5 အယ်မျိုးဘဲ သတ်ငယ်ဟှူသူလေ၊ လူဂီးလေရဲ့ စကားဟှို နားထောန်ဂေ့ပါ။ နန်းနို့ရှင်းရှင်း တယော့‑က်အော့‑က်ယော့‑က် စိနှိခ္လရှင်းတန်ဆာဟှို ဆင်ယင်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ “မာနထောန်လွှားဟှူ သူလေဟှို ဘုရားသခင်ဟှာ ဆီးတားဘီး စိနှိခ္လဟှူသူလေဟှို ကျေးဇူးပြုတော်မူဟှယ်။” 6 [b]အယ်ကြောန့် ခီတန်ဟှယ် ဆိုဟှာ နန်းနို့လေဟှို ချီးမြော့‑က်ဟှို့တွပ် ဘုရားသခင်ရဲ့ ဖောင်းကီးဟှူ လတ်တော်အော့‑က်မာ ကိုယ့်ကိုယ်ကိုယ် နှိခ္လဂေ့ပါ။ 7 ဘုရားသခင်ဟှာ နန်းနို့လေဟှို စောန့်ရှော့‑က်တော်မူဟှူကြောန့် နန်းနို့လေရဲ့ စိုးရိမ်ပူပန်မှုလေ ရှိဟှူမျှဟှို ကိုယ်တော်နှိုက် အပ်ဂေ့ပါ။
8 သမ္မာဒိရှိရှိန အိဘဲန စောန့်နေဂေ့ပါ။ နန်းနို့လေရဲ့ ရန်သူဖြစ်ဟှူ မာရ်နတ်ဟှာ ဟောက်ဟှူ ခြင်္သေ့ဟှူမျိုး ဖယ်သူ့ဟှို မျိုရမယ်နူး၊ ဆိုဘီး လှည့်လည်ဘီး လိုက်ရှာနေဟှယ်။ 9 အယ်ကြောန့် ယောင်ကြည်ရှင်းမာ ခိုင်းခိုင်ခန့်ခန့် ရပ်တည်ဘီး မာရ်နတ်ဟှို ဆီးတားဂေ့ပါ။ တကမ္ဘာလောင်းမာရှိဟှူ နန်းနို့လေရဲ့ ညီကို မောန်နှမလေလည်း အယ်မျိုး ဆင်းရဲဒေါက်ခလေန ရင်ဆိုင်ကျော်လွှား နေရဟှူကြောန်းဟှို သိမှတ်ဂေ့ပါ။ 10 ယေရှုခရစ်တော်အားဖြင့် နို့လေဟှို ထာဝရ ဖောင်းသရေတော်ထဲဟှို ခေါ်တော်မူဟှူကျေးဇူး ဂူလောင်းဟှို ပြုတော်မူဟှူ ဘုရားသခင်ဟှာ ဆင်းရဲဒေါက်ခလေဟှို ရှစ်ဟှားခံစားရဟှူ နန်းနို့လေဟှို စောင်လင်စေဘီး တည်ကြည်ခိုင်ခံ့ မြဲမြံစေတော်မူလေ့မယ်။ 11 ဘုရားသခင်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ။ အာမင်။
13 [d]ငါ့သား မာကုဟှနေစဘီး ဗာဗုလုန်ဗြို့[e]မာရှိဟှူ နန်းနို့နတူးဒူ ဝီးကော့‑က်ခံရဟှူသင်းတော်ဟှာ နန်းနို့လေဟှို နှောက်ဆစ်ဂေ့ပါဟှယ်။ 14 ယော့‑က်နယော့‑က် မြစ်တာနမ်းန နှောက်ဆစ်ဂေ့ပါ။
Languages