၁ တိမောသေ တိမောသေဟှို ပေါလုရဲ့ ပထမပေးစာ နိဒါန်း တိမောသေဟှို ပေါလုရဲ့ ပထမပေးစာ ဟှာ တမန်တော် ပေါလုဟှနေ သူ့တဗဲ့ တိမောသေဟှို ရေးဟှားဟှူ ပေးစာဖြစ်ဟှယ်။ တိမောသေဟှနေ ပထမပေးစာဟှာ ခရစ်တော် မွီးဘီးန ၆၂-၆၄ ခုနှစ်လော့‑က်ဟှ ရေးဟှားဇာ ဖြစ်နိုင်ဟှယ်။ အယ်ပေးစာဟှာ ပေါလုရဲ့ ဘဝနိဂေါင်းချောက် ခါနီးမာ ရေးဟှားလေဟှယ်။ ပေါလုဟှာ တိမောသေန ရင်းနှီးဟှူ ပေါန်းသင်းဆစ်ဆံမှုရှိဘီး သူ့ဟှိုလည်း သားတယော့‑က်ဖြစ် ခါဘီးခါ ရည်ညွှန်းဟှားလေဟှယ် (ဖိ ၂.၂၂; ၁ တိ ၁.၂; ၁.၁၈)။ အယ်ပေးစာဟှာ သင်းတော်ဟှို လိစာတပ်ဘဲန လူပေါက်ကိုဟှို လိစာတပ်ဟှားဘီး ပေါလုဟှနေ ပေးဟှားဟှူ ပေးစာလေးစောန်ထဲဟှ တစောန်ဖြစ်ဟှယ်။ တခြားပေးစာ သောင်းစောန်ဟှ ၂ တိမောသေ၊ တိတုန ဖိလေမုန်ဖြစ်ဟှယ်။ ၁ တိမောသေဟှာ သင်းတော်ထဲမာ ကိုးကွယ်ဟှူဇာန ဆိုင်ဟှူ ညွှန်ကြားချစ်လေ (၂.၁–၁၅)၊ သင်းတော်ခေါန်းဆောန်လေတွပ် ရည်ချင်းလေ (၃.၁–၁၃) အယ်ဘီးဟှာ မှားယွင်းဟှူ ဆရာလေဟှို ဆန့်ကျင်ဟှို့တွပ် ဒိပေးဟှားဇာလေ (၁.၃–၁၁; ၄.၁–၅; ၆.၂–၅) ဘောင်ဂီး ပါဝမ်လေဟှယ်။ အယ်မူဇာဟှ သင်းတော်လေ ကြားထဲမာ ခေါန်းဆောန် တယော့‑က် ဖြစ်လာဟှို့တွပ် ပေါလုဟှာ တိမောသေဟှို ဖယ်မျိုး လေ့ကျင့်ပေးဟှားဟှယ် ဆိုဇာဟှာ ထန်ရှားနေလေဟှယ်။ တိမောသေဟှနေ ပထမပေးစာဟှာ ကျွန်တော်ဟှားလေ ခေတ်မာရှိဟှူ ဒေသခံသင်းတော်ရဲ့ သာသနာလောက်ငန်းဟှို စီမံခန့်ခွဲဟှို့တွပ် သင်းတော် ခေါန်းဆောန်လေဟှို ကူညီနိုင်ဟှို့ ဆိုဘီး စည်းမျဉ်းဘောင်ဂီး ပါဝမ်လေဟှယ်။ ကြောန်းရာ ကျဉ်းချောက် ၁။ ပေါလုဟှာ တိမောသေဟှို နှော့‑က်ဆစ်ဟှူဇာအားဖြင့် စပြုဟှားဟှူကြောန်း (၁.၁–၂) ၂။ သူဟှာ တိမောသေဟှို မှားယွင်းဟှူ ဆရာလေဟှို ဆန့်ကျင်ဟှို့တွပ် ဒိပေးဟှားဟှူကြောန်း (၁.၃–၁၁) ၃။ ယေရှုခရစ်ကြောန့် သူရှိနေရဇာတွပ် ရရာတိုင်း ကျေးဇူးတန်ဟှယ် ဆိုဘီး ရှင်းပြဇာအားဖြင့် ပေါလုဟှ ဆစ်ဘီးရေးဟှားဟှူကြောန်း (၁.၁၂–၁၉) ၄။ နော့‑က်ဘီးန သူဟှာ ကိုးကွယ်ဟှူဇာန သင်းတော် ခေါန်းဆောန်လေန ပတ်သတ်ဘီး ညွှန်ကြားဟှားဟှယ် (၂.၁—၃.၁၆) ၅။ ပေါလုဟှာ တိမောသေဟှို နော့‑က်ဆောင်း ညွှန်ကြားချစ်လေအားဖြင့် သူ့ရဲ့ ပေးစာဟှို နိဂေါင်းချောက်ဟှားဟှူကြောန်း (၄.၁—၆.၂၁)
