ဗျာဒိတ်တော် နိဒါန်း ယောဟန်ပါးသို့ ဖွင့်ပြသော ဗျာဒိတ်တော်စာအုပ်သည် ဓမ္မသစ်ကျမ်းတွင် နောက်ဆုံးသော စာအုပ်တစ်အုပ်ဖြစ်၏။ ဤစာအုပ်သည် ခရစ်တော်မွီးဖွားပြီးနောက် ၉၅ ခုနှစ် ဝန်းကျင်တွင် တမန်တော် ယောဟန်က ရီးသားခခြင်းဖြစ်သည် (၁.၁)။ ယောဟန်သည်ကား ယောဟန်ပြုစုထားသော သတင်းကောင်းစာအုပ်နှင့် ယောဟန်ပီးစာ ပထမ၊ ဒုတိယနှင့် တတိယ စာအုပ်များကိုလည်း ရီးသားခသူဖြစ်၏။ ထိုယောဟန်ကို လူအများက “ယေသျှု၏ အချစ်ကို ခံရသောသူ” အဖြစ် သိကြသည် (ယော ၁၃.၂၃)။ သူသည် ဤစာအုပ်ကို ပတ်မုကျွန်း၌ ဟိနိန်စဉ် ရီးသားခခြင်းဖြစ်သည်။ ထိုကျွန်း၌ ဟိနိန်သည့်အကြောင်းမှာ သူသည် ယေသျှုခရစ်တော်၏ သတင်းကောင်းတရားကို ဟောပြောသောကြောင့် ထိုကျွန်းသို့ ပြည်နှင်ဒဏ်ခံရသောကြောင့် ဖြစ်၏ (၁.၉)။ ဤဗျာဒိတ်တော်စာအုပ်ကို ယောဟန်ရီးသားရသည့် ရည်ရွယ်ချက်မှာ စာဖတ်သောသူရို့အား ယေသျှုခရစ်တော်၌ သစ္စာဟိစွာ ယုံကြည်ရန် အားပီးတိုက်တွန်းခြင်းနှင့် ယေသျှု ပြန်လည်ကြွလာမည့်အချိန်သည် နီးကပ်လာပြီ ဖြစ်ကြောင့် ထိုသူရို့အား မျှော်လင့်ခြင်းကို ပီးထားခြင်းပင် ဖြစ်၏ (၁.၃; ၂၂.၇)။ သူသည် ခရစ်ယာန်ဘာသာဝင်အားလုံးပါးသို့ ရီးသားခပြီး အခန်းကြီး ၂—၃ တွင် အသင်းတော် ခုနစ်ပါး ပါးသို့လည်း တိတိကျကျ ရီးသားခခြင်းဖြစ်၏။ ယောဟန်သည် မိမိ၏ စာအရီးအသား များကို ပရောဖက်ပြုထားသကဲ့သို့ ရီးသားထား (၁.၃) ပြီး သူမြင်ခသမျှသောအရာတိကို ဤစာအုပ်တွင် ဖော်ပြရာ၌ ပုံရိပ်များစွာကို အသုံးပြုထားသည်။ ဤစာအုပ်၏ အချို့သော အပိုင်းများမူကား ဓမ္မဟောင်းကျမ်းမှ အထူးသဖြင့် ဇာခရိ ၆.၁–၈ နှင့် အလားသဏ္ဌာန်တူညီနိန်သည်။ တံပိုးခုနစ်လုံးနှင့် မီးခွက်ခုနစ်လုံးတိကလည်း အဲဂုတ္တုပြည်ကို အပြစ်စီရင်ခြင်းငှာ ဘုရားသခင် စီရွှတ်သော ဘေးဒဏ်ကြီးများနှင့် လွန်စွာ အလားသဏ္ဌာန်တူနိန်၏ (ထွက်မြောက်ရာကျမ်း ၇–၉)။ ဗျာဒိတ်ကျမ်းတွင် အချိန်ကာလ၏ အဆုံးသတ်အကြောင်းကို ပြောပြထားပြီး ထိုအကြောင်းအရာသည်ကား ယေသျှုသည် အောင်နိုင်သောသူဖြစ်လာ၍ ထိုသူ၌ ယုံကြည်သောသူအားလုံးသည် ထိုသူနှင့်အတူ ထာဝရ အသက်ရှင်လိမ့်မည်။ ဤစာအုပ်သည်ကား ယေသျှုသည် မကြာမီပြန်လာမည့်အကြောင်း သင့်အဖို့ သတိပီးခြင်းနှင့် မျှော်လင့်ခြင်းကို ပီးပါစီသောဝ်။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ယောဟန်က မိမိသည် ဇာသူဖြစ်ကြောင်းနှင့် ဤပရောဖက်နှင့်ဆိုင်သော ရူပါရုံကို သူသည် ဇာပိုင်ရဟိကြောင်းကို ပြောကြားခြင်းဖြင့် အစပြုခြင်း (၁.၁—၁.၂၀) ၂။ သူသည် အသင်းတော်ခုနစ်ပါး ပါးသို့ ယေသျှုထံမှ တိုက်ရိုက်ရဟိသော သတင်းစကားတစ်ခုကို ပီးခြင်း (၁.၁—၃.၂၂) ၃။ ထို့နောက်တွင် သူသည် တံဆိပ်ခုနစ်မျိုးနှင့် တံပိုးခရာခုနစ်လုံးတိကို ဖော်ပြခြင်း (၄.၁—၁၁.၁၉) ၄။ ထိုအရာများကို ဖော်ပြပြီးနောက်၊ ဂေါင်းခုနစ်လုံးဟိသော နဂါးနှင့် သိုးသူငယ်၏ စစ်ပွဲကို ယောဟန်ဖော်ပြခြင်း (၁၂.