၁ ပေတရု ပေတရုဟှနေ ပထမပေးစာ နိဒါန်း ပေတရုဟှနေ ပထမပေးစာ ဟှို တမန်တော် ပေတရုဟှ ရေးဟှားဟှယ်။ သူဟှာ ဖယ်လူဖြစ်ဘီး ဖယ်လူနားဟှို ရေးဟှားဟှယ် ဆိုဘီး သူ့ရဲ့ ပေးစာဟှို စပြုဟှားဟှယ်။ အယ်စာဟှို “ဇီးလူလေ” ဆိုဘီး ခေါ်ရှင်းခံရဟှူ ခရစ်ယာန်လေ ဂူလောင်းနားဟှို လိစာတတ်ဟှားလေဟှယ် (၁.၁; ၁.၁၇; ၂.၁၁)။ သူ့ရဲ့ စာဖတ်မားလေဟှာ နိုင်ငံလေ ဘောင်ဂီးဟှို ဖ္လဲဖ္လဲစင်ဖြစ်ဟှားဟှူကြောန့် ခါဘီးခါ အယ်မူစကားဟှို ပြောဟှားဟှယ်။ အယ်ပေးစာဟှာ ဧဖက် သင်းတော်ဟှို ပေါလုရဲ့ ပေးစာန နဲနဲဆင်တူနေဟှူကြောန့် ခရစ်တော် မွီးဘီးန ၆၅ ခုနှစ်လော့‑က်မာ ရေးဟှားဟှယ် ဆိုဘီး လတ်ခံဂေ့ဟှယ်။ ပေတရုဟှာ အယ်ပေးစာဟှို ဗာဗုလုန်ဗြို့ ဆိုဘီး ခေါ်ဟှူရောမဗြို့ဟှနေ ရေးဟှားဟှယ် (၅.၁၃)။ ပေတရုဟှာ “ငါဟှာ နန်းနို့လေဟှို တိုက်တွန်းနှိုးဆော်ဘီး နန်းနို့ မှီပြုဟှူ အယ်မူဇာလေဟှာ ဘုရားသခင်ရဲ့ စစ်မှန်ဟှူ ကျေးဇူးတော်ဖြစ်ဟှယ် ဆိုဇာဟှို သတ်သေခံဟှယ်” ဆိုဘီး အယ်ပေးစာရဲ့ ရည်ရွယ်ချစ်ဟှို ဖော်ပြဟှားဟှယ် (၅.၁၂)။ အယ်ပေးစာဟှာ ၁ ပေ ၂.၁၁—၃.၇; ဧ ၅.၁၈—၆.၉; ကော ၃.၁၈—၄.၆ လေန တူညီဇာလေ ဘောင်ဂီး ရှိလေဟှယ်။ ပိုင်းသောင်းပိုင်းလောင်းမာ အာဏာပိုင်လေဟှို နာခံဟှို့န မိသားစုဆစ်ဆံရေးန ဆိုင်ဟှူဇာလေဟှို ညွန်ကြားချစ် ပေးဟှားဟှယ်။ ဆောင်းသတ်ခီ နီးလာဟှူကြောန့် ဒေါက်ခလေခံရဟှူ ခီမာ သီးခံဟှို့ ခရစ်ယာန်လေဟှို အားပေးဟှားဟှယ် (၄.၁)။ ကြောန်းရာ ကျဉ်းချောက် ၁။ ပေတရုဟှာ သူ့ကိုယ်သူ မိတ်ဆစ်ဟှားဘီး သူ့ရဲ့ စာဖတ်မားနားဟှို ရေးဟှားဟှူကြောန်း (၁.၁–၂) ၂။ ကယ်တန်ရှင်းန သတ်ရှင်ရှင်းတွပ် ဘုရားသခင်ဟှို ချီးမွမ်းဟှားဟှူကြောန်း (၁.၃—၂.၁၀) ၃။ ယောင်ကြည်သူလေဟှို လောကမာ ဖယ်မျိုး ကောန်းဆောင်း သတ်ရှင်ရမယ် ဆိုဘီး ညွန်ကြားဟှားဟှယ်။ လန်န မယားကြား၊ ကျွန်န သခင်ကြား ဖယ်မျိုး ဆစ်ဆံရမယ် ဆိုဘီးလည်း ရေးဟှားဟှူကြောန်း (၂.၁၁—၄.၁၁) ၄။ ပေတရုဟှာ ဒေါက်ခခံရဟှူ ခီမာ သီးခံဟှို့ သူးနို့ဟှို အားပေးဟှားဟှူကြောန်း (၄.၁၂—၅.၁၁) ၅။ နော့‑က်ဆောင်းမာ သူ့ရဲ့ ပေးစာဟှို နိဂေါင်းချောက်ဟှားဟှူကြောန်း (၅.၁၂–၁၄)
