7 နန်းနို့ဟှာ ပ္လန်ဟှ လတ်ခဏာလေဟှိုဘဲ့ ကေ့ဂေ့ဟှယ်။ နန်းနို့လေမျှမှုဘဲန တခြားသူလေဟှလည်း ခရစ်တော်ဟှို အားကိုးဟှယ် ဆိုဘီး စိထန်ဟှူလူ ရှိဟှယ် ဆိုဟှာ အယ်လူဟှာ ခရစ်တော်ရဲ့ တဗဲ့ဖြစ်မျိုး နို့လေဟှလည်း ခရစ်တော်ရဲ့ တဗဲ့လေ ဖြစ်ဟှယ် ဆိုဇာဟှို စဉ်းစားသင့်ဟှယ်။ 8 ငါဟှာ သခင်ဘုရားပေးဟှားဟှူ ခွမ့်အာဏာန ပတ်သတ်ဘီး ရရာတိုင်း ကြွားမိမယ် ဆိုဟှာ ယှစ်ဟှ။ အယ်ခွမ့်အာဏာဟှာ နန်းနို့ဟှို ဖျစ်ဆီးဟှို့တွပ် မှုဟှ။ တည်ဆော့‑က်ပေးဟှို့တွပ်ဘဲ့ ဖြစ်ဟှယ်။ 9 ငါရေးလိုက်ဟှူ စာလေဟှာ နန်းနို့ဟှို ချီးချော့‑က်နေဟှယ် ဆိုဘီး ထန်ဂေ့န။ 10 “ပေါလုရဲ့ စာလေဟှာ ပြင်းထန်ဘီးဟှာ လေးနတ်ဟှူ စာလေဖြစ်ဘေမဲ့ လူကိုယ်တိုင် တွိရဟှူ ခီမာ သတ်တိမှေ့ဘဲဟှူလူ၊ ဟောပြောဇာလေဟှ ထန်ကီးဇာ ကောန်းဘဲ့ဟှူလူဖြစ်ဟှယ်” ဆိုဘီး ပြောဟှူလူ ရှိဟှယ်။ 11 နို့လေဟှာ ဝီးမာရှိနေဟှူ ခီမာ စာရေးဘီးပြောလိုက်ဟှူတိုင်းဘဲ့ လူကိုယ်တိုင် ရော့‑က်လာဟှူ ခီမာ လောက်ဆောန်ကြောန်းဟှို အယ်လူလေဟှို သိပေးလိုက်ဟှယ်။
12 ကိုယ့်ကိုယ်ကိုယ် ချီးမြှော‑က်ဘီးပြောနေဟှူ လူလေထဲမာ နို့လေပါဟှ။ နန်းနို့နလည်း နှိုင်းရှင်ဟှ။ ကိုယ့်ကိုယ်ကိုယ်ဘဲ့ နမူနာထားဘီးဟှာ ဆောင်းဖြတ်ဟှူလူဟှာ ရရာတိုင်း မိုက်ဟှူလူ ဖြစ်ဟှယ်။ 13 နို့လေဟှ ဝါကြွားရှင်ဟှူ တိုင်းတာထတ် ကျော်ဘီးဟှာ ကြွားဟှို့မှုဟှ။ နန်းနို့မာ နို့လေ လောက်ဟှူလောက်ငန်းဟှို လောက်ဆောန်ဟှို့တွပ် ဘုရားသခင် ကိုယ်တိုင်ဘဲ့ သတ်မှတ်ပေးဟှားဟှူ လောက်ငန်းထဲမာဘဲ့ နို့လေဟှာ ကြွားဂေ့ဟှယ် 14 နန်းနို့ဟှာ နို့လေတွပ် ဘုရားသခင် သတ်မှတ်ပေးဟှားဟှူ လောက်ငန်းထဲမာ ပါဝမ်ဟှူကြောန့် နို့လေဟှာ ခရစ်တော်ကြောန်းဖြစ်ဟှူ ဒန်းကောန်းဟှို နန်းနို့နားဟှို ယူဆောန်လာရဟှယ်။ 15 အယ်ကြောန့် နို့လေဟှာ ဘုရားသခင် သတ်မှတ်ပေးဟှာဟှူ လောက်ငန်းဟှနေ လွှဲဘီးဟှာ တခြားသူလေရဲ့ လောက်ဆောန်ဇာန ဂေါင်ယူဘီး ကြွားဟှ။ နန်းနို့လေရဲ့ ယောင်ကြည်ရှင်းပါရမီဟှို ရင်းဘီးဟှာ နို့လေတွပ် ဘုရားသခင်ဟှ သတ်မှတ်ပေးဟှားဟှူ နယ်ပယ်ဖြစ်ဟှူ နန်းနို့နားမာ မှုတော်ဟှို ပိုဘီး ဟှာ လောက်နိုင်ဟှို့တွပ် မျှော်လင့်ဟှယ်။ 16 အယ်ဘီးန နို့လေဟှာ နန်းနို့ရဲ့ ဒေသဟှို ကျော်ဘီးဟှာ တခြားဒေသလေမာ သခင်ယေရှုကြောန်းဖြစ်ဟှူ ဒန်းကောန်းဟှို ဟောပြောကြေညာ နိုင်ဟှူကြောန့် တခြားသူလေရဲ့ နယ်ပယ်ထဲမာ ပီအောန်လောက်ဟှူ ဇာလေတွပ် နို့လေဟှ ဂေါင်ယူဘီး ကြွားဇာလိုဟှမ်း။
17 အယ်ဘေမဲ့ ကျမ်းစာဟှ “ဝါကြားဟှူသူဟှာ ဘုရားသခင်အားဖြင့်ဘဲ့ ဝါကြွားပါစေ” ဆိုဘီး ပြောဟှားဟှယ်။ 18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သခင်ဘုရား နှစ်သက်ဟှူဇာဟှ ကိုယ့်ကိုယ်ကိုယ် ချီးမြှော‑က်လူ မှုဟှ။ ကိုယ်တော်ရဲ့ ချီးမြှော‑က်ခံရဟှူ လူဘဲ့ဖြစ်ဟှယ်။
<- ၂ ကောရိန္သု 9၂ ကောရိန္သု 11 ->
Languages