ဖိလေမုန် ပါးသို့ ပေါလု၏ ပီးစာ နိဒါန်း တမန်တော်ပေါလု ရီးသားသော ပီးစာများထဲတွင် ဖိလေမုန်ပါးသို့ ပီးသောစာသည် အတိုဆုံးသော ပီးစာတစ်စောင် ဖြစ်သည် (၁.၁)။ ပေါလုသည် ရောမမြို့၌ ထောင်ကျနိန်စဉ်အတွင်း ထိုစာကို ရီးသားခြင်း ဖြစ်နိုင်သည်။ အကယ်၍ သူသည် ရောမမြို့၌ ဟိနိန်ပါက ခရစ်တော်မွီးဖွားပြီးနောက် ၆၁ ခုနှစ်ခန့်တွင် ကောလောသဲ အသင်းတော်သို့ ပီးစာကို ရီးသည့်အချိန်နှင့် အတူတူပင် ဖြစ်သည်။ ပေါလုသည် ဖိလေမုန်ဟု နာမည်ဟိသော လူတစ်ယောက်ပါးသို့ ဤစာကို ရီးသားခသည်။ ဖိလေမုန်သည် အသင်းသား တစ်ယောက်ဖြစ်ပြီး ကျွန်ပိုင်သျှင်တစ်ယောက်လည်း ဖြစ်၏။ ပေါလုက ဖိလေမုန်ပါးမှ ထွက်ဗြီးလာသော ကျွန်ဖြစ်သူ သြနေသိမ်အား အပြစ်မပီးရန် တောင်းဆိုထားသော စာဖြစ်သည်။ ရောမ ဥပဒေအရ ဖိလေမုန်သည် သြနေသိမ်ကို သတ်ပိုင်ခွင့် ဟိသည်။ ပေါလုသည် ဖိလေမုန်အား သြနေသိမ်ကို ခရစ်ယာန်ညီအစ်ကိုအဖြစ် လက်ခံရန် တိုက်တွန်းထားပြီး သူ့အား မိမိကို ပြုစုခွင့်ပြုရန် အကြံပီးခသည် (၁.၁၃–၁၄)။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ပေါလုသည် ဖိလေမုန်အား နှုတ်ဆက်ခြင်း (၁–၃) ၂။ ထို့နောက်၊ ပေါလုသည် ဖိလေမုန်အား သြနေသိမ်ကို ခရစ်ယာန်ညီအစ်ကိုအဖြစ် လက်ခံရန် တောင်းဆိုခြင်း (၄–၂၁) ၃။ ပေါလုသည် သူ၏လည်ပတ်မည့် ရည်ရွယ်ချက်ကို ကြေညာပြီး နှုတ်ဆက်စကား ပီးပို့ခြင်းဖြင့် အဆုံးသတ်ထားခြင်း (၂၂–၂၅)
12 သူ့ကို သင်ပါးသို့ ငါ ပြန်ရွှတ်လိုက်၏။ သူ့ကို ငါ၏ရင်သွီးကဲ့သို့ မှတ်လော့။ 13 ငါသည် ဧဝံဂေလိတရားကြောင့် အကျဉ်းကျခံနိန်ရစဉ် သင်၏ကိုယ်စား ငါ့ကို ကူညီဆောင်ရွက်ပီးရန် သူ့ကို ခေါ်ထားလို၏။ 14 သို့ရာတွင် သင်၏ သဘောတူညီချက်မဟိဘဲ ဇာအမှုကိုမျှ ငါ မပြုလိုပါ။ ငါ့ကို ကူညီရန် သင့်အား အနိုင်အထက် မပြုလိုပါ။ သင်၏ စေတနာအလျောက်သာ ပြုစီလိုပါ၏။
