5 အာပေါလုဟှ ဖယ်သူနူး။ ပေါလုဟှလည်း ဖယ်သူနူး။ နို့လေဟှာ နန်းနို့ ယောင်ကြည်လာဟှို့တွပ် ဟောပြောသတ်သေခံဟှူ ဓမ္မမှုတော်ဆောန်ဘဲ့ ဖြစ်ဟှယ်။ နို့လေဂူလောင်းဟှာ သခင်ဘုရားရဲ့ မှုတော်ဟှို စေခံလောက်ဆောန်ဟှူ သူလေဘဲ့ဖြစ်ဟှယ်။ 6 [c]ငါဟှာ စိုက်ပျိုးဟှူ သူဖြစ်ဟှယ်။ အာပေါလုဟှ ရေလောန်းဟှူ သူဖြစ်ဟှယ်။ ပန်ဟှို ပေါ့‑က်စေဘီး ကီးထွားစေသူဟှ ဘုရားသခင်ဘဲ့ ဖြစ်ဟှယ်။ 7 စိုက်ပျိုးဟှူ သူန ရေလောန်းဟှူ သူဟှ ဖြားဇာလည်းတတ်နိုင်ဟှ။ ပန်ဟှို ကီးထွားစေဟှူ ဘုရားသခင်ဟှဘဲ့ ရှိမျှဂူလောင်းဟှို တတ်နိုင်တော်မူဟှယ်။ 8 စိုက်ပျိုးဟှူ သူန ရေလောန်းဟှူ သူဟှာ တလောင်းတဝဒဲ ဖြစ်ဘီး လူတိုင်းဟှာ ကိုယ်ကြိုးစား လောက်ဆောန်တိုင်း ကျိုးဟှို ခံရလေ့မယ်။ 9 နို့လေဟှာ ဘုရားသခင်နားမာ လောက်လောက်ဟှူ လောက်ဖော်ဆောန်ဖတ်လေ ဖြစ်ဟှယ်။ နန်းနို့လေဟှာ ဘုရားသခင်ရဲ့ ဥယျာဉ်တော် ဖြစ်ဂေ့ဟှယ်။
16 [d]နန်းနို့လေဟှာ ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ဟှယ် ဆိုဟှူဇာန ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှာ နန်းနို့လေထဲမာ ကိန်းဝပ်နေဟှယ် ဆိုဇာဟှို နန်းနို့လေ သိဂေ့ဟှလော။ 17 ဘုရားသခင်ရဲ့ ဗိမာန်တော်ဟှို ဖျစ်ဆီးဟှူသူဟှို ဘုရားသခင် ဖျစ်ဆီးလေ့မယ်။ ဘုရားသခင်ရဲ့ ဗိမာန်တော် ဆိုဇာဟှာ သန့်ရှင်းရဟှယ်။ နန်းနို့လေလည်း အယ်ဗိမာန်တော် ဖြစ်ဂေ့ဟှယ်။
18 ဖယ်သူလည်းဘဲ့ ကိုယ့်ကိုယ်ကိုယ် လှည့်ဇားစေန။ နန်းနို့လေမာ ယော့‑က်ယော့‑က်ဟှ ငါဟှာ အယ်လောကရဲ့ ပညာရှိဖြစ်ဟှယ် ဆိုဘီး ထန်မှတ်ဟှယ် ဆိုဟှာ အယ်လူဟှာ ပညာရှိဖြစ်ဟှို့တွပ် မိုက်မဲဟှူသူ ဖြစ်ပါစေ။ 19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လောကရဲ့ ဉာဏ်ပညာဟှာ ဘုရားသခင်ရဲ့ မျစ်မှော့‑က်တော်မာ မိုက်မဲဟှူဇာဘဲ့ ဖြစ်ဟှယ်။ ကျမ်းစာဟှ၊ “ဘုရားသခင်ဟှာ ပညာရှိလေဟှို ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူဟှယ်” ဆိုဘီး လာဟှယ်။ 20 နော့‑က်ထပ် ကျမ်းစာဟှ “ပညာရှိလေရဲ့ ကြံစည်ဟှာ ချည်းနှီးသတ်သတ် ဖြစ်ဟှူကြောန်းဟှို သခင်ဘုရား သိတော်မူဟှယ်” ဆိုဘီး လာဟှယ်။ 21 အယ်မျိုးဖြစ်ကြောန့် လူလေရဲ့ စွမ်းစန ပတ်သတ်ဘီး ဖယ်သူလည်း ဝါကြွားစေန။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ရှိမျှဂူလောင်းဟှာ နန်းနို့လေတွပ် ဖြစ်ဟှယ်။ 22 ပေါလုဘဲ့ဖြစ်ဖြစ်၊ အာပေါလုဘဲ့ဖြစ်ဖြစ်၊ ကေဖဘဲ့ဖြစ်ဖြစ်၊ အယ်လောကဘဲ့ဖြစ်ဖြစ်၊ သတ်ရှင်ရှင်းဘဲ့ဖြစ်ဖြစ်၊ သေရှင်းဘဲ့ဖြစ်ဖြစ်၊ မျစ်မှော့‑က်ရာဘဲ့ဖြစ်ဖြစ်၊ နော့‑က်ဖြစ်လာတတ်ဟှူ ရာဘဲ့ဖြစ်ဖြစ် ရှိမျှဂူလောင်းဟှာ နန်းနို့လေတွပ် ဖြစ်ဟှယ်။ 23 နန်းနို့လေလည်း ခရစ်တော်တွပ် ဖြစ်ဟှယ်။ ခရစ်တော်ဟှာလည်း ဘုရားသခင်တွပ် ဖြစ်တော်မူဟှယ်။
<- ၁ ကောရိန္သု 2၁ ကောရိန္သု 4 ->
Languages