8 ပညတ်တရားဟှို စည်းမျဉ်းတိုင်း သောင်းပြုမယ် ဆိုဟှာ ပညတ်တရားဟှာ ကောန်းမြတ်ဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်။ 9 ပညတ်တရားဟှာ လူကောန်းလေတွပ်မှုဘဲန တရားဘဲဟှူသူလေ၊ နာခံမှုမှေ့ဘဲဟှူသူလေ၊ ဘုရားတရားမှေ့ဘဲသူလေ၊ ပြစ်ကျူးလွန်သူလေ၊ ဘာသာတရား ကိုင်းရှိုင်းမှုမှေ့ဘဲသူလေ၊ မိဖဟှို သတ်ဟှူသူန လူသတ်သမားလေ၊ 10 ကျင့်စာရိတ္တပျစ်ဟှူသူလေ၊ ယော့‑က်ကျားရှင်းရှင်း၊ မီးမရှင်းရှင်း မေထုန်ပြုဟှူသူလေ၊ လူကုန်ကူးဟှူသူလေ၊ လီလည်ပြောဟှူသူလေ၊ မှန်ဘဲဟှူသတ်သေဟှို ခံဟှူသူလေန မှန်ဟှူယူဝါဒန ဆန့်ကျင်တတ်ဟှူ သူလေတွပ်ဘဲ့ ပညတ်ဟှားဟှူကြောန်းဟှို နို့လေသိဂေ့ပါဟှယ်။ 11 အယ်မူသွန်သန်ချစ်ဟှာ ဖောင်းသရေတော်နပ္လဲ့ဝဘီး မင်္ဂလာရှိတော်မူဟှူ ဘုရားသခင်နားဟှလာဟှူ ဒန်းကောန်းတိုင်းဘဲ့ ဖြစ်ပါဟှယ်။ အယ်မူဒန်းကောန်းဟှို ကြေညာဟှို့တွပ် ငါ့ဟှို ယောင်ကြည်အပ်ပေးတော်မူဘီ။
18 ငါ့သား တိမောသေ၊ နန့်န ပတ်သတ်ဘီး စဟှ ပရောဖက်ပြုဟှားဟှူ ရာလေနထပ်တူ အယ်မူညွှန်ကြားဟှားဟှူ ဇာလေဟှို နန့်ဟှို ငါအပ်ပေးပါဟှယ်။ အယ်မူဇာဟှ နန်ဟှာ ယောင်ကြည်မှုန ကြည်လင်ဟှူသိစိဟှို ဆောက်ကိုင်ဘီးဟှာ အယ်မူ ပရောဖက်ပြု ဟောပြောဟှားဟှူ ဇာလေအားဖြင့် ကောန်းဟှူ တိုက်ပွဲဟှို တိုက်ခိုက်နိုင်ဟှို့တွပ်၊ 19 တချို့လေဟှာ အယ်မူ ကောန်းမြတ်ဟှူ ကိုယ့်ကိုယ်ကိုယ် သိဟှူစိဟှို ပစ်ပယ်ဟှူကြောန့် ယောင်ကြည်ရှင်း သန်းဖော ပျစ်စီးဆောင်းရှောင်းဇာဟှို ခံရဂေ့လေဟှယ်။ 20 အယ်သူလေထဲမာ ဟုမေနဲန အာလေဇန္ဒြုလေလည်း ပါဂေ့ဟှယ်။ သူးနို့လေဟှာ ဘုရားသခင်ဟှို ပြစ်မှားဘီး ကဲ့ရဲ့ပြောဆိုဟှူဇာ ပြုဘဲနေအောန် သင်ခန်းစာရဟှို့တွပ် သူးနို့လေဟှို စာတန်လတ်ထဲ ငါအပ်လိုက်ဘီ။
၁ တိမောသေ 2 ->
Languages