11 [b] “သင်ရို့သည် ငါ့တပည့်ဖြစ်သောကြောင့် လူတိက မဟုတ်မမှန် စွပ်စွဲ၍ အပြစ်ရှာလျက် ညှဉ်းပန်းနှိပ်စက်လာကြသောအခါ သင်ရို့သည် မင်္ဂလာဟိကြ၏။ 12 [c]အကြောင်းမူကား၊ သင်ရို့အတွက် ကောင်းကင်ဘုံ၌ ပျင်ဆင်ထားသောဆုကျေးဇူးသည် ကြီးမြတ်သည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ သင်ရို့ရှိ့က ပေါ်ထွန်းခသော ပရောဖက်တိလည်း ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခရကြ၏။
13 [d]“သင်ရို့သည် ဤလောက၏ ဆား ဖြစ်ကြ၏။ ဆားသည် အငန်ဓာတ်ကင်းပျောက်လားလျှင် ၎င်းကို တဖန်ဇာပိုင် ပြန်ရဖို့သိမ့်လဲ။ အပြင်သို့ ဝေးပစ်ခြင်းခံရပြီး လူတိ ကျော်နင်းခြင်းမှတစ်ပါး တစ်ခုလည်း အသုံးမဝင်ယာ။
14 [e] “သင်ရို့သည် ဤလောက၏အလင်း ဖြစ်ကြ၏၊ တောင်ထိပ်၌ တည်ထားသောမြို့ကို ကွယ်ဝှက်၍ မရနိုင်။ 15 [f]မီးခွက်ထွန်းပြီး တောင်းနှင့် အုပ်ထားသောသူဟူ၍ မဟိ၊ တစ်အိမ်လုံးကို အလင်းရစီခြင်းငှာ မီးခွက်စင်ထက်မှာသာ တင်၍ ထွန်းထားလေ့ဟိကြ၏။ 16 [g]ထိုနည်းတူ လူတိုင်းသည် သင်ရို့ပြုသော ကောင်းသောအကျင့်တိကို မြင်၍ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖကို ချီးမွမ်းစီခြင်းငှာ သင်ရို့၏အလင်းကို လူတိရှိ့မှာ လင်းကြလော့။
21 “သင်ရို့သည် ‘လူ့အသက်ကို မသတ်ရ၊ သတ်သောသူကား တရားစီရင်ခြင်းကို ခံရမည်’ ဟူသော ရှီးစကားကို ကြားဖူးကြပြီး ဖြစ်ကြ၏။ 22 သို့သော်၊ သင်ရို့ကို ငါဆိုသည်ကား၊ မိမိညီအစ်ကိုအား စိတ်ဆိုးဒေါသဖြစ်သူသည်[j] တရားရုံး၌ အပြစ်စီရင်ခြင်းကို ခံထိုက်၏၊ မိမိ၏ညီအစ်ကိုတစ်ယောက်ကို ‘အသုံးမကျသောသူ’ ဟု ပြောဆိုသောသူသည် လွှတ်တော်ရုံးရှိ့၌ တရားစီရင်ခြင်းကို ခံထိုက်၏။ မိမိညီအစ်ကိုအား တန်ဖိုးမဟိသောသူ၊ အရူးဟု ပြောဆိုသောသူသည် ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံထိုက်၏။ 23 ထို့ကြောင့် သင်သည် ဘုရားသခင်ကို ပူဇော်သကာပြုခြင်းငှာ ယဇ်ပလ္လင်သို့ လာစဉ်၊ သင်၏ညီအစ်ကို တစ်ယောက်သည် သင်၌ အပြစ်တင်စရာ တစ်စုံတစ်ခု ဟိသည်ဟု သတိရလျှင် 24 သင်၏ပူဇော်သကာကို ယဇ်ပလ္လင်ရှိ့မှာ ချထားခပြီးလျှင် ထိုညီအစ်ကို ပါးသို့ ချက်ချင်း လား၍ အသင့်အတင့်ဖြစ်အောင် လုပ်ပြီးခါမှ ယဇ်ပလ္လင်သို့ ပြန်လာပြီး ထိုပူဇော်သကာကို ဆက်သလော့။
25 “တစ်စုံတစ်ယောက်က သင်ရို့ကို တရားစွဲရန် တရားရုံးသို့ ဆွဲခေါ်လားမည်ဆိုလျှင် တရားရုံးကို မရောက်ခင် လမ်းမှာ ထိုသူကို အချိန်မီ ကြေနပ်အောင် လုပ်လိုက်ပါ။ ထိုသို့ မဟုတ်လျှင် ထိုသူသည် သင့်ကို တရားသူကြီးလက်သို့ အပ်လိမ့်မည်။ တရားသူကြီးက သင့်အား ရဲလက်သို့ အပ်လိမ့်မည်။ ရဲတိက သင့်ကို ထောင်ထဲ၌ ချထားလိမ့်မည်။ 26 သင်ရို့ကို ငါ အမှန် ဆိုသည်ကား၊ လျော်ပြစ်ငွီဟိသမျှကို မပီးမချင်း သင်သည် ထောင်ထဲက လွှတ်လိမ့်မည် မဟုတ်။
