ရောမ အသင်းတော်သို့ ပေါလု၏ ပီးစာ နိဒါန်း ရောမ အသင်းတော်သို့ ပေါလု၏ ပီးစာ ကို ခရစ်တော်မွီးဖွားပြီးနောက် ၅၄–၅၈ ခုနှစ် ကာလကြားတွင် တမန်တော်ပေါလု ရီသားထားခဟန်ဟိပါသည်။ ပေါလုသည် ရောမမြို့သို့ မရောက်နိုင်သောကြောင့် ရောမမြို့၌ဟိသော ယုဒလူမျိုးခရစ်ယာန်တိနှင့် ယုဒလူမျိုး မဟုတ်သော ခရစ်ယာန်တိကို သွန်သင်ရန် ဤစာကို ပို့လိုက်ခြင်းဖြစ်၏။ သူသည် ကောရိန့်မြို့၌ တည်းခိုနိန်သောအချိန်တွင် ဤစာကို ရီးလိုက်ခြင်း ဖြစ်၏။ ပေါလုသည် လူမျိုးအားလုံး ခရစ်တော်ကို ယုံကြည်၍ နာခံလိုက်လျှောက် ကြစီခြင်းငှာ ဤစာကို ရီးလိုက်ခြင်းဖြစ်၏ (၁၆.၂၆)။ ရောမ အသင်းတော်သို့ ပေါလု၏ပီးစာသည် နီရာတိုင်းမှာ ဟိနိန်ကြသော ခရစ်ယာန်တိအတွက် အခါခပ်သိမ်း အရေးကြီးသော စာတစ်စောင်ဖြစ်ပါသည်။ အကြောင်းမူကား ယေသျှုခရစ်တော်အားဖြင့် ငါရို့ရနိုင်သော ကယ်တင်ခြင်းကို စိစိစပ်စပ် ယှင်းယှင်းလင်းလင်း ယှင်းပြထားသောကြောင့် ဖြစ်ပါသည်။ ပေါလုက ခရစ်တော်၏သတင်းကောင်းတရားတော်ကို ဓမ္မဟောင်းနှင့် ဆက်စပ်ဖော်ပြထား၏။ ပညာသျှင်တိက ၁.၁၆ သည် ဤစာအုပ်၏ အဓိကအကျဆုံး ကျမ်းချက်ဟု ထောက်ပြထားကြ၏။ ထိုကျမ်းချက်၌ “ငါသည် သတင်းကောင်းတရားတော်၌ ရှက်ကြောက်ခြင်း မဟိ၊ အကြောင်းမူကား ဤတရားသည် ရှီးဦးစွာ၌ ယုဒလူ၊ ထို့နောက် တခြားလူမျိုးတိနှင့်တကွ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းပီးနိုင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်၏” ဟူ၍ ဆိုထား၏။ ရောမ အသင်းတော်သို့ ပီးစာ၏ ပထမပိုင်း (အခန်းကြီး ၁—၁၂) သည် လေးနက်သော ဓမ္မပညာပိုင်းဖြစ်ပြီး၊ ဒုတိယပိုင်း (အခန်းကြီး ၁၃—၁၅) တွင် ခရစ်ယာန်အသက်တာ၌ လက်တွိ့ကျင့်သုံးရမည့် သွန်သင်ချက်များစွာ ပါဟိ၏။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ပေါလုသည် သူ့ကိုယ်သူ မိတ်ဆက်ခြင်းဖြင့် သူ၏စာကို ရိုးယှင်းစွာ အစပြုရီးထားပြီး ဇာသူ့ကို ရီးသားထားကြောင်း ပြောပြထား၏။ (၁.၁–၁၅) ၂။ ပြီးနောက်၊ သူက လူ့ဇာတိအကြောင်းနှင့် ယေသျှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းရနိုင်ကြောင်းကို ရီးသားထား၏ (၁.၁၆—၁၁.၃၆) ၃။ ထို့နောက်၊ ပေါလုက ခရစ်ယာန်အသက်ရှင်မှုအတွက် လက်တွိ့ကျင့်သုံးမှုဆိုင်ရာ ဩဝါဒများစွာကို ရီးသားထားပါသည် (၁၂.၁—၁၅.၁၃) ၄။ သူသည် ရောမမြို့ အသင်းတော်၌ဟိကြသော လူတိကို နှုတ်ဆက်စကားပြောကာ ဤစာကို နိဂုံးချုပ်ထားပါသည် (၁၆.၁–၂၇)
13 [a]ညီအစ်ကို မောင်နှမရို့၊ ငါသည် တခြားလူမျိုးတိ ပြောင်းလဲလာသကဲ့သို့၊ သင်ရို့ကိုလည်း ပြောင်းလဲလာစီချင်သောကြောင့်၊ သင်ရို့ပါးသို့ လာဖို့ အကြိမ်ကြိမ် စီစဉ်ခသော်လည်း ထိုခရီး မထမြောက်အောင် အမြဲတမ်း တားဆီးခြင်းကို ခံနိန်ရသည်ကို သင်ရို့အား သိစီလိုပါ၏။ 14 အကြောင်းမူကား လူယဉ်ကျေးဖြစ်စီ၊ လူရိုင်းဖြစ်စီ၊ ပညာဟိဖြစ်စီ၊ ပညာမဲ့ဖြစ်စီ၊ လူသားအားလုံးအတွက် ငါမှာ တာဝန်ဟိ၏။ 15 သို့ဖြစ်၍ ငါသည် ရောမမြို့၌ နီထိုင်ကြသော သင်ရို့ကိုလည်း သတင်းကောင်းတရား ဟောပြောခြင်းငှာ စိတ်အားထက်သန်လျက် ဟိ၏။
24 ထို့ကြောင့် ဘုရားသခင်သည် ထိုသူရို့အား မိမိရို့၏ကိလေသာစိတ် ညစ်ညူးခြင်းအမှုကို ပြုခြင်းငှာ စွန့်ပစ်ထားတော်မူ၏။ သို့ဖြစ်၍ သူရို့သည် အချင်းချင်း ရှက်ဖွယ်သော အမှုကို ပြုကြ၏။ 25 သူရို့သည် ဘုရားသခင်၏သမ္မာတရားကို မုသားနှင့် လှဲလှယ်၍ ထာဝရချီးမွမ်းဖွယ်ရာ ဖြစ်တော်မူသော ဖန်ဆင်းသျှင် ကိုယ်စား ဘုရားသခင် ဖန်ဆင်းထားသော အရာများကိုသာ ကိုးကွယ်ဝတ်ပြုလျက် ထိုအရာများ၏အမှုကိုသာ ဆောင်ရွက်နိန်ကြ၏။ အာမင်။
26 သူရို့သည် ဤအရာများကို ပြုမူနိန်ကြသောကြောင့် ဘုရားသခင်သည် သူရို့အား ရှက်ကြောက်ဖွယ်သော ကိလေသာလက်ထဲသို့ စွန့်ပစ်တော်မူ၏။ မိန်းမရို့သည် သဘာဝနှင့်လျှော်ညီသောဆက်ဆံခြင်း ထုံးစံကို စွန့်၍ ပကတိနှင့် ဆန့်ကျင်ဖက် ထုံးစံသို့ လိုက်ကြ၏။ 27 ထို့အတူ၊ ယောက်ျားရို့သည်လည်း မိန်းမနှင့် သဘာဝနှင့်လျှော်ညီသောဆက်ဆံခြင်း ထုံးစံကို စွန့်၍ အချင်းချင်း ကိလေသာစိတ်ပူလောင်လျက် ယောက်ျားအချင်းချင်း ရှက်ကြောက်ဖွယ်သော အမှုကို ပြုကြ၏။ သို့ဖြစ်၍ သူရို့သည် မိမိရို့ ပြုမှားသောအပြစ်အတွက် ခံထိုက်သောပြစ်ဒဏ်ကို မိမိရို့ထက်မှာ သွန်းလောင်းကြ၏။
28 ထိုသူရို့သည် စိတ်ထဲ၌ ဘုရားသခင်၏ မှန်သော အသိပညာကို လက်မခံကြသောကြောင့် ဘုရားသခင်သည် သူရို့အား မပြုအပ်သော အမှုကို ပြုစီခြင်းငှာ ယုတ်ညံ့သောစိတ်သို့ အပ်လိုက်တော်မူ၏။ 29 သူရို့သည် ဒုစရိုက်အမျိုးမျိုးကို ကျင့်ခြင်း၊ ဆိုးညစ်ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ လူအသက်ကို သတ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ လိမ်ညာလှည့်ပတ်ခြင်း၊ သူတစ်ပါးကို အမြင်ကပ်ခြင်း၊ အတင်းပြောခြင်း၊ 30 ဆဲရေးတိုင်းထွာခြင်း၊ ဘုရားသခင်ကို မုန်းခြင်း၊ မောက်မာခြင်း၊[e] ဝါကြွားခြင်း၊ ဒုစရိုက်ပြုမည့် နည်းလမ်းတိကိုသာ တွီးတောကြံစည်ခြင်း၊ မိဘစကားကို နားမထောင်ခြင်း၊ 31 ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း၊ ကတိမတည်ခြင်း၊ သူတစ်ပါးကို သနားကြင်နာစိတ် ကင်းမဲ့ခြင်းများဖြင့် ပြည့်စုံလျက်ဟိကြ၏။ 32 ထိုသို့သော ကျင့်သောသူရို့သည် သီပြစ်ကို ခံထိုက်သည်ဟု ဘုရားသခင်၏ပညတ်တရားက မိန့်မှာထားသည်ကို သူရို့သည် သိလျက်ပင်၊ ကိုယ်တိုင် ကျင့်ကြသည်သာမက ထိုသို့ ကျင့်သောသူတိကိုလည်း အားပီးအားမြှောက် ပြုလျက်ဟိကြ၏။
ရောမ 2 ->
Languages