၁ ကောရိန္သု ကောရိန္သု သင်းတော်ဟှို ပေါလုရဲ့ ပထမပေးစာ နိဒါန်း ကောရိန္သု သင်းတော်ဟှို ပေါလုရဲ့ ပထမပေးစာ ဟှာ ခရစ်တော် မွီးဘီးန ၅၅ ခုနှစ်လော့‑က်ဟှ တမန်တော် ပေါလုဟှ ရေးဟှားလေဟှယ် (၁.၁)။ အယ်စာဟှာ ကောရိန့်ဗြို့မာရှိဟှူ သင်းတော်ဟှို ပေါလုရေးဟှူ ပေးစာနှေ့စောန်ထဲဟှ ပထမစောန် ဖြစ်ဟှယ်။ သူဟှာ မာကေဒေါနိပြည်ဟှို ဖြတ်ဘီး ကောရိန့်ဗြို့ဟှို ရော့‑က်လာခန် ဧဖက်ဗြို့မာ နေနေဒူး အယ်စာဟှို ရေးဟှားဇာ ဖြစ်နိုင်ဟှယ် (၁၆.၅–၉)။ အယ်စာဟှာ သင်းတော်ထဲမာ ကွဲပြားမှုလေ၊ တရားဘဲဟှူ မေထုန်မှုလေန ကောန်းဘဲဟှူ ကျင့်လေဘောန်းဇောင်ကြောန်းဟှို ရေးဟှားဟှူစာဟှို သင်းဝမ်သူ တချို့နားဟှနေ ပေါလုဟှ လတ်ခံရရှိဟှူကြောန့် ပ္လန်ဘီးဖြေရှင်းဟှားဇာ ဖြစ်လေဟှယ်။ ကောရိန့်ဗြို့ဟှာ တရားဘဲဟှူ မေထုန်န ပတ်သက်ဘီး နာမယ်ကီးဟှူကြောန့် အယ်သင်းတော်မာ အယ်မျိုးပြဿနာန ရင်ဆိုင်နေရဇာဟှာ အံ့ဩဇာ မှေ့ဟှ။ ကောရိန္သု သင်းတော်ဟှို ပေါလုရဲ့ ပထမပေးစာမာလည်း မြစ်တာန ပတ်သက်ဘီး ထန်ရှားဟှူ ခန်းလေ ပါဝမ်လေဟှယ် (၁၃)။ ကြောန်းရာ ကျဉ်းချောက် ၁။ ပေါလုဟှာ ကောရိန္သု သင်းတော်ဟှို နှောက်ဆစ်ဘီးန သူးနို့တွပ် ဘုရားသခင်ဟှို ချီးမွမ်းဟှားဟှူကြောန်း (၁.၁–၉) ၂။ သူဟှာ ကောရိန္သု သင်းတော်ထဲမာ ကွဲပြားမှုလေန ပတ်သက်ဟှူ စာဟှို လတ်ခံရရှိဟှူကြောန့် ပ္လန်ဘီး ဖြေရှင်းဟှားဟှူကြောန်း (၁.၁၀—၄.၂၁) ၃။ သူဟှာ တရားဘဲဟှူ မေထုန်ပြဿနာန တရားစီရင်ဟှို့တွပ် ပ္လန်ဘီး ရှင်းပြဟှားဟှူကြောန်း (၅.၁—၆.၂၀) ၄။ အယ်ဘီးမှ သူဟှာ လတ်ထတ်ရှင်းကြောန်း၊ ရောက်ထုဟှို ပူဇော်ပသရှင်းကြောန်း၊ ဝတ်ပြုကိုးကွယ်ရှင်းကြောန်း၊ ဝိညာဉ်ဆုကျေးဇူးန ထမြော့‑က်ရှင်းကြောန်းန ပတ်သက်ဘီး ညွှန်ကြားဟှားဟှူကြောန်း (၇.၁—၁၅.၅၈) ၅။ နော့‑က်ဆောင်းမာ သူဟှာ လူပေါက်ကိုန ဆိုင်ဟှူဇာလေ၊ လတ်တွိ လောက်ဆောင်ရဟှို့ဇာလေန နိဂေါင်းချောက်ဟှားဟှူကြောန်း (၁၆.၁–၂၄)
14 [d]ငါဟှာ ကရိပ္ပုန ဂါယုဟှလွဲဘီး နန်းနို့လေထဲဟှ ဖယ်သူဟှိုမှလည်း ဗတ္တိဇံပေးဘဲကြောန့် ဘုရားသခင်ရဲ့ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။ 15 အယ်ကြောန့် နန်းနို့လေဟှာ ငါ့နာမန ဗတ္တိဇံဟှို ခံဟှယ် ဆိုဘီး ဖယ်သူလည်း ပြောဇာကြောန်း မှေ့ဟှ။ 16 ([e]ငါဟှာ သတေဖန်ရဲ့ အီသူအီသားလေဟှို ဗတ္တိဇံပေးဟှယ်။ နော့‑က်ထပ် ဖယ်သူလေဟှို ဗတ္တိဇံပေးဟှယ် ဆိုဇာ ငါမှတ်မိဟှမ်း။) 17 ခရစ်တော်ဟှာ ဗတ္တိဇံပေးဟှို့တွပ် ငါ့ဟှို စေလွှတ်ဟှူဇာ မှုဟှ။ အယ်ဘေမဲ့လည်း ခရစ်တော်ရဲ့ လတ်ဝါးကပ်တိုင် တရားဟှို ချည်းနှီးသတ်သတ် ဖြစ်ဘဲနေအောန် လူလေရဲ့ ဉာဏ်ပညာန ယှဉ်ဟှူ စကားဟှို သုံးပြုဘဲ ဒန်းကောန်းဟှို ပြောဟှို့တွပ် ငါ့ဟှို စေလွှတ်ဇာဖြစ်ဟှယ်။