6 နန်းနို့လေဟှာ ခုခီမာ စောင်ဇမ်းနှော့‑က်ယှစ်ရှင်း ဘောန်းဇောင်ကြောန့် ရှစ်ဟှား ဝန်းနဲရဟှူလည်းဘဲ့ ရင်းရင်ဒူးဟှ ပြောဟှားဟှူ ကြောန်းရာလေအားဖြင့် ရွှင်လန်းဟှူစိ ရှိဂေ့ပါ။ 7 ရယ်ကျိုဘီး စောင်ဇမ်းရှင်းဟှို ခံနိုင်ဟှူလည်းဘဲ့ ပျစ်စီးတတ်ဟှူ ရွှေထတ် ရရာတိုင်း ဖိုးကီးဟှူ နန်းနို့လေရဲ့ ယောင်ကြည်ရှင်းဟှို စစ်ကြောစောင်ဇမ်းရှင်းဟှာ ယေရှုခရစ်တော် ပေါ်ထွပ်တော်မူဟှူ ခီမာ ချီးမွမ်းရှင်း၊ ဖောင်းသရေတော်န ဂေါင်သရေဖြစ်ဟှို ရော့‑က်ဟှို့တွပ် ဖြစ်ဟှယ်။ 8 နန်းနို့လေဟှာ အယ်သခင်ဟှို ဗြင်ဖူးဘဲနေဟှူလည်းဘဲ့ ရှစ်ဂေ့ဟှယ်။ ခုလည်း ဗြင်ဘဲန ယောင်ကြည်ရှင်းအားဖြင့် ဖောင်းသရေတော်န စပ်ဆိုင်ဟှူ ပြောဟှို့မှီနိုင်ဘဲဟှူ ရွှင်လန်းရှင်းန ဝန်းသာဂေ့ဟှယ်။ 9 အယ်ဇာဟှ စိဝိညာဉ်ဟှို ကယ်တန်ရှင်းဖြစ်ဟှူ ယောင်ကြည်ရှင်းရဲ့ ကျိုးဟှို ခံစားရရှင်း ဖြစ်ဟှယ်။
10 အယ်ကယ်တန်ဟှူ ကြောန်းရာဟှို ပရောဖက်လေဟှာ သေးသေချားချာ စောင်ဇမ်းရှာဖွေဘီး နန်းနို့ခံစားရမယ့် ကျေးဇူးတော်ကြောန်းဟှို ဟောပြောဂေ့ဟှယ်။ 11 ခရစ်တော်ခံရမယ့် ဆင်းရဲရှင်းန ဆင်းရဲခံဘီးမှ ဝမ်စားရမယ့် ဖောင်းစည်းဇိမ်ကြောန်းဟှို သူးနို့ထဲမာရှိဟှူ ခရစ်တော်ရဲ့ ဝိညာဉ်တော်ဟှာ သက်သေခံဟှူ ခီမာ ဖယ်သူဖယ်ဝါ ဖယ်ခီကာလဟှို ဆိုလိုဟှူကြောန်း[a]ဟှို မေးမြန်းရှာဖွေဂေ့ဟှယ်။ 12 ကိုယ်ဟောပြော ပြုစုရှင်းလေဟှာ သူးနို့လေတွပ်မှုဘဲန နန်းနို့လေတွပ် ဖြစ်ဟှယ် ဆိုဇာဟှို အယ်သူလေဟှို ဖွမ့်ပြတော်မူဟှယ်။ ကောန်းဂန်ဘောင်ဟှနေ စေလွှတ်တော်မူဟှူ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့် ကောန်းမြတ်ဟှူ ဒန်းကောန်းဟှို ဟောပြောဟှူ သူလေဟှာ အယ်ရာလေဟှို ခု နန်းနို့လေဟှို ဟောပြောဂေ့ဘီ။ ကောန်းဂန်တမန်လေဟှဘဲ့ အယ်ရာလေဟှို ရရာတိုင်း ကေ့ရှင်ဂေ့ဟှယ်။
