6 အယ်ကြောန်းရာလေဟှို ညီကို မောန်နှမလေဟှို ကြားပြောမယ် ဆိုဟှာ နန်ဟှာ ကိုယ်လိုက်နာဟှူ ယောင်ကြည်ရှင်းန မှန်ကန်ဟှူ ယူဝါဒရဲ့ ပြုစုပျိုးထောန်ဇာခံရဟှူ ယေရှုခရစ်တော်ရဲ့ စေခံကောန်းတယော့‑က် ဖြစ်လေ့မယ်။
7 အယ်ဘေမဲ့ မီးမအိုပြောတတ်ဟှူ၊ တရားမှေ့ဘဲဟှူ ဒဏ္ဍာရီစကားလေဟှို ရှောန်ရှားဘီး ဘုရားဝတ်မာ ပျော်မွေ့ရှင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပေးပါ။
8 ကိုယ်ကာယနဆိုင်ဟှူ လေ့ကျင့်မှုဟှာ ကျိုးနဲနဲဟှားဘဲ့ ရဟှူလည်းဘဲ့ ဘုရားဝတ်န မွေ့လျော်ရှင်းဟှ ခုဘဝ၊ နော့‑က်ဘဝန စပ်ဆိုင်ဇာဟှူ ဂဒိတော်ဟှို ခံစားရဟှယ်။
9 အယ်မူစကားဟှာ သစ်စာစကားဖြစ်ဘီး ကြွင်းမဲ့ယောင်ကြည်ထိုက်ဟှူ စကားလည်းဖြစ်ဟှယ်။
10 အယ်ကြောန့် နို့လေဟှာ အယ်မူကျိုးဟှို မျှော်လင့်ဟှူကြောန့် ကြိုးစားအားထုဘီး
[a] လောက်ဆောန်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေ ဂူလောင်းရဲ့ ကယ်တန်ရှင် ထူးသဖြင့် ယောင်ကြည်သူလေရဲ့ ကယ်တန်ရှင်ဖြစ်ဟှူ၊ သတ်ရှင်တော်မူဟှူ ဘုရားသခင်ဟှို နို့လေ ကိုးစားဟှူကြောန့် ဖြစ်ဟှယ်။
11 အယ်မူဇာလေဟှို ညွှန်ကြားဘီး ဆောန်းမဩဝါဒပေးပါ။ 12 နန့်ရဲ့ သတ်ရွယ်နုပျိုဟှူ ဇာဟှို ဖယ်သူဟှလည်း ထီမဲ့မြင်ပြုစေန။ စကားပြောဆိုဟှူဇာ၊ ကျင့်ကြံနေထိုင်ဟှူဇာ၊ သူတပါးဟှို ရှစ်ဟှူဇာ၊ ဝိညာဉ်သဘောရှိဟှူဇာ၊ သစ်စာစောန့်ဟှူ ဇာလေန သန့်ရှင်းဟှူ ဇာလေဟှို ယောင်ကြည်သူလေရှေ့မာ ပေါင်သတ်သေဖြစ်စေပါ။ 13 ငါလာဟှူ ခီထိ ကျမ်းစာဖတ်ရှင်း၊ တိုက်တွန်း သွီးဆောန်ရှင်း၊ ဆောန်းမ ဩဝါဒပေးရှင်းလေဟှို ကြိုးစားဘီး လောက်ဆောန်ပါ။ 14 သင်းတော်ကြီးကဲလေဟှ လတ်တန်မင်္ဂလာပေးဘီး ပရောဖက်ပြု ဟောပြောဟှူဇာအားဖြင့် နန့်ဟှို ပေးအပ်ဟှားဟှူ ဆုကျေးဇူးလေဟှို လျစ်လျှူရှုန။ 15 နန့်ရဲ့ တိုးတတ်မှုဟှာ လူလေရှေ့မာ ထန်ရှားဟှို့တွပ် အယ်မူ မှုရာလေဟှို စိစွဲလန်းဘီး ကြိုးစားအားထုပါ။ 16 ကိုယ့်ရဲ့ ဆောန်းမဩဝါဒန ကိုယ့်ကိုယ်ကိုယ် ဒိပြုဘီး မြဲတည်အောန်နေပါ။ အယ်မျိုးပြုဟှယ် ဆိုဟှာ နန့်ကိုယ်နန်လည်း ကယ်တန်ဘီး နားထောန်ဟှူ သူလေဟှိုလည်း ကယ်တန်လေ့မယ်။
<- ၁ တိမောသေ 3၁ တိမောသေ 5 ->
- a ၄.၁၀ ကြိုးစားအားထုဘီး၊ တချို့ မူရင်းလတ်ရေးမူလေမာ ပုတ်ခတ်ပြောဆိုဂေ့ဟှယ်၊ ဆိုဘီး ပါရှိဟှယ်။