21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ရဲ့ ဉာဏ်ပညာတော်အားဖြင့် စီရင်ဟှားဟှူကြောန့်၊ လောကသားလေဟှာ သူးနို့ရဲ့ပညာအားဖြင့် ဘုရားသခင်ဟှို သိဘဲနနေဟှူ ခီမာ ဘုရားသခင်ဟှာ ယောင်ကြည်ဟှူသူလေဟှို မိုက်မဲဟှူဒေသနာ ဟောပြောရှင်းအားဖြင့် ကယ်တန်ဟှို့တွပ် စေတနာတော်ရှိလေဟှယ်။ 22 ယုဒလူမျိုးလေဟှ နိမိတ်လတ်ခဏာဟှို တောန်းခံတတ်ဂေ့ဟှယ်။ လူမျိုးခြားလေဟှ ဉာဏ်ပညာဟှို ရှာဂေ့လေဟှယ်။ 23 နို့လေဟှ လတ်ဝါးကပ်တိုင်မာ သေခံတော်မူဟှူ ခရစ်တော်ရဲ့ကြောန်းဟှို ဟောပြောလေဟှယ်။ အယ်မူကြောန်းရာဟှာ ယုဒလူမျိုးလေတွပ် မှားယွင်းဟှူကြောန်းဖြစ်ဘီး၊ လူမျိုးခြားလေတွပ်ဟှ မိုက်မဲဟှူကြောန်း ဖြစ်ဟှယ်။ 24 အယ်ဘေမဲ့လည်း ယုဒလူမျိုးဘဲ့ဖြစ်ဖြစ်၊ လူမျိုးခြားလေဘဲ့ဖြစ်ဖြစ် ဝီးကော့‑က်ရှင်းဟှို ခံရဟှူသူလေတွပ်ဟှ ဘုရားသခင်ရဲ့တဂိုးတော်န ဘုရားသခင်ရဲ့ ပညာတော်ဖြစ်ဟှူ ခရစ်တော်ရဲ့ တရားဖြစ်လေဟှယ်။ 25 ဘုရားသခင်ရဲ့ မိုက်မဲဟှူဇာဟှာ လူလေရဲ့ ဉာဏ်ပညာထတ် ပိုဘီး ပညာရှိလေဟှယ်။ ဘုရားသခင်ရဲ့ အားနဲချစ်ဟှာ လူလေရဲ့ စွမ်းထတ် ပိုဘီး စွမ်းအားကီးဟှယ်။
26 ညီကို မောန်နှမလေ၊ နန်းနို့ဟှို ဝီးကော့‑က်ဟှူ ကြောန်းရာဟှို ပ္လန်ဘီး ဆင်ခြင်ကေ့ဂေ့ပါ။ လူ့အဗြင်အားဖြင့် ပြောရမယ် ဆိုဟှာ နန်းနို့လေဟှို ခေါ်ဟှူဇာဟှာ ပညာရှိဟှူသူလေ၊ အသရေရှိဟှူသူလေ၊ မန်းမျိုးမန်းနွယ်လေ လှော့‑က်ဘီးပါဟှ။ 27 အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူ့ရဲ့ ကြံစည် ရည်ရွယ်ချစ်အားဖြင့် ပညာရှိလေဟှို ယှစ်ရစေဟှို့တွပ် လောကမာ မိုက်မဲဟှူသူလေဟှို ဝီးကော့‑က်တော်မူဟှယ်။ စွမ်းသတ္တိရှိဟှူ လူလေဟှို ယှစ်ရစေဟှို့တွပ် လောကမာ အားနဲဟှူ သူလေဟှို ဝီးကော့‑က်တော်မူဟှယ်။ 28 နော့‑က်ဘီး မြတ်ဟှူသူလေဟှို ဖယ်ရှားဟှို့တွပ် လောကမာ ဆင်းရဲဟှူသူ၊ ရေရာဘဲဟှူသူ၊ ယုတ်ညံ့ဟှူသူလေဟှို ဘုရားသခင် ဝီးကော့‑က်တော်မူဟှယ်။ 29 အယ်မျိုးဖြစ်ကြောန့် ဘုရားသခင်ရဲ့ ရှေ့တော်မာ ဖယ်လူလည်း ဝါကြွားဟှို့ကြောန်း မှေ့ဟှ။ 30 နန်းနို့လေဟှာ ဘုရားသခင်အားဖြင့် ယေရှုခရစ်တော်နှိုက် တည်နေဂေ့ဟှယ်။ အယ်သခင်ဟှာ နို့လေတွပ် ဘုရားသခင်နားဟှလာဟှူ ဉာဏ်ပညာ ဖြစ်တော်မူဘီး ဖြောန့်မတ်ရှင်း၊ သန့်ရှင်းရှင်းန ဝီးနှုကယ်တန်ရှင်း ဖြစ်တော်မူလေဟှယ်။ 31 အယ်ကြောန့် ကျမ်းစာဟှ “ဝါကြွားဟှူသူဟှာ ဘုရားသခင်အားဖြင့်ဘဲ့ ဝါကြွားပါစေ” ဆိုဘီး ပြောဟှားဟှယ်။
၁ ကောရိန္သု 2 ->
Languages