5 နန်းနို့ဂူလောင်းဟှာ ထူးဆန်းဟှူဘာသာစကားဟှို ပြောဟှို့တွပ် ငါလိုရှိဟှယ်။ အယ်ဘေမဲ့ ပရောဖက်ပြုဘီး ဟောပြောဟှို့တွပ် ပိုဘီး လိုရှိဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊ ထူဆန်းဟှူ ဘာသာစကားဟှို ပြောဟှူသူဟှာ သင်းတော်ဟှို တည်ဆော့‑က်ပေးဟှို့တွပ် နတ်ဟှိုဖော်ပြဘဲနေဟှာ၊ သူ့ထတ် ပရောဖက်ပြုဘီး ဟောပြောဟှူသူဟှာ ပိုဘီး မြတ်ဟှယ်။ 6 အယ်မျိုးဖြစ်ကြောန့် ညီကို မောန်နှမလေ၊ ငါဟှာ နန်းနို့နားဟှို လာဘီး ထူးဆန်းဟှူ ဘာသာစကားမျိုးမျိုးလေန ဟောပြောဟှူလည်းဘဲ့ ငါဟောပြောဟှူ စကားလေဟှာ ဗျာဒိတ်တော်ဟှို ပ္လန်ဟှူဇာလေ၊ ပညာအတတ်ဟှို သင်ဟှူဇာလေ၊ ပရောဖက်ပြုဟှူဇာလေ၊ ဆောန်းမသွန်သန်ဟှူ ဇာလေဟှို တခုလည်း ပြုဘဲန နန်းနို့ဟှို ဟောပြောဟှယ် ဆိုဟှာ ဖြားကျိုးရှိမယ်နူး။
7 အယ်မျိုးဘဲ့ သတ်မဲ့ဖြစ်ဟှူ နှဲနစောန်းဟှူမျိုးဘဲ့ အယ်မူတီးမှုဟှူဇာလေဟှာ သံဟှိုပီးပီသသ ထွပ်လာဘဲနေဟှာ စောန်းသံမှန်း နှဲသံမှန်း ဖယ်မျိုးသိနိုင်မယ်နူး။ 8 ဗှိုးမှုသံလည်းဘဲ့ ပီးပီသသန ဗြယ်ဟှ ဆိုဟှာ စစ်ပွဲဝမ်ဟှို့တွပ် ဖယ်မျိုးပြင်ဆင်မယ်နူး။ 9 အယ်မျိုးဘဲ့ ထူးဆန်းဟှူ ဘာသာစကားမျိုးမျိုးလေန နန်းနို့ပြောဟှူစကားဟှာ ဓိပါယ်သိဘဲနေဟှာ ဖယ်သူနားလည်နိုင်မယ်နူး။ နန်းနို့လေဟှာ လေထဲမာ စကားပြောနေဟှူမျိုးဘဲ့ ဖြစ်လေ့မယ်! 10 ကမ္ဘာမာ ဘာသာစကားလေ ဘောင်ဂီးရှိဟှူလည်းဘဲ့ ဖယ်စကားလည်းဘဲ့ ဓိပါယ်မှေ့ဘဲဟှူ စကားဆိုဇာ မှေ့ဟှ။ 11 အယ်ကြောန့် ဘာသာစကားရဲ့ နတ်ဓိပါယ်ဟှို ငါနားလည်ဘဲနေဟှာ အယ်ဘာသာစကားဟှို ပြောဟှူသူဟှာ ငါ့တွပ်လူမျိုးခြား ဖြစ်ဟှယ်။ ငါလည်း သူ့တွပ် လူမျိုးခြား ဖြစ်ဟှယ်။ 12 အယ်မျိုးဖြစ်ကြောန့် နန်းနို့လေဟှာ ဝိညာဉ်ဆုကျေးဇူးလေဟှို လိုရှင်တောန်းတဂေ့ဟှူတိုင်း သင်းတော်တည်ဆော့‑က်ရာမာ တိုးပွားလာဟှို့တွပ် အယ်ဆုကျေးဇူးအားဖြင့် ကြွယ်ဝပ္လဲ့ဇောင်ဟှို့တွပ် ကြိုးစားအားထုဂေ့ပါ။
