1 ထိုနိ့၌ ယေသျှုသည် အိမ်မှထွက်၍ အိုင်ဘေးနားသို့ လားပြီးလျှင် တရားဟောခြင်းငှာ ထိုင်တော်မူ၏။ 2 [a]လူအုပ်ကြီးသည် ကမ်းခြီ၌ ရပ်နိန်ကြစဉ်တွင် ကိုယ်တော်၏ပတ်လည်၌ စုရုံးရောက်လာကြသည့်လူတိသည် အလွန်များလာကြသဖြင့် ကိုယ်တော်သည် လောင်းတစ်စင်းထက်သို့ တက်၍ ထိုင်လေ၏။ 3 ကိုယ်တော်သည် ပုံဥမာတိနှင့် ခိုင်းနှိုင်းကာ သူရို့အား ဆုံးမသြဝါဒ ပီးတော်မူ၏။
9 ယေသျှုက “နားဟိသောသူတိ ကြားကတ်ပါစီ” ဟူ၍ အဆုံးသတ်လေ၏။
10 ထို့နောက် တပည့်တော်ရို့သည် ယေသျှုပါးသို့ ချဉ်းကပ်၍ “ကိုယ်တော်သည် လူတိကို ပြောသည့်အခါ ပုံဥမာတိကို ဇာကြောင့် အသုံးပြုပါလဲ” ဟု မိန်းကြ၏။
11 ယေသျှုကလည်း “သင်ရို့သည် ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်သော နက်နဲခက်ခဲသည့် လျှို့ဝှက်ချက်တိကို သိရသောအခွင့်ဟိကြသော်လည်း ထိုသူရို့မူကား သိခွင့်မဟိကြ။ 12 [b]ထို့ကြောင့် ရတတ်သောသူကို သာ၍ ပြည့်စုံစီခြင်းငှာ တဖန်ထပ်၍ ပီးလိမ့်မည်၊ ဆင်းရဲသောသူ၌ သူ့မှာဟိသမျှကို နုတ်ယူလိမ့်မည်။ 13 ငါသည် သူရို့ကို ပုံဥမာတိသုံး၍ ပြောရသည့်အကြောင်းရင်းမှာ၊ ဤသူရို့သည် ကြည့်သော်လည်း မမြင်၊ နားထောင်သော်လည်း မကြား၊ နားမလည်ကြသည့်အတွက်ကြောင့်ဖြစ်၏။ 14 ထို့ကြောင့် ပရာဖက်ဟေသျှာယက သူရို့ကို ဤသို့ ဟောထားခ၏၊
16 [c]“သို့သော် သင်ရို့၏မျက်စိတိသည် မြင်သောကြောင့်၊ သင်ရို့၏နားတိသည် ကြားသောကြောင့် မင်္ဂလာဟိကြ၏။ 17 သင်ရို့ကို ငါ အမှန်ဆိုသည်ကား ပရောဖက်တိနှင့် ဘုရားသခင်၏လူတိသည် သင်ရို့မြင်သည့်အရာများကို အလွန် မြင်ချင်ခသော်လည်း မမြင်ခရကတ်။ သင်ရို့ကြားသည့်အရာများကို အလွန် ကြားချင်ခသော်လည်း မကြားခရကတ်။
18 “မျိုးစိကြဲသူ ပုံဥပမာ၏ ဆိုလိုရင်းကို နားထောင်၍ သင်ခန်းစာယူကြလော့။ 19 နိုင်ငံတော်၏တရားစကားကို ကြားသော်လည်း နားမလည်သောသူသည် လမ်းတလျှောက်မှာ ကျနိန်ခသည့် မျိုးစိများနှင့် တူ၏။ နတ်ဆိုးသည် လာ၍ သူရို့၏စိတ်နှလုံးထဲ၌ ဟိသောတရားစကားကို လုယူဖယ်ယှားတတ်၏။ 20 ကျောက်ခံမြီမှာ ကျသည့် မျိုးစိများသည်ကား တရားစကားကို ကြားသည်နှင့် ဝမ်းမြောက်စွာ လက်ခံတတ်သောသူကို ဆိုလိုခြင်းဖြစ်၏။ 21 သို့သော်လည်း ထိုတရားစကားသည် သူရို့၏ စိတ်နှလုံးထဲ၌ အမြစ်မစွဲသဖြင့် ကြာရှည်စွာမခံ၊ ထိုတရားစကားကြောင့် အမှုအခင်း သို့မဟုတ် နှိပ်စက်ညှဉ်းဆဲခြင်းနှင့် ကြုံတွိ့ရသောအခါ သူရို့သည် ချက်ချင်း ဖောက်ပြန်လားတတ်ကြ၏။ 22 ဆူးပင်များကြား၌ ကျသောမျိုးစိဟူသည်ကား တရားစကားကို ကြားသော်လည်း ဤဘဝအတွက် စိုးရိမ်စိတ်များနှင့် လောကီတပ်မက်မှုများက တရားစကားကို လွှမ်းမိုးကြီးစိုးထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလိုခြင်းဖြစ်၏။ 23 ထို့နောက် ကောင်းသောမြီမှာ ကျသောမျိုးစိ တိသည်ကား တရားစကားကို ကြား၍ သဘောပေါက်နားလည်ပြီး အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ၊ စသည်ဖြင့် ပွားများကာ အသီးကို သီးတတ်သောသူတိကို ဆိုလိုခြင်းဖြစ်သည်” ဟု မိန့်တော်မူ၏။
31 ယေသျှုသည် အခြားသော ပုံဥပမာတစ်ခုကို သူရို့အား ပြောပြသည်မှာ “ကောင်းကင်နိုင်ငံတော်သည် ဤပုံဥပမာနှင့် တူ၏။ လူတစ်ယောက်သည် မုန်ညှင်းစိ တစ်စိကို ယူ၍ သူ၏လယ်ထဲ၌ ကြဲလိုက်၏။ 32 မှန်ညှင်းစိသည် မျိုးစိအားလုံးထဲမှာ အသေးငယ်ဆုံးဖြစ်သော်လည်း အပင်ပေါက်၍ ကြီးလာသောခါ သီးနှံပင်အားလုံးထဲမှာ အကြီးဆုံး အပင်တစ်ပင် ဖြစ်လာ၏။ အပင်ကြီးတစ်ပင် ဖြစ်လာသောအခါတွင် ငှက်တိ လာ၍ ထိုအပင်၏ အကိုင်းအခက်များ၌ မိမိရို့၏အသိုက်များကို တည်ဆောက်တတ်ကြ၏” ဟူ၍ မိန့်တော်မူ၏။
33 ယေသျှုသည် တပည့်တော်တိအား အခြားသော ပုံဥမာတစ်ခုဖြင့် မိန့်တော်မူသည်မှာ၊ “ကောင်းကင်နိုင်ငံတော်သည် ဤကဲ့သို့ဖြစ်၏။ မိန်းမတစ်ယောက်သည် တဆီးအချို့ကို ယူ၍ မုန့်ညက်သုံးတောင်းနှင့် ရောနယ်လိုက်သောအခါ ထိုတဆီးသည် မုန့်ညက်အားလုံးကို ဖောင်းပွလားစီတတ်၏” ဟု မိန့်တော်မူ၏။
34 ယေသျှုသည် လူထုပရိသတ်