3 ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ပလ္လင်တော်အနားသို့ လာ၍ ရပ်၏။ သူသည် နံ့သာပေါင်းကို ထည့်၍ပူဇော်သည့် ရွှီခွက်ကို ကိုင်ထား၏။ ပလ္လင်တော်ရှိ့၌ ဟိသော ရွှီယဇ်ပလ္လင်ထက်မှာ ဘုရားသခင်လူအပေါင်းရို့၏ ဆုတောင်းပတ္ထနာများနှင့်အတူ ပူဇော်ရန် များစွာသော နံ့သာပေါင်းကို သူ့အား ပီးအပ်ထား၏။ 4 ဘုရားသခင်၏ ရှိ့တော်တွင် ရပ်နိန်သော ကောင်းကင်တမန်၏လက်၌ ဟိသော နံ့သာပေါင်းမှ ထွက်လာသောမီးခိုးသည် ဘုရားသခင်လူရို့၏ ဆုတောင်းပတ္ထနာများနှင့်အတူ အထက်သို့ တက်လေ၏။ 5 [a]ထို့နောက် ကောင်းကင်တမန်သည် နံ့သာပေါင်းကို ထည့်ပူဇော်သည့် ရွှီခွက်ကို ယူပြီးလျှင် ယဇ်ပလ္လင်မှ မီးကိုထည့်၍ မြီကြီးထက်သို့ ပစ်ချလိုက်၏။ ထိုအခါ မိုးခြိမ်းခြင်း၊ အသံမြည်ခြင်း၊ လျှပ်ပြက်ခြင်း၊ မြီငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်လာလေ၏။
8 ဒုတိယကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ မီးတောက်နိန်သော တောင်ကြီးတစ်တောင် ကဲ့သို့သော အရာတစ်ခုကို ပင်လယ်ထဲသို့ ပစ်ချလိုက်လေ၏။ ထိုအခါ ပင်လယ်ရီ သုံးပုံတစ်ပုံသည် သွီးအဖြစ်သို့ ပြောင်းလားလေ၏။ 9 ပင်လယ်သတ္တဝါ သုံးပုံတစ်ပုံရို့သည် သီဆုံးလားကြ၏။ သုံးပုံတစ်ပုံမျှသော သင်္ဘောတိလည်း ပျက်စီးလားကြ၏။
10 တတိယကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ မီးရှူးတိုင်ကဲ့သို့ တောက်လောင်နိန်သော ကြယ်ကြီးတစ်လုံးသည် အာကာပြင်မှ ကြွီဆင်းလာကာ မြစ်သုံးပုံတစ်ပုံနှင့် စမ်းပေါက်များ၌ ကျလေ၏။ 11 ယင်းကြယ်ကို “ခါးသီးခြင်း” ဟု ခေါ်၏။ သုံးပုံတစ်ပုံသော ရီသည် ရီခါးအဖြစ်သို့ ပြောင်းလားကြ၏။ များစွာသော လူရို့သည် ထိုရီခါးကို သောက်သဖြင့် သီဆုံးကြကုန်၏။
12 စတုတ္ထကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ နီ၏ သုံးပုံတစ်ပုံ၊ လ၏ သုံးပုံတစ်ပုံ၊ ကြယ်တာယာများ၏ သုံးပုံတစ်ပုံသည် ကြတ်၍ ၎င်းရို့၏ အလင်းသည် သုံးပုံတစ်ပုံ မိုက်လားလေ၏။ နိ့၏ သုံးပုံတစ်ပုံ၊ ည၏ သုံးပုံတစ်ပုံသည်လည်း အလင်း မရကြ။
13 ထို့နောက် ငါ ကြည့်လိုက်သောအခါ ကောင်းကင်အလယ်၌ ပျံဝဲလျက်နိန်သော လင်းယုန်ငှက်တစ်ကောင်ကို မြင်ရ၏။ ထိုငှက်က “အခြားသော ကောင်းကင်တမန်သုံးပါး မှုတ်ကြမည့် တံပိုးခရာအသံကြောင့် မြီကြီးထက်၌ ဟိသော သတ္တဝါရို့သည် အမင်္ဂလာ ဟိကြလိမ့်မည်၊ အမင်္ဂလာ ဟိကြ လိမ့်မည်၊ အမင်္ဂလာ ဟိကြလိမ့်မည်” ဟု အသံကျယ်လောင်စွာ ပြောဆိုနိန်သည်ကို ငါကြားရ၏။
<- ဗျာဒိတ်တော် 7ဗျာဒိတ်တော် 9 ->- a ဗျာ ၁၁.၁၉; ၁၆.၁၈
Languages