2 ထို့နောက် မီးနှင့်ရောသည့် ဖန်ရီကန်နှင့်တူသော အရာတစ်ခုကို ငါမြင်ရ၏။ သားရဲနှင့် သူ၏ရုပ်တုအား လည်းကောင်း၊ ကိန်းဂဏန်း၏ နာမည်ကို ပိုင်ဆိုင်သူအား လည်းကောင်း အောင်နိုင်သောသူရို့ကို ငါမြင်ရ၏။ သူရို့သည် ဘုရားသခင် ပီးတော်မူသော စောင်းများကို ကိုင်လျက် ဖန်ရီကန်အနားတွင် ရပ်လျက်နိန်ကြ၏။ 3 သူရို့သည် ဘုရားသခင်၏ အစီခံ မောသျှေ၏ တေးခြင်းနှင့် သိုးသူငယ်တော်၏ တေးခြင်းကို သီဆိုကြသည်ကား၊
5 ထို့နောက် ကောင်းကင်ဘုံ၌ ပဋိညာဉ်တဲတော်ဟိရာ ဗိမာန်တော်သည် ပွင့်လာသည်ကို ငါ မြင်ရ၏။ 6 ထိုအခါ ကပ်ဘေးခုနစ်ပါးကို သယ်ဆောင်လာသော ကောင်းကင်တမန် ခုနစ်ပါးသည် ဗိမာန်တော်ထဲမှ ထွက်လာကြ၏။ သူရို့သည် ကြည်လင်တောက်ပသော ပိတ်ချောထည်ကို ဝတ်ဆင်၍ ရွှီရင်စည်းကို ပတ်ထားကြ၏။ 7 ထို့နောက် သက်ဟိသတ္တဝါ လေးပါးအနက် တစ်ပါးသည် ကာလအစဉ်အမြဲ အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်ပြည့်လျက်ဟိသည့် ရွှီဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးရို့အား ပီးလေ၏။ 8 ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကြောင့် ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်လျက်ဟိ၏။ သို့ဖြစ်၍ ကောင်းကင်တမန် ခုနစ်ပါးသယ်ဆောင်လာသည့် ကပ်ဘေးခုနစ်ပါး ပြီးဆုံးသည်ထိ ဇာသူမျှ ဗိမာန်တော်ထဲသို့ မဝင်နိုင်။
<- ဗျာဒိတ်တော် 14ဗျာဒိတ်တော် 16 ->- a လူမျိုးတကာ၊ အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် ခေတ်ကာလ၊ ဟူ၍ ပါဟိသည်။
Languages