1 ထို့နောက် ကောင်းကင်တမန်သည် ငါ့အား အသက်ရီစီးရာ မြစ်ကိုလည်း ပြ၏။ ထိုမြစ်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပကာ ဘုရားသခင်နှင့် သိုးသူငယ်တော်၏ပလ္လင်မှ ထွက်၍၊ 2 မြို့တော်၏အလယ် လမ်းမတလျှောက် စီးဆင်းလေ၏။ ထိုမြစ်၏တစ်ဖက်စီ၌ အသီးတစ်ဆယ့်နှစ်မျိုးသီး၍ မိမိအသီးကို လစဉ်ပီးတတ်သည့် အသက်ပင်ဟိ၏။ ထိုအပင်၏ အရွက်များသည် လူမျိုးတကာရို့၏ အနာရောဂါများကို ပျောက်ကင်းစီရန်အတွက် ဖြစ်၏။ 3 ထိုမြို့တွင် ဘုရားသခင်၏ ကျိန်ခြင်းကို ခံရသည့်အရာဟူ၍ မတွိ့ရ။
7 ယေသျှုကလည်း “နားထောင်လော့၊ ငါသည် မကြာမီ ကြွလာမည်။ ဤကျမ်းစောင်တွင် ပါဟိသည့် ပရောဖက်ပြုထားသော စကားများကို လိုက်လျှောက်သော သူရို့သည် မင်္ဂလာဟိ၏” ဟု မိန့်တော်မူ၏။
8 ဤအမှုအရာများကို တွိ့မြင်ကြားသိရသောသူကား ငါ ယောဟန်ပင် ဖြစ်၏။ ထိုအရာများကို တွိ့မြင်ကြားသိရပြီးသောအခါ ငါသည် ကောင်းကင်တမန်အား ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်း၌ ပျပ်ဝပ်လိုက်၏။ 9 ကောင်းကင်တမန်က “ဤသို့ မလုပ်ကေ့။ ငါသည် သင်နှင့်တကွ သင်၏ညီအစ်ကို ပရောဖက်တိနှင့် ဤကျမ်းစောင်၏ စကားကို လိုက်နာစောင့်ထိန်းသောသူရို့၏ လုပ်ဖော်ဆောင်ဖက် အစီခံတစ်ယောက်သာလျှင် ဖြစ်၏။ ဘုရားသခင်ကိုသာလျှင် ကိုးကွယ်လော့” ဟု ဆို၏။ 10 ထို့နောက် ကောင်းကင်တမန်က “ဤအမှုအရာ အားလုံးဖြစ်ပျက်မည့် အချိန်သည် နီးကပ်လာယာ ဖြစ်သောကြောင့် ဤကျမ်းစောင်တွင် ဖော်ပြပါဟိသော ပရောဖက်စကားများကို တံဆိပ်ခတ်၍ မထားကေ့။ 11 မတရားသောအမှုကို ပြုသောသူသည် ပြုမြဲ ပြုပါစီ။ ညစ်ညမ်းသောသူသည် ဆက်လက်၍ ညစ်ညမ်းလျက် နိန်ပါစီ။ ဖြောင့်မတ်သောသူသည် ဆက်လက်၍ ဖြောင့်မတ်ပါစီ။ သန့်ယှင်းသောသူသည် ဆက်လက်၍ သန့်ယှင်းပါစီ” ဟု ငါ့အား ဆို၏။
12 ယေသျှုက “နားထောင်လော့၊ မကြာမီ ငါ ကြွလာမည်။ ငါသည် အကျိုးအပြစ်ကို ယူဆောင်လာသည်ဖြစ်၍ လူအသီးသီးရို့အား မိမိရို့၏ အကျင့်အလျောက် ပီးအပ်ရမည်။ 13 [a]ငါသည် အာလဖနှင့် သြမေဃဖြစ်ပြီး အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။
14 မိမိရို့၏အဝတ်ကို သန့်ယှင်းအောင် လျှော်ဖွတ်သော သူရို့သည် မင်္ဂလာဟိကြ၏။ ထိုသူရို့သည် အသက်ပင်၏ အသီးကို စားသုံးနိုင်သောအခွင့်နှင့် မြို့တန်းခါးဖြင့် မြို့တွင်းသို့ ဝင်နိုင်ရသောအခွင့်ကိုလည်း ရကြလိမ့်မည်။ 15 သို့ရာတွင် ခွီးတိ၊[b] ပြုစားတတ်သော သူတိ၊ ကာမဂုဏ်လိုက်စားသော သူတိ၊ လူ့အသက်ကို သတ်သောသူတိ၊ ရုပ်တုကိုးကွယ်သော သူတိနှင့် လိမ်လည်ပြောဆို၍ ကျင့်ကြံသော သူရို့သည် မြို့ပြင်တွင် နိန်ရကြလိမ့်မည်။
16 “ငါ ယေသျှုသည် အသင်းတော်များ၌ ဟိကြသော သင်ရို့အား ဤအကြောင်းအရာများကို ကြေညာရန် ငါ၏ကောင်းကင်တမန်ကို စီရွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ တောက်ပသော မိုးသောက်ကြယ်လည်း ဖြစ်၏။”
17 ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက “ကြွလာတော်မူပါ” ဟု ဆိုကြ၏။
20 ဤအကြောင်းအရာများကို သက်သီခံတော်မူသော အသျှင်က “မုချ၊ ငါသည် မကြာခင် ကြွလာမည်” ဟု မိန့်တော်မူ၏။
21 အသျှင်ယေသျှု၏ ကျေးဇူးတော်ကို လူတိုင်း[c] ခံစားရကြပါစီသောဝ်။ အာမင်။
<- ဗျာဒိတ်တော် 21- a ဗျာ ၁.၈; ဗျာ ၁.၁၇; ၂.၈
- b ခွီးတိ၊ ဟူသော စကားသည် ခိုင်းနှိုင်းထားခြင်းသာ ဖြစ်သည်။ အချို့သော ကျမ်းများတွင် မှောက်လှန်သောသူ၊ သို့မဟုတ် မသန့်ယှင်းသောသူ၊ ဟူ၍ ပြန်ဆိုထားကြသည်။
- c လူတိုင်း၊ အချို့သော မူရင်းလက်ရီမူကျမ်းများတွင် ဘုရားသခင်၏ လူများ၊ ဟူ၍ လည်းကောင်း၊ အခြားတွင် ဘုရားသခင်၏ လူအားလုံးရို့၊ ဟူ၍ လည်းကောင်း ပါဟိသည်။
Languages