၂ ကောရိန္သု ကောရိန္သု သင်းတော်ဟှို ပေါလုရဲ့ ဒုတိယပေးစာ နိဒါန်း ကောရိန္သုသင်းတော်ဟှို ပေါလုရဲ့ ဒုတိယပေးစာ ဟှာ ခရစ်တော် မွီးဘီးန ၅၅–၅၆ ခုနှစ်လော့‑က်မာ တမန်တော်ပေါလုဟှ ရေးဟှားလေဟှယ် (၁.၁)။ အယ်စာဟှာ ကောရိန့်ဗြို့မာရှိဟှူ သင်းတော်ဟှို ပေါလုရေးဟှားဟှူ ပေးစာနှေ့စောန်ထဲဟှ ဒုတိယပေးစာ ဖြစ်ဟှယ်။ ပေါလုဟှာ ကောရိန္သု သင်းတော်ဟှို ရရာတိုင်း ကြမ်းထန်ဟှူ စာဟှို ရေးဟှားဟှယ် ဆိုဘီး ကျမ်းစာပညာရှင်လေဟှ ယောင်ကြည်လေဟှယ်။ ကျွန်တော်ဟှားလေထဲဟှ ၂.၃–၄ သူရည်ညွန်ဟှားဟှူ အယ်စာရဲ့ မိတ္တူလေဟှာ မှေ့ဟှမ်း။ ကောရိန္သု သင်းတော်ဟှို ပေါလုရဲ့ ဒုတိယပေးစာဟှာ မာကေဒေါနိပြည်မာ ပေါလုရှိနေခီဒူးဟှ ရေးဟှားဇာ ဖြစ်နိုင်ဟှယ် (၂.၁၃)။ ကောရိန္သု ဒုတိယပေးစာဟှာ ပေါက်ကိုရေးဆန်ဘီး စိခံစားချစ်န ရေးဟှားဟှူ တခုဒဲဟှူ ပေးစာဖြစ်ဟှယ်။ ပေါလုဟှာ ကောရိန့်ဗြို့ဟှ သင်းတော်ရဲ့ ကောန်းဟှူဒန်းဟှို တိတုနားဟှနေ ကြားရဟှူကြောန့် ဝန်းသာကြောန်းဟှို ဖော်ပြဟှားဟှယ်။ ပေါလုဟှာ ယုဒပြည်ဟှ ယောင်ကြည်သူလေဟှို ကူညီမဇဟှို့တွပ် ကပ်လေကော့‑က်ဟှို့ ညွန်ကြားချစ် ပေးဟှားဟှူကြောန့် ဓမ္မသစ်ကျမ်းဟှနေ ပေးကမ်းဇာနဆိုင်ဟှူ ကြောန်းရာဟှို သေးစိသွန်သန်ဟှားဇာဟှို တွိရဟှယ် (၂ ကော ၈—၉)။ အယ်ပေးစာဟှာ ပေါလုဟှို ဆန့်ကျင်ဟှူ သင်းတော်ထဲဟှ လူတချို့ဟှို သင်းတော်ပ္လန်ဟှ တမန်တော်တုယောန်တချို့ဟှ သောင်းခ္လနေဟှယ် ဆိုဘီး ထန်ရဟှယ်။ အယ်လူလေဟှာ ပေါလုရဲ့ ခွမ့်အာဏာဟှို သံသယရှိဂေ့ဟှယ်။ အယ်ကြောန့် ကောရိန္သု ဒုတိယပေးစာရဲ့ ဆောင်းထိအောန် ယေရှုရဲ့ တမန်တော် တပါးဖြစ်ဟှူကြောန်း သူ့ရဲ့ ခွမ့်အာဏာဟှို ခိုင်းခိုင်မားမာဟှား ဖော်ပြဟှားဟှယ်။ ကြောန်းရာ ကျဉ်းချောက် ၁။ ပေါလုဟှာ သင်းတော်ဟှို နှောက်ဆစ်ဇာန သူ့ပေးစာဟှို နိဒါန်းပျိုးဟှားဟှူကြောန်း (၁.၁–၇) ၂။ ပေါလုဟှာ သူ့ခရီးစဉ် ပ္လောန်းလိုက်ဟှူ ကြောန်းန သူ့ရဲ့ ပထမပေးစာဟှို သူးနို့ရဲ့ တုံ့ပ္လန်ချစ်ဟှိုလည်း လတ်ခံရရှိဟှယ် ဆိုဘီး ပြောပြဟှားဟှူကြောန်း (၁.