15 သြနေသိမ်သည် သင်နှင့် တအောင့်ချေ ဝီးကွာရခြင်းမှာ အမြဲတမ်း ပြန်လည် နီထိုင်နိုင်ခြင်းငှာ ဖြစ်လိမ့်မည်။ 16 ယခုအခါ သူသည် ကျွန်ကဲ့သို့ မဟုတ်ဘဲ ကျွန် ထက်သာ၍ မြတ်သော ခရစ်တော်၌ ချစ်ရသောညီအစ်ကို တစ်ယောက် ဖြစ်လာယာ။ သူသည် ငါ့အတွက် အလွန်တန်ဖိုး ဟိပေ၏။ သို့ရာတွင် သင့်အတွက်ကား ကျွန်အဖြစ်နန့် လည်းကောင်း၊ သခင်ဘုရား၌ ညီအစ်ကိုအဖြစ်နန့် လည်းကောင်း သာ၍ပင် တန်ဖိုးဟိလိမ့်မည်။
17 ထို့ကြောင့် သင်သည် မိမိ၏လုပ်ဖော်ဆောင်ဖက်အဖြစ်နန့် ငါ့ကို ကြိုဆိုလက်ခံသကဲ့သို့ သူ့ကိုလည်း ကြိုဆိုလက်ခံလော့။ 18 အကယ်၍ သူသည် သင့်အား တစ်စုံတစ်ရာ ပြစ်မှားမိခသော်လည်းကောင်း၊ တစ်စုံတစ်ရာ အကြွီးပီးစရာ ဟိခသော်လည်းကောင်း ငါသည် တာဝန်ယူ၏။ 19 ငါပေါလုသည် ထိုအကြွီးကို ပီးပါမည်ဟု ငါကိုယ်တိုင် လက်ဖြင့် ရီးလိုက်၏။ သင်ကိုယ်တိုင် ငါ့အား ပီးစရာဟိကြောင်း ဖော်ပြရန် မလိုပါ။ 20 ထို့ကြောင့် ငါ့ညီ၊ သခင်ဘုရား၏ မျက်နှာတော်ကိုထောက်၍ ငါ့အား ကျေးဇူးပြုပါလော့။ ခရစ်တော်၌ ညီအစ်ကိုအနီနန့် ငါ့အား စိတ်ရွှင်လန်းစီပါလော့။
21 သင်သည် ငါပြောသည့်အတိုင်း လုပ်ဆောင်လိမ့်မည်ဟု စိတ်ချယုံကြည်လျက် ဤစာကို ရီးလိုက်၏။ အမှန်စင်စစ် ထိုထက်ပင် ပို၍ လုပ်ဆောင်နိုင်လိမ့်မည်ကို ငါသိပါ၏။ 22 ထို့အပြင် ငါတည်းခိုရန် အခန်းတစ်ခုကို အဆင်သင့် ပျင်ထားပါလော့။ ဇာကြောင့်ဆိုသော် ဘုရားသခင်သည် သင်ရို့၏ ဆုတောင်းခြင်းကို နားညောင်းတော်မူသည်ဖြစ်၍ ငါ့အား သင်ရို့ပါးသို့ ပြန်လည်ပို့ဆောင်တော်မူလိမ့်မည်ဟု ငါသည် ငါမျှော်လင့်လျက်ဟိ၏။
25 အသျှင်ယေသျှုခရစ်၏ ကျေးဇူးတော်သည် သင်ရို့၏စိတ်ဝိညာဉ်နှင့်အတူ ဟိကြပါစီသောဝ်။
- a ကော ၄.၁၇
- b ခရစ်တော်ယေသျှုအတွက် အကျဉ်းကျခံနိန်ရသောသူ ဖြစ်လျက်ပင်၊ သို့မဟုတ် အသက်ကြီးသူသည် ခရစ်တော်ယေသျှုအတွက် အချုပ်အနှောင်ခံနေရသူဖြစ်။
- c ကော ၄.၉
- d ဟေလသနာမည် ဩနေသိမ်သည် “အသုံးရသူ” ဟု အဓိပ္ပာယ်ဟိ၏။
- e ကော ၁.၇; ၄.၁၂
- f တ ၁၂.၁၂,၂၅; ၁၃.၁၃; ၁၅.၃၇–၃၉; ကော ၄.၁၀; တ ၁၉.၂၉; ၂၇.၂; ကော ၄.၁၀; ကော ၄.၁၄; ၂ တိ ၄.၁၀; ကော ၄.၁၄; ၂ တိ ၄.၁၁
Languages