3 [a]ခရစ်တော်ယေသျှု၏ အမှုတော်ကို ဆောင်ရွက်ရာ၌ ငါ၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသော ပြစ်ကိလနှင့် အာကုလ ရို့ကိုလည်း ငါနှုတ်ဆက်လိုက်ပါ၏။ 4 သူရို့သည် ငါ့အတွက် မိမိရို့၏အသက်ကို စွန့်ပီးကြ၏။ ငါတစ်ယောက်တည်းသာမက တခြားလူမျိုးအသင်းတော် အားလုံးကလည်း သူရို့ကို ကျေးဇူးတင်လျက်ဟိကြ၏။ 5 သူရို့အိမ်၌ ဟိသော အသင်းတော်ကိုလည်း ငါနှုတ်ဆက်လိုက်ပါ၏။
8 သခင်ဘုရား၏ အဖွဲ့ဝင်များထဲက ငါ၏ချစ်သောမိတ်ဆွီ အမ္ပလိကိုလည်း နှုတ်ဆက်လိုက်ပါ၏။ 9 ခရစ်တော်၏အမှုတော်၌ ငါရို့၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သော ဥရဗန်နှင့် ငါချစ်သောမိတ်ဆွီ သတာခု ရို့ကိုလည်း နှုတ်ဆက်လိုက်ပါ၏။ 10 ခရစ်တော်၌ သစ္စာဟိကြောင်းကို သက်သီပြခသူဖြစ်သော အပေလေအား နှုတ်ဆက်လိုက်ပါ၏။ အာရိတ္တောဗုလု၏ အိမ်ထောင်မိသားစုထဲ၌ ပါဝင်ကြသောသူရို့ကိုလည်း ငါ နှုတ်ဆက်လိုက်ပါ၏။ 11 ငါ့ကဲ့သို့ ယုဒလူမျိုးတစ်ယောက်ဖြစ်သော ဟေရောဒျုန် ကိုလည်း နှုတ်ဆက်လိုက်ပါ၏။ နာကိသု၏မိသားစုထဲ၌ ပါဝင်ကြသော ယုံကြည်သူတိကိုလည်း နှုတ်ဆက်လိုက်ပါ၏။
12 သခင်ဘုရား၏အမှုတော်မြတ်၌ ကြိုးစားဆောင်ရွက်လျက်ဟိကြသော တရုဖဲနနှင့် တရုဖောသကိုလည်း နှုတ်ဆက်လိုက်ပါ၏။ သခင်ဘုရားအတွက် အလုပ် ကြိုးစားလုပ်ဆောင်သောသူ ငါချစ်သော အခြားသော မိန်းမဖြစ်သည့် ပေရသိကိုလည်း နှုတ်ဆက်လိုက်ပါ၏။ 13 [c]သခင်ဘုရား၏အမှုတော်မြတ်၌ ရွီးချယ်ခြင်းခံရသော ရုဖုနှင့် ငါ့ကို သားတစ်ယောက်ကဲ့သို့ ပြုစုလေ့ဟိသော သူ၏မိခင်ကိုလည်း နှုတ်ဆက်လိုက်ပါ၏။ 14 အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေ နှင့်တကွ သူရို့နှင့်အတူ ဟိကြသော အခြားသော ညီအစ်ကို၊ မောင်နှမ ရို့ကိုလည်း နှုတ်ဆက်လိုက်ပါ၏။ 15 ဖိလောလုပ်၊ ယုလိ၊ နီရု၊ သူ၏နှမနှင့် သြလုမ္ပ မှစ၍ သူရို့နှင့်အတူ ဟိကြသော ဘုရားသခင်၏ သန့်ယှင်းသောသူ အားလုံးကိုလည်း နှုတ်ဆက်လိုက်၏။
16 သင်ရို့သည်လည်း အချင်းချင်း တစ်ယောက်ကို တစ်ယောက် သန့်ယှင်းသော အနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အားလုံးကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။
21 [e]ငါ၏လုပ်ဖော်ကိုင်ဖက် တိမောသေနှင့် ငါ၏ ယုဒလူမျိုးတိဖြစ်ကြသော လုကိ၊ ယာသုန်နှင့် သောသိပတရု ရို့ကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ကြ၏။
22 ဤစာကို ရီးသားသူ အကျွန် တေရတိသည်လည်း သခင်ဘုရား၌ သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။
23 [f]ငါမှစ၍ မိမိ၏အိမ်အသင်းတော်၌ လာရောက်စုဝေးကြသော အသင်းတော်တစ်ခုလုံးကို ဧည့်ဝတ်ကျေပွန်သူ ဂါယု ကလည်း သင်ရို့ကို နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်း ဧရတ္တု နှင့် ငါရို့၏ညီအစ်ကို ကွာတု ရို့ကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ကြ၏။ 24 [g]
27 အလုံးစုံသောဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော တစ်ဆူတည်းသောဘုရားသခင်သည် ယေသျှုခရစ်တော်အားဖြင့် အစဉ်ထာဝရ ဘုန်းကြီးပါစီသောဝ်။ အာမင်။[h]
<- ရောမ 15- a တ ၁၈.၂
- b ယုနိ၊ သို့မဟုတ် ယုနိယ၊ အချို့ လက်ရီးမူကျမ်းများတွင် ယုလိ၊ ဟူ၍ ပါဟိ၏။
- c မာ ၁၅.၂၁
- d တချို့သော လက်ရီးမူကျမ်း၌ ဤဝါကျ မပါဟိပေ။
- e တ ၁၆.၁
- f တ ၁၉.၂၉; ၁ ကော ၁.၁၄; ၂ တိ ၄.၂၀
- g အချို့ လက်ရီးမူကျမ်းများတွင် အခန်းငယ် ၂၄ တွင်၊ ငါရို့အသျှင် ယေသျှုခရစ်၏ ကျေးဇူးတော်သည် သင်ရို့၌ တည်ပါစီသော။ အာမင်။ ကို ဖြည့်စွက်ထားပြီး၊ အခြားသော လက်ရီးမူကျမ်းတွင် အခန်းငယ် ၂၇ နောက်၌ ဖြည့်စွက်ထားသည်။
- h အချို့ လက်ရီးမူကျမ်းများတွင် အခန်းငယ် ၂၅–၂၇ သည် ၁၄.၂၃ နောက်တွင် ဟိသည်။ အချို့ကျမ်းများတွင် ၁၄.၂၃ နောက်တွင်သာ ဟိသည်။ ကျမ်းတစ်အုပ်တွင်ကား ၁၅.၃၃ နောက်တွင် ဟိသည်။
Languages