13 အယ်ကြောန့် ထူးဆန်းဟှူ ဘာသာစကားပြောဟှူသူဟှာ နတ်ဓိပါယ်ဟှို ဖော်ပြပေးနိုင်ဟှို့တွပ် ဆုတောန်းရမယ်။ 14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ထူးဆန်းဟှူ ဘာသာစကားမျိုးမျိုးန ဆုတောန်းဟှူ ခီမာ ငါ့ရဲ့စိနှလောင်းဟှာ ဆုတောန်းနေဟှူလည်းဘဲ့ ငါ့သိဉာဏ်ဟှ ဖြားကျိုးလည်းပေးဟှ။ 15 အယ်မျိုးဆိုဟှာ ဖယ်မျိုး ငါပြုရမယ်နူး။ ငါဟှာ စိနှလောင်းအားဖြင့်မှုဘဲန ဉာဏ်အားဖြင့်လည်း ဆုတောန်းမယ်။ စိနှလောင်းအားဖြင့်ဘဲ့ ချင်းဆိုဇာမှုဘဲန ဉာဏ်အားဖြင့်လည်း ချင်းဆိုမယ်။ 16 အယ်မျိုးမှုဘဲ နန်းနို့လေဟှာ စိနှလောင်းအားဖြင့်ဘဲ့ ဘုရားသခင်ဟှို ချီးမွမ်းဘီး ဆုတောန်းဟှယ် ဆိုဟှာ ပရိသတ်ထဲမာ ဝတ်ပြုနေဟှူ သာမန်လူတယော့‑က်ဟှာ နန်းနို့ပြောဟှူစကားလေဟှို နားလည်ဘဲကြောန့် နန်းနို့လေ ဆုတောန်းဟှူဇာဟှို ဖယ်မျိုး “အာမင်” ဆိုဘီး ဝန်ခံနိုင်မယ်နူး။ 17 ကျေးဇူးတော် ချီးမွမ်းဟှူ နန်းနို့ရဲ့ ဆုတောန်းရှင်းဟှာ ကောန်းနေဟှူလည်းဘဲ့ သူများလေတွပ် ဖြားကျိုးလည်း မှေ့ဟှ။
18 ငါဟှာ ထူးဆန်းဟှူ ဘာသာစကားဟှို နန်းနို့လေထတ် ပိုဘီး ပြောဆိုနိုင်ကြောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။ 19 အယ်ဘေမဲ့ သင်းတော်ဝတ်ပြုရှင်းမာ ထူးဆန်းဟှူဘာသာစကား ခွန်းပေါန်းထောန်သောန်းထတ်မက ဟောပြောဟှူဇာထတ် နားလည်နိုင်ဟှူစကားငါးခွန်းဟှိုဘဲ့ ပိုဘီး ပြောရှင်ပါဟှယ်။
20 ညီကို မောန်နှမလေ၊ နန်းနို့လေရဲ့ စဉ်းစားတွေးခေါ်ဟှူဇာဟှာ သားဂန်းဟှားလေမျိုး ဖြစ်ဂေ့န။ ကောန်းဘဲဟှူဇာလေမာ သားဂန်းဟှားလေမျိုး ဖြစ်ဂေ့ဘီး စဉ်းစားတွေးခေါ်ဟှူဇာမာ စောင်လင်ရင့်ကျတ်ဟှူသူ ဖြစ်ဂေ့ပါ။ 21 ပညတ္တိကျမ်းစာမာ လာဟှူဇာဟှ
