဘဲန စောင်လင်ဟှူ ကျိုးဟှို ရဟှို့တွပ် နန်းနို့လေ ကိုယ့်ကိုယ်ကိုယ် ဒိပြုဘီး စောန့်ရှော့‑က်ဂေ့ပါ။
9 ခရစ်တော်ရဲ့ တရားတော်နတည်ဘဲ လွန်ကြူးဟှူလူ ဆိုဟှာ ဘုရားသခင်ဟှို ရဟှ။ ခရစ်တော်ရဲ့ တရားတော်မာ တည်ဟှူလူ ဆိုဟှာ ဖန သားတော်ဟှို ရဟှယ်။ 10 အယ်ဒေသနာတော် ပါဘဲသူဟှာ နန်းနို့နားဟှို လာဟှယ် ဆိုဟှာ သူ့ဟှို နန်းနို့အီမာ လတ်ခံဂေ့န။ မင်္ဂလာပါ ဆိုဘီးလည်း နှောက်ဆစ်ဂေ့န။ 11 မင်္ဂလာပါ ဆိုဘီး အယ်လူဟှို နှောက်ဆစ်ဟှယ် ဆိုဟှာ သူ့ရဲ့ ဆိုးရောက်ဟှူ ကျင့်လေန ဆစ်ဆံရာရော့‑က်ဟှယ်။
13 ဝီးကော့‑က်ခံရဟှူ နန့်ညီမရဲ့ သားမီးလေ [d]ဟှာ နန့်ဟှို နှောက်ဆစ်ဂေ့ပါဟှယ်။
Languages