17 နန်းနို့လေဟှာ လူ့မျစ်နှာဟှို ထော့‑က်ဘဲန လူလေ ဂူလောင်းရဲ့ ကျင့်တိုင်း စီရင်တော်မူဟှူ ဖဟှို နန်းနို့ဆုတောန်း ကိုးကွယ်ဟှယ် ဆိုဟှာ ဧည့်သည်ဖြစ်ဟှူ ကာလပတ်လောင်းမာ ကြော့‑က်ရွံ့ရိုသေဟှူ စိန နေထိုင်ဂေ့ပါ။ 18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ မိစဉ်ဖဆစ် ကျင်လည်ဟှူ ချည်းနှီးကျင့်ကြံ ပြုမူရှင်းဟှနေဘီး ရွှေလေ၊ ငွေလေ ဖော့‑က်ပ္လန် ပျစ်စီးတတ်ဟှူ အောက်စာလေန နန်းနို့လေဟှို ဝီးနှုဘီး လွတ်မြော့‑က်လာရှင်းမှုဘဲ 19 ဖြားပြစ်လည်းမှေ့ဘဲ ညှစ်ကြေးလေန ကင်းစင်ဟှူ သိုးသားဂန်းဟှားဟှူမျိုး ခရစ်တော်ရဲ့ သွီးတော်မြတ်န ဝီးတော်မူဟှူ ကြောန်းဟှို နန်းနို့လေ သိဂေ့ပါဟှယ်။ 20 အယ်ခရစ်တော်ဟှာ အယ်ကမ္ဘာလောက မှေ့ခန်ဂဒဲဟှ ဘုရားသခင် သတ်မှတ် ဝီးကော့‑က်ရှင်းဟှို ခံရဘီး အယ်နော့‑က်ဆောင်း ကာလမာ နန်းနို့လေရဲ့ ကျိုးတွပ် ပေါ်ထွပ်တော်မူဘီ။ 21 ကိုယ်တော့်ဟှို သေဟှားသူလေထဲဟှနေ ထမြော့‑က်စေဘီး ဖောင်းသရေတော်ပေးတော်မူဟှူ ဘုရားသခင်ဟှို အယ်သခင်အားဖြင့် နန်းနို့ယောင်ကြည်ဂေ့ဟှယ်။ အယ်မျိုးဖြစ်ကြောန့် နန်းနို့လေဟှာ ဘုရားသခင်ဟှို မှီပြုဘီး ယောင်ကြည်မျှော်လင့်ရှင်း ရှိဂေ့ဟှယ်။
22 နန်းနို့လေဟှာ သမ္မာတရားဟှို လိုက်လျှော့‑က် ကျင့်သောင်းရှင်းအားဖြင့် နန်းနို့လေရဲ့ စိဝိညာဉ်ဟှို သန့်ရှင်း စင်ကြယ်စေဂေ့ဘီး ဟန်ဆောန်ရှင်းမှေ့ဘဲဟှူ ညီကိုရှင်း ရှစ်ဟှူ မြစ်တာဟှို ရဟှူကြောန့် ဖ္လူစင်ဟှူ စိနှလောင်းအားဖြင့်[b] ရှင်းရှင်း ခိုင်းခိုင်မြဲမြဲ ရှစ်ဂေ့ပါ။ 23 နန်းနို့လေဟှာ ဖော့‑က်ပ္လန် ပျစ်စီးတတ်ဟှူ မျိုးစေ့အားဖြင့် မှုဘဲန ဖော့‑က်ပ္လန် ပျစ်စီးမှုန ကင်းဟှူ မျိုးစေ့ဖြစ်ဟှူ သတ်ရှင်ဘီး မြဲတည်ဟှူ ဘုရားသခင်ရဲ့ စကားတော်အားဖြင့် ဒုတိယခါ ပ္လန်မွီးရှင်းဟှို ခံရဂေ့ဘီ။ 24 ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊
Languages