၁—၁၄.၂၀) ၅။ ထို့နောက်၊ သူသည် အမျက်တော်ဖလားခွက် ခုနစ်လုံး အကြောင်းကို ရီးသားထားခြင်း (၁၅.၁—၁၆.၁၈) ၆။ ထို့အပြင်၊ ယောဟန်က ဘုရားသခင်သည် မိမိ၏ ရန်သူတိကို ကောင်းကင်ဘုံ၌ ဇာပိုင် အောင်နိုင်ခကြောင်းကို ဖော်ပြခြင်း (၁၇.၁—၂၀.၁၅) ၇။ နောက်ဆုံး၊ အဆုံးသတ်ကာလ၌ ကောင်းကင်သစ်နှင့် မြီကြီးသစ် ဖြစ်ပေါ်လာမည့်အကြောင်းကို ယောဟန် ဖော်ပြခြင်း (၂၁.၁—၂၂.၂၁)
7 [c]ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်စီး၍ ကြွလာတော်မူလိမ့်မည်။ ကိုယ်တော့်ကို လှံဖြင့် ထိုးခသော သူတိပါမကျန် လူအပေါင်းရို့သည် ကိုယ်တော့်ကို မြင်ကြရလိမ့်မည်။ မြီကြီး၌ ဟိသော လူအပေါင်းရို့သည် ကိုယ်တော်ကြောင့် ရင်စည်တီးလျက် ငိုကြွီးကြလိမ့်မည်။ ထိုသို့ ဖြစ်ပါစီသောဝ်၊ အာမင်။
8 [d]အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ ဟိတော်မူသော အနန္တတန်ခိုးသျှင် ဘုရားသခင်က “ငါသည် အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။
12 ထိုသို့ ငါ့အား ပြောနိန်သောအသံသည် ဇာသူ၏အသံ ဖြစ်ပါသနည်းဟု လှည့်၍ ငါ ကြည့်လိုက်သောအခါ ရွှီမီးခွက်ခုနစ်လုံးကိုလည်းကောင်း၊ 13 ထိုမီးခွက်တိအလယ်၌ လူသားနှင့်တူသော သူတစ်ဦးကိုလည်းကောင်း ငါတွိ့ရ၏။ ထိုသူသည် ဝတ်ရုံကို ခြီဖျားတိုင်အောင် ခြုံ၍ ရွှီရင်စည်းကို ဝတ်ဆင်ထား၏။ 14 သူ၏ဆံပင်သည် မိုးပွင့်ကဲ့သို့ လည်းကောင်း၊ သိုးမွီးကဲ့သို့ လည်းကောင်း ဖြူ၏။ သူ၏မျက်လုံးများသည်လည်း မီးလျှံကဲ့သို့ တောက်ပလျက် နိန်၏။ 15 သူ၏ခြီသည် မီးဖြင့် ချွတ်ထားသည့် တောက်ပသော ကြီးဝါနှင့် တူ၏။ သူ၏အသံမှာ ကြီးမားသော ရီတံခွန်၏ အသံနှင့် တူ၏။ 16 သူသည် လက်ယာလက်ဖြင့် ကြယ်ခုနစ်လုံးကို ကိုင်ထား၏။ သူ၏ခံတွင်းမှ ပြတ်သောသန်လျက် ထွက်လာ၏။ သူ၏မျက်နှာသည်လည်း တန်ခိုးနှင့် ထွန်းတောက်သည့် မွန်းတည့်နီ၏ အလင်းကဲ့သို့ ဖြစ်၏။ 17 [e]ထိုသူကို တွိ့သောအခါ ငါသည် သူ၏ခြီတော်ရင်း၌ လဲကျလားပြီး လူသီကဲ့သို့ ဖြစ်လေ၏။ ထိုသူသည် ငါ့အထက်၌ လက်ယာလက်တော်ကို တင်တော်မူပြီးလျှင် “မကြောက်ကေ့၊ ငါသည် အစနှင့် အဆုံးဖြစ်၏။ 18 ငါသည် အသက်ရှင်တော်မူသော သူဖြစ်၏။ ငါသည် သီခသော်လည်း အဂုတွင် ထာဝရအသက်ရှင်လျက် ဟိ၏။ ငါသည် သီခြင်းတရားနှင့် မရဏာနိုင်ငံကို အစိုးရ၏။ 19 သင် မြင်တွိ့ရသည့် အမှုအရာများမှာ အဂု ဖြစ်ပျက်နိန်သော အမှုအရာများနှင့် နောင်အခါ၌ ဖြစ်ပျက်မည့် အမှုအရာများသာ ဖြစ်၏။ ထိုအကြောင်းအရာများကို ရီးထားလော့။ 20 ငါ၏ လက်ယာလက်တော်တွင် သင် မြင်တွိ့ရသည့် ကြယ်ခုနစ်လုံးနှင့် ရွှီမီးခွက် ခုနစ်လုံး၏ လျှို့ဝှက်သည့် အနက်အဓိပ္ပာယ်မှာ မီးခွက် ခုနစ်လုံးသည် အသင်းတော် ခုနစ်ပါး ဖြစ်၍၊ ကြယ်ခုနစ်လုံးသည် ထိုအသင်းတော် ခုနစ်ပါး၏ ကောင်းကင်တမန်တိ ဖြစ်သတည်း” ဟု မိန့်တော်မူ၏။
ဗျာဒိတ်တော် 2 ->
Languages