၈—၇.၁၆) ၃။ ပေါလုဟှာ ယုဒပြည်ဟှ ယောင်ကြည်သူလေတွပ် ကပ်လေကော့‑က်ဟှို့ ညွန်ကြားချစ် ပေးဟှားဟှူကြောန်း (၈.၁—၉.၁၅) ၄။ ပေါလုဟှာ သူ့ရဲ့ တမန်တော် ရိုက်ရာတွပ် ကာကွယ်ဟှားကြောန်းန သူ့ရဲ့ နော့‑က်ထပ် ခရီးစဉ်ကြောန်းဟှို ဒိပေးဇာန နိဂေါန်းချောက်ဟှားဟှူကြောန်း (၁၀.၁—၁၃.၁၀)
8 [b]ညီကို မောန်နှမလေ၊ အာရှိပြည်မာ နို့လေခံရဟှူ ဆင်းရဲဒေါက်ခ ကြောန်းလေဟှို နန်းနို့လေဟှို သိဘဲန နေစေရှင်ဟှ။ နို့လေဟှာ ကိုယ့်ရဲ့ ခံနိုင်ဟှူစွမ်းရည်ထတ် ပိုဘီး ဟှာ ရရာတိုင်းကီးဟှူ ဆင်းရဲဒေါက်ခဟှို ခံရဟှူကြောန့် သတ်ရှင်ဟှို့တွပ် မျှော်လင့်ချစ် မှေ့ဂေ့ဟှမ်း။ 9 နို့လေဟှာ သေဒန်စီရင်ခံရဟှူ လူလေဖြစ်ဟှယ် ဆိုဘီး ကိုယ့်ကိုယ်ကိုယ် ထန်မှတ်ဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်မျိုးဖြစ်ပျစ်ဇာဟှာ နို့လေဟှာ ကိုယ့်ကိုယ်ကိုယ် အားကိုးဘဲန သေဟှားဟှူ လူလေဟှို ရှင်ပ္လန်ထမြော့‑က်စေဟှူ ဘုရားသခင်ဟှို အားကိုးဂေ့ဟှို့တွပ် ဖြစ်ဟှယ်။ 10 ကိုယ်တော်ဟှာ အယ်မျိုး ကြော့‑က်ဇာကောန်းဟှူ သေဘေး [c] ဟှနေဘီး နို့လေဟှို ကယ်တန်လိုက်ဟှယ်။ ကိုယ်တော်ဟှာ နို့လေဟှို နော့‑က်တခါလည်း ကယ်တန်မယ် ဆိုဇာဟှို နို့လေဟှာ ကိုယ်တော့်ဟှို မျှော်လင့်ဟှူကြောန့်၊ 11 ဘုရားသခင်ဟှာ နန်းနို့ တောန်းလျှော့‑က်ဘီး ဆုတောန်းဇာလေဟှို နားထောန်ဘီး နို့လေဟှို ကောန်းဂျီးပေးလေ့မယ်။ လူလေဘောင်ဂီးဟှလည်း နို့လေတွပ် ကျေးဇူးတော် ချီးမွမ်းဂေ့လေ့မယ်။
15 အယ်မျိုး စိခ္လကြောန့် နန်းနို့ဟှာ ကျေးဇူးတော်ဟှို နှေ့ထပ်ကွမ်း ခံစားရစေဟှို့တွပ် နန်းနို့နားဟှို ဦးဆောင်းလာရှင်ဟှယ်။ 16 [e]အယ်ကြောန့် မာကေဒေါနိပြည်ဟှို သွားဟှူ ခီမာလည်း တခါ၊ အယ်ပြည်ဟှနေဘီး ပ္လန်လာဟှူ ခီမာလည်း တခါ နန်းနို့နားဟှို ဝမ်ဘီးန ယုဒပြည်ဟှို သွားနိုင်ဟှို့တွပ် နန်းနို့နားမာ ကူညီတောန်းဟှို့ ကြံရှိဟှယ်။ 17 အယ်မျိုး ကြံစည်ဇာဟှာ ငါမာ စိနှေ့ခွရှိနေကြောန့်လော။ ငါဟှာ ကြံစည်ဘီး ဆောင်းဖြတ်ဟှူ ခီမာလည်း တကိုယ်ကောန်း သဘောန ဆောင်းဖြတ်နေလော။ တခီထဲမာဘဲ့ ဟောက်မှန်ဟှယ် ဆိုဇာရော၊ ဟောက်မှန်ဟှ ဆိုဇာရော စကားဟှာ နှေ့ခွဖြစ်နေလော 18 ဘုရားသခင်ဟှာ သစ်စာန ပ္လဲ့ဇောင်ဟှူမျိုးဘဲ့ နို့လေပြောဟှူ စကားဟှလည်းနှေ့ခွ မှုဟှ။ 19 [f] သိလွာနု၊ တိမောသေန ငါအားဖြင့် နန်းနို့ထဲမာ ဟောပြောဟှားဟှူ ဘုရားသခင်ရဲ့ သားတော် ယေရှုခရစ်ဟှာ “ဟောက်မှန်ဟှယ်” “ဟောက်မှန်ဟှ” ဆိုဇာဟှာ မှေ့ဟှ။ အယ်ဘေမဲ့ ကိုယ်တော်နှိုက် မြဲဒမ်း “ဟောက်မှန်ဟှယ်” ဆိုဇာဘဲ့ ရှိဟှယ်။ 20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ ဂဒိတော်လေ ဂူလောင်းဟှာ ခရစ်တော်နှိုက် “ဟောက်မှန်ဟှယ်။” အယ်ကြောန့် နန်းနို့လေဟှာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ချီးမြှော့‑က်ဟှို့တွပ် ကိုယ်တော်အားဖြင့် “အာမင်” ဆိုဘီး ပြောဂေ့ဟှယ်။ 21 နန်းနို့န နို့လေဟှို ခရစ်တော်န တလောင်းတဝဒဲ့ ဖြစ်စေဘီး ဘိသိပေးသူဟှာ ဘုရားသခင် ကိုယ်တိုင်ဘဲ့ ဖြစ်ဟှယ်။ 22 သူ့ရဲ့ လူစုဝမ်လေဟှို တဇိခတ်လိုက်ဘီး၊ လာဟှို့ နာဂတ်ကာလမာ နို့လေတွပ် အာမခံချစ်ဖြစ် ဘုရားသခင်ဟှာ နို့လေရဲ့ စိနှလောင်းထဲမာ သန်းရှင်းဟှူဝိညာဉ်တော်ဟှို ထဲ့ဟှားဟှယ်။
23 ကောရိန့်ဗြို့ဟှို လာဘဲဟှို့တွပ် ဆောင်ဖြတ်ဇာဟှာ နန်းနို့ဟှို ညှာတာဟှူကြောန့် ဖြစ်ဟှယ် ဆိုဇာဟှို ဘုရားသခင်ဟှာ ငါ့ရဲ့ သတ်သေဖြစ်ဟှယ်။ 24 နန်းနို့ဟှာ ဖြားဇာဟှို ယောင်ကြည်ရမယ်နူး၊ ဆိုဘီး နန်းနို့ဟှို မိန့်ပေးဟှို့တွပ် ငါဟှာ ကြိုးစားနေဇာ မှုဟှ။ နန်းနို့ရဲ့ ယောင်ကြည်ရှင်းဟှာ ခိုင်မာနေဇာဟှို နို့လေ သိဂေ့ဟှယ်။ အယ်ကြောန့် နို့လေဟှာ နန်းနို့လေဟှာ ရွှင်လန်းဘီး ဝန်းသာနေဟှို့တွပ် နန်းနို့လေရဲ့ လောက်ဖော်ဆောန်ဖတ်လေဘဲ့ ဖြစ်ဟှယ်။
၂ ကောရိန္သု 2 ->
Languages