1 ဘုရားသခင်ရဲ့ နာမတော်န တရားတော်ဟှို ကဲ့ရဲ့ခံရဘဲနေအောန် စေခံဟှူ ကျွန်ထမ်းဘိုးအော့‑က်မာ ရှိဟှူသူလေဟှာ ကိုယ့်ရဲ့ သခင်လေဟှို ပ္လဲ့ပ္လဲ့ဝဝ ရိုသေထိုက်ဟှူသူ ဖြစ်ဟှယ် ဆိုဘီး မှတ်ယူဂေ့ပါ။ 2 ကိုယ့်ရဲ့သခင်ဟှာ ယောင်ကြည်သူ ဖြစ်ဟှယ် ဆိုဟှာ သူးနို့လေဟှာ ညီကို မောန်နှမလေဘဲ့ ဖြစ်ဟှယ် ဆိုဘီး ထီမဲ့မြင်လောက်ဘဲန ပိုကောန်းအောန် စေခံဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းကောန်းစေခံရှင်းရဲ့ကျိုးဟှို ခံစားရဟှူသူဟှာ ကိုယ်ရှစ်ရဟှူ ယောင်ကြည်သူလေ ဖြစ်ဟှူကြောန့် ဖြစ်ဟှယ်။ နန်ဟှာ အယ်မူဇာလေဟှို သွန်သန်ဘီး တိုက်တွန်းနှိုးဆော်ပါ။
6 ရောင့်ရဲဟှူစိ ရှိမယ် ဆိုဟှာ ဘုရားဝတ်မာ မွေ့လျော်ရှင်းဟှ ကီးမားဟှူ ကျိုးစီးပွားဘဲ့ ဖြစ်ဟှယ်။ 7 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ အယ်လောကထဲဟှို ဖယ်ဇာဟှိုလည်း ယူလာဟှို့ရဘဲဟှူမျိုး ထွပ်ဟှူ ခီမာလည်း ဖယ်ဇာဟှိုလည်း ယူဟှားနိုင်ဂေ့ဟှ။ 8 အယ်မျိုးဖြစ်ကြောန့် နို့လေဟှာ စားဇာန ဝတ်ဇာရှိဟှယ် ဆိုဟှာ ရှိဟှို့မျှန ကျေနပ်ရောင့်ရဲဂေ့ဇို့။ 9 ကြွယ်ဝရှင်ဟှူ သူလေဟှာ ပြစ်သွီးဆောန်ရှင်းဟှို ခံရဘီး မိုက်မဲဖျစ်ဆီးတတ်ဟှူ တတ်မတ်မှုလေရဲ့ ထောန်ချော့‑က်ထဲဟှို က္လရော့‑က်တတ်ဂေ့ဟှယ်။ အယ်မျိုးအားဖြင့် လူလေဟှာ ကျိုးနဲရှင်းလေ၊ ပျစ်စီးရှင်းလေနဘဲ့ နစ်မွန်းတတ်ဂေ့ဟှယ်။ 10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကပ်မတ်ရှင်းဟှာ ကောန်းဘဲဇာလေ ဂူလောင်းရဲ့ ရင်းမြစ်ဖြစ်ဟှယ်။ လူတချို့ဟှာ ကပ်ဟှို မတ်ဂေ့ဟှူကြောန့် ယောင်ကြည်ရှင်း လမ်းဟှနေ လွဲဟှားဘီး ပူပန်ရှင်း ဝေဒနာလေန ကိုယ့်ကိုယ်ကိုယ် ထိုးဖော့‑က်ဘီး နာကျင်စေဂေ့ဘီ။
17 အယ်လောကမာ ကပ်ပေါဟှူ သူလေဟှာ မာန်မာနစိန ကင်းလွတ်ဘီး မြဲဘဲဟှူ စည်းဇိမ် အောက်စာလေဟှို ကိုးစားဘဲန နို့လေခံစားဟှို့တွပ် ရှိမျှဂူလောင်းဟှို ကြွယ်ကြွယ်ဝဝ ပေးသနားတော်မူဟှူ သတ်ရှင်တော်မူဟှူ ဘုရားသခင်ဟှို မျှော်လင့်ကိုးစားရဟှို့ ကြောန်းန၊ 18 သူတပါးဟှို ကောန်းဟှူမှုဟှို ပြုဘီး ကောန်းဟှူ ကျင့်လေဟှို ကျင့်ရှင်းအားဖြင့် ကြွယ်ကြွယ်ဝဝ ရစ်ရစ်ရောရော ဝီငှပေးကမ်းတတ်ဟှို့တွပ် သူးနို့လေဟှို ဆောန်းမသွန်သန်ပါ။ 19 အယ်နည်းအားဖြင့် သူးနို့လေဟှာ နော့‑က်ဘဝတွပ် ခိုင်ခံ့ဟှူ အုပြစ်ဖြစ်ဟှူ ဘဏ္ဍာဟှို စုဆောန်းရာ ရော့‑က်ဘီး စစ်မှန်ဟှူ သတ်ဟှို ရလေ့မယ်။
20 အို၊ တိမောသေ၊ နန့်မာ ငါအပ်ပေးဟှားဟှူ ရာဟှို စောန့်ရှော့‑က်ပါ။ ဘုရားတရားန ဆိုင်ဘဲ ကျိုးမှေ့ဘဲဟှူ စကားလေန သိပညာဆိုဘီး မှားယွင်းဘီးခေါ်ဟှူ ကွဲလွဲဆန့်ကျင်ဟှူ ရာလေဟှို ရှောန်ရှားပါ။ 21 တချို့လူလေဟှာ သိပညာဟှို ဝန်ခံ ပြုစုရှင်းအားဖြင့် ယောင်ကြည်ရှင်း တရားလမ်းဟှနေ လွဲဟှားဂေ့ဘီ။
Languages