31 [m]“ ‘မိမိမယားနှင့် ကွာယှင်းလိုသောသူသည် မယားကို ကွာယှင်းစာ ပီးရမည်’ ဟု ရှီးအဆိုဟိ၏။ 32 [n]သို့သော်၊ အဂုသင်ရို့ကို ငါ ဆိုလိုသည်ကား၊ ဖောက်ပြန်တတ်သော မိန်းမကလွဲ၍ ဇာအကြောင်းနှင့်မဆို မိမိမယားကို ကွာသောသူသည် မိမိမယားကို ပြစ်မှားခြင်းဖြစ်၏။ လင်ကွာထားသောမိန်းမနှင့် ပေါင်သင်းသော ယောက်ျားသည်လည်း သူတစ်ပါးမယားကို ပြစ်မှားခြင်းဖြစ်၏။
38 “သင်ရို့သည် ‘မျက်စိအစား မျက်စိကိုလည်းကောင်း၊ သွားအစား သွားကိုလည်းကောင်း ပီးရမည်’ ဟူသော စကားကို ကြားဖူးကြ၏။ 39 သို့ရာတွင် အဂု သင်ရို့ကို ငါ ပြောလိုသည်မှာ၊ သင်ရို့ကို ပြစ်မှားသော ဇာသူ့ကို မဆို လက်တုံ့မပြန်ကတ်ကေ့။ တစ်စုံတစ်ယောက်က သင်၏ညာဖက်ပါးကို သတ်လျှင် ဘယ်ဖက်ပါးကိုပါ လှည့်၍ ပီးလိုက်။ 40 တစ်စုံတစ်ယောက်က သင်၏အင်္ကျီကို လိုချင်လို့ တရားစွဲလာလျှင် သင်၏ ဝတ်ရုံကိုပါ ချွတ်ပီးလိုက်။ 41 တစ်စုံတစ်ယောက်က သင့်အား သူ၏ဝန်ထုပ်ကို ထမ်း၍ မိုင်တိုင်တစ်တိုင် အကွာအဝီးသို့ အနိုင်အထက်ပြု၍ လိုက်ပို့ခိုင်းလျှင် မိုင်တိုင်နှစ်တိုင်ခရီးထိ လိုက်ပို့ပီးလိုက်။ 42 သင်ရို့ကို တောင်းသောသူအား ပီးကတ်ပါ၊ သင်ရို့ပါးက ချီးငှားလိုသောသူကိုလည်း မငြင်းပယ်ကတ်ကေ့။
43 “သင်ရို့သည် ‘မိတ်ဆွီကို ချစ်ကြပါ၊ ရန်သူကို မုန်းကြပါ’ ဟူသော အဆုံးအမကို ကြားဖူးပြီးဖြစ်ကြ၏။ 44 သို့ရာတွင် အဂု သင်ရို့ကို ငါ ပြောလိုသည်ကား၊ ရန်သူကို ချစ်ကတ်ပါ။ သင်ရို့ကို ညှဉ်းပန်းနှိပ်စက်သော သူတိအတွက် ဆုတောင်းပီးကတ်ပါ။ 45 သို့မှသာ ကောင်းကင်ဘုံ၌ဟိသော သင်ရို့အဖ၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် ကောင်းသောသူ၊ မကောင်းသောသူတိ အထက်မှာ နီရောင်ခြည်ကို ထွန်းလင်းပီးတော်မူ၏။ သုစရိုက် ပြုသောသူနှင့် ဒုစရိုက် ပြုသောသူတိ အထက်မှာလည်း မိုးကို ရွာသွန်းပီးတော်မူ၏။ 46 သင်ရို့အား ချစ်သောသူတိကိုသာ ချစ်ကြမည်ဆိုလျှင် ဘုရားသခင်၏ဆုလာဘ်နှင့် ဇာပိုင် ထိုက်တန်မည်နည်း။ အခွန်ကောက်ခံသောသူရို့တောင်မှ ဤသို့ ပြုကြသည် မဟုတ်လား။ 47 သင်၏မိတ်ဆွီတိကိုသာ ပေါင်းသင်းဆက်ဆံလျှင် ဇာပိုင် ထူးမြတ်မည်နည်း။ သာသနာပလူတိတောင်မှ ထိုသို့ ပြုကြသည် မဟုတ်လား။ 48 သင်ရို့၏ ကောင်းကင်ဘုံသျှင်အဖသည် ပြည့်စုံသည့်နည်းတူ — သင်ရို့သည်လည်း ပြည့်စုံခြင်း ဟိကြလော့။
<- မဿဲ 4မဿဲ 6 ->- a ၁ ပေ ၃.၁၄
- b ၁ ပေ ၄.၁၄
- c တ ၇.၅၂
- d မာ ၉.၅၀; လု ၁၄.၃၄,၃၅
- e ယော ၈.၁၂; ၉.၅
- f မာ ၄.၂၁; လု ၈.၁၆; ၁၁.၃၃
- g ၁ ပေ ၂.၁၂
- h လု ၁၆.၁၇
- i ဝစ္စတစ်လုံးမျှ၊ သို့မဟုတ် သွန်သင်ချက်အားလုံးသည် အမှန်ပင် ဖြစ်လာမည်။
- j စိတ်ဆိုးဒေါသဖြစ်သူသည်၊ တချို့သော လက်ရီးမူရင်းကျမ်းများတွင် အကြောင်းမဟိဘဲ စိတ်ဆိုးဒေါသဖြစ်သူသည်၊ ဟု ဖော်ပြထားသည်။
- k မ ၁၈.၉; မာ ၉.၄၇
- l မ ၁၈.၈; မာ ၉.၄၃
- m မ ၁၉.၇; မာ ၁၀.၄
- n မ ၁၉.၉; မာ ၁၀.၁၁,၁၂; လု ၁၆.၁၈; ၁ ကော ၇.၁၀,၁၁
- o မ ၂၃.၂၂
Languages