4 ထိုသက်သီခံနှစ်ပါးကား မြီကြီးကို အစိုးပိုင်တော်မူသော အသျှင်၏ ရှိ့တော်၌ ဟိသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံးဖြစ်၏။ 5 တစ်စုံတစ်ယောက်သောသူက ထိုသက်သီခံနှစ်ပါးအား အန္တရာယ်ပြုလျှင် သူရို့၏ခံတွင်းမှ မီးလျှံများထွက်၍ ထိုရန်ပြုသောသူကို ကျွမ်းလောင်စီလေ၏။ သူရို့အား အန္တရာယ်ပြုရန် ကြိုးစားသူ မှန်သမျှသည် ဤနည်းအတိုင်း သီကြရလိမ့်မည်။ 6 ထိုသူရို့သည် ဗျာဒိတ်တော်ကို ဟောပြောသည့် အချိန်ကာလအတွင်း မိုးမရွာစီရန် မိုးကောင်းကင်ကို ပိတ်နိုင်သော တန်ခိုးဟိကြ၏။ ရီကို သွီးအဖြစ်သို့ ပြောင်းလဲစီနိုင်သော တန်ခိုးလည်း ဟိကြ၏။ သူရို့သည် မိမိရို့ အလိုဟိသည့်အခါတိုင်း ကမ္ဘာမြီကြီးကို ဘေးဒဏ်အမျိုးမျိုး သင့်စီနိုင်ကြ၏။
7 သူရို့၏ သက်သီခံဟောပြောသည့်အလုပ် ပြီးစီးသောအခါ၌ တွင်းနက်ကြီးထဲမှ သားရဲသည် တက်လာ၍ သူရို့အား တိုက်ခိုက်လိမ့်မည်။ ထို့နောက် သူသည် ထိုသူရို့ကို အောင်နိုင်၍ အသီသတ်လိမ့်မည်။ 8 သူရို့၏ အလောင်းများသည် မြို့ကြီးများ၏ လမ်းမထက်၌ ဟိကြလိမ့်မည်။ ထိုမြို့ကား သူရို့၏သခင်ဘုရားသည် လက်ဝါးကပ်တိုင်တွင် တင်၍အသတ်ခံရာ မြို့ဖြစ်၏။ ယင်းမြို့သည် သောဒုံမြို့ကို ဖြစ်စီ၊ အဲဂုတ္တုပြည်ကို ဖြစ်စီ ပုံဆောင်သောမြို့ဖြစ်သတည်း။ 9 တိုင်းနိုင်ငံအသီးသီး၌ ဟိသောဘာသာစကား အမျိုးမျိုးပြောကြသော လူမျိုးအနွယ် အပေါင်းရို့သည် သူရို့၏ အလောင်းများကို သင်္ဂြိုဟ်ရန် ခွင့်မပြုဘဲ သုံးရက်ခွဲတိုင်အောင် ကြည့်နိန်ကြလိမ့်မည်။ 10 မြီကြီးသားရို့သည် ပရောဖက်နှစ်ပါး သီဆုံးလားသည့်အတွက် ပွဲခံလျက် အချင်းချင်းလက်ဆောင်များကို ပီးကာ အောင်ပွဲခံကြလိမ့်မည်။ ဇာကြောင့်ဆိုသော် ထိုပရောဖက်နှစ်ပါးသည် မြီကြီးသားရို့အား ဒုက္ခများစွာကို ရောက်စီခကြသောကြောင့်ဖြစ်၏။ 11 သို့ရာတွင် သုံးရက်ခွဲကြာပြီနောက် ဘုရားသခင်သည် အသက်ဝိညာဉ်ကို ထိုသူရို့အထဲသို့ တဖန်မှုတ်သွင်းသဖြင့် သူရို့သည် ထ၍ မတ်တတ်ရပ်ကြ၏။ ဤအမှုအရာကို တွိ့မြင်သူ မြီကြီးသားရို့သည်လည်း ကြောက်ရွံ့ကြ၏။ 12 ထို့နောက် ပရောဖက်နှစ်ပါးရို့သည် “ဤအရပ်သို့ တက်လော့” ဟု မိမိရို့အား ကောင်းကင်မှ ကျယ်လောင်စွာပြောသော အသံကို ကြားရကြ၏။ ထိုသူရို့သည် သူရို့၏ရန်သူတိ စောင့်ကြည့်နိန်စဉ် မိုးတိမ်တိုက်ကို စီး၍ ကောင်းကင်သို့ တက်လားကြ၏။ 13 [b]ထိုခဏ၌ ငလျင်ပြင်းထန်စွာ လှုပ်သဖြင့် မြို့၏ ဆယ်ပုံတစ်ပုံ ပျက်စီး၍ လူပေါင်း ၇,၀၀၀ သီဆုံးကြကုန်၏။ ကြွင်းကျန်သော သူရို့သည် ထိတ်လန့်လျက် ကောင်းကင်ဘုံသျှင် ဘုရားသခင်၏ ဘုန်းတော်ကို ချီးကျူးကြကုန်၏။
14 ဒုတိယအမင်္ဂလာကား ကုန်လွန်လားသော်လည်း တတိယအမင်္ဂလာသည် မကြာခင် လာလိမ့်မည်။
Languages