1 ဥပုသ်နိ့လွန်ပြီးနောက် တလင်္ဂနီနိ့ အရုဏ်တက်ချိန်တွင် မာဂဒလမြို့သူ မာရိနှင့် တခြားမာရိ ရို့သည် သင်္ချိုင်းဂူသို့ ကြည့်ရန် လားကြ၏။ 2 ထိုနီရာ၌ ပြင်းထန်သော မြီငလျင်တစ်ခု လှုပ်လေ၏။ အကြောင်းမူကား ထာဝရဘုရား၏ကောင်းကင်တမန် တစ်ပါးသည် ကောင်းကင်မှ ဆင်းလာ၍ သင်္ချိုင်းဂူ၌ ပိတ်ထားသော ကျောက်တုံးကို လှိမ့်ဖယ်၍ ထိုကျောက်တုံးထက်တွင် ထိုင်လေ၏။ 3 သူ၏ အဆင်းသဏ္ဌာန်သည် လျှပ်ပြက်သကဲ့သို့ လင်းလက်ကာ သူ၏အဝတ်သည်လည်း နှင်းပွင့်ကဲ့သို့ ဖြူဖွေးလျက်ဟိ၏။ 4 အစောင့်တပ်သားများသည် ထိုကောင်းကင်တမန်အား အလွန်ကြောက်လန့်ကြပြီး သူရို့သည် တုန်လှုပ်လျက် အသီကောင်ကဲ့သို့ ဖြစ်လားကြ၏။
5 ကောင်းကင်တမန်က “မကြောက်ကတ်ကေ့၊ သင်ရို့သည် လက်ဝါးကပ်တိုင်မှာ တင်၍ အသတ်ခံရသော ယေသျှုကို ရှာနိန်ကြသည်ကို ငါသိ၏။ 6 သူသည် ဤအရပ်၌ မဟိယာ၊ သူပြောထားခသည့်အတိုင်း သီခြင်းက ထမြောက်လားယာ၊ ဤနီရာသည် သူလဲလျောင်းနိန်ခသော နီရာ ဖြစ်၏၊ လာ၍ ကြည့်ကြလော့။ 7 အဂုပင်လျှင် သူ၏ တပည့်တော်တိပါးသို့ အလျှင်အမြန် လားပြောကတ်ခီ။ ‘ကိုယ်တော်သည် သီခြင်းက ထမြောက်တော်မူ၍ ဂါလိလဲပြည်သို့ သင်ရို့ရှိ့က ကြွတော်မူပြီ။ သင်ရို့သည် ထိုနီရာ၌ သူ့ကို တွိ့ကြလိမ့်မည်။’ အဂုပင် ငါသည် သင်ရို့အား ပြော၏” ဟု ထိုမိန်းမများကို ပြော၏။
8 ထိုကြာင့် မိန်းမရို့သည် ကြောက်ရွံ့သော်လည်း ဝမ်းမြောက်ဝမ်းသာစိတ်နှင့် သင်္ချိုင်းဂူမှ အလျှင်အမြန် ထွက်လာကြပြီးလျှင် ကိုယ်တော်၏တပည့်တော်တိပါးသို့ ပြောရန် လားကြ၏။
9 ယေသျှုသည် ရုတ်တရက် သူရို့ကို တွိ့ဆုံ၍ “သာလီစွပါ” ဟု နှုတ်ဆက်၏။ မိန်းမများသည် ကိုယ်တော်အပါးသို့ ချဉ်းကပ်ပြီး ကိုယ်တော်၏ခြီကို ဖက်၍ ကိုယ်တော့်ကို ကိုးကွယ်ဝတ်ပြုကြ၏။ 10 ယေသျှုက “မကြောက်ကတ်ကေ့၊ ငါ့ညီအစ်ကိုတိကို ဂါလိလဲပြည်သို့ လားကြရန် ပြောလိုက်ပါ၊ ထိုအရပ်၌ ငါ့ကို တွိ့ကြလိမ့်မည်” ဟု ထိုမိန်းမတိကို မိန့်တော်မူလိုက်၏။
15 အစောင့်စစ်သားများသည် ငွီကို ယူ၍ သူရို့ကို ညွှန်ကြားထားသည့်အတိုင်း ပြောကြ၏။ ထို့ကြောင့် ဤသတင်းသည် ယုဒလူမျိုး အသိုင်းအဝိုင်းထဲမှာ ဂနိ့တိုင်အောင် ပြန့်နှံ့လျက်ဟိ၏။
16 [a]ထိုအခါ တပည့်တော်ဆယ့်တစ်ယောက်သည် ဂါလိလဲပြည်သို့ လား၍ ယေသျှု မှာထားခသည့် တောင်ကုန်းထက်သို့ တက်လားကြ၏။ 17 သူရို့သည် ကိုယ်တော့်ကို တွိ့မြင်၍ ကိုးကွယ်ဝတ်ပြုကြ၏။ သို့သော်လည်း တပည့်တော်တချို့သည်ကား သံသယစိတ်ဟိနိန်ကြ၏။ 18 ထို့ကြောင့် ယေသျှုသည် မိမိ၏တပည့်တော်တိပါးသို့ လာ၍ မိန့်မှာတော်မူသည်မှာ၊ “ငါသည် ကောင်းကင်ဘုံ၌လည်းကောင်း၊ မြီကြီးပေါ်၌လည်းကောင်း အုပ်စိုးပိုင်သော တန်ခိုးအာဏာကို ရထားပြီးပြီ။ 19 [b]ထို့ကြောင့် သင်ရို့သည် လား၍ လူမျိုးအားလုံးကို ငါ့တပည့် ဖြစ်စီလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ယှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပီးကြလော့။ 20 ငါသည် သင်ရို့အား ပီးထားသမျှသော ပညတ်တော်တိကို စောင့်ထိန်းကြစီခြင်းငှာ သူရို့အား ဆုံးမဩဝါဒ ပီးကြလော့။ ငါသည် ကပ်ကမ္ဘာ ကုန်သည့်တိုင်အောင် သင်ရို့နှင့်အတူ အမြဲတမ်း ဟိနိန်လိမ့်မည်” ဟု မိန့်တော်မူ၏။
<- မဿဲ 27
Languages