23 အယ်ကြောန့် သင်းတော်တခုလောင်း စုဝေးဘီး ထူးဆန်းဟှူ ဘာသာစကား ပြောဆိုနေဟှူ ခီမာ သာမန်လူလေဘဲ့ဖြစ်ဖြစ် ယောင်ကြည်ဘဲသူလေဘဲ့ဖြစ်ဖြစ် ဝမ်လာဟှယ် ဆိုဟှာ နန်းနို့ဟှို ရူးလေ ဆိုဘီး ပြောဂေ့လေ့မယ် မှုဟှလော။ 24 အယ်မျိုးမှုဘဲနေဟှာ သင်းဝမ်သူဂူလောင်းဟှာ ပရောဖက်ပြုနေဟှူ ခီမာ ယောင်ကြည်ဘဲဟှူသူ၊ နားလည်ဘဲသူလေ ဝမ်လာဟှယ် ဆိုဟှာ သင်းဝမ်ဟှူသူ ဂူလောင်းဟှာ သူ့ပြစ်ဟှို ဖော်ပြဘီး စစ်ဆေးစီရင်ခံရဟှူ ခီမာ 25 အယ်သူရဲ့ စိနှလောင်းထဲမာ ထန်ရှားဘဲဇာလေဟှာ ထန်ရှားလာဟှူကြောန့် “ဘုရားသခင်ဟှာ နန်းနို့လေနတူးဒူ တကယ်ရှိတော်မူဟှယ်!” ဆိုဘီး ဝန်ခံဘီးဟှာ ဘုရားသခင်ဟှို ပျပ်ဝပ်ကိုးကွယ်လေ့မယ်။
34 မီးမလေဟှာ သင်းတော်စည်းဝေးမာ တိတိဆိဆိနေရမယ်။ သူးနို့လေဟှာ ဟောပြောရဟှူခွမ့် မှေ့ဟှ။ ပညတ်တရားမာ ဖော်ပြဟှားတိုင်း သူးနို့ဟှာ ယော့‑က်ကျားရဲ့ အောက်စိုးမှုဟှို ဝန်ခံရဂေ့မယ်။ 35 သူးနို့ဟှာ တခုခုဟှို သန်ယူရှင်ဟှာ အီမာ သူးနို့လန်ယော့‑က်ကျားဟှို မေးရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သင်းတော်မာ မီးမလေ ဟောပြောဟှူဇာဟှာ ယှစ်ဇာကောန်းဟှယ်။
36 ဘုရားသခင်ရဲ့ စကားတော်ဟှာ နန်းနို့လေနားဟှ ထွပ်လာဟှိကြောန့်လော။ အယ်မျိုးမှုဘဲနေဟှာ နန်းနို့လေနားဟှိုဘဲ့ ရော့‑က်လာဟှူကြောန့်လော။ 37 ငါဟှာ နန်းနို့လေဟှို ရေးဘီးပေးလိုက်ဟှူ စကားလေဟှာ သခင်ဘုရားရဲ့ ပညတ်တော်ဖြစ်ဟှူ ကြောန်းဟှို ပရောဖက်ဖြစ်ဟှူသူန ဝိညာဉ်ဆုကျေးဇူးဟှို ခံရဟှူ သူမှန်ဟှာ သိမှတ်ပါစေ။ 38 ဖယ်သူဘဲ့ဖြစ်ဖြစ် အယ်ဇာဟှို သိမှတ်ပြုဘဲနေဟှာ အယ်သူဟှိုလည်း သိမှတ်ပြုဂေ့န။
39 အယ်မျိုးဖြစ်ကြောန့် ညီကို မောန်နှမလေ၊ ပရောဖက်ပြုဟောပြောဇာဟှို လိုရှင်တောန်းတဂေ့ပါ။ ထူးဆန်းဟှူ ဘာသာစကားပြောဆိုမှုဟှို တားမြစ်ဂေ့န။ 40 ဂူလောင်းဟှို တင့်တယ်လျောက်ပတ်အောန် လောက်ဆောန်ဂေ့ပါ။
<- ၁ ကောရိန္သု 13၁ ကောရိန္သု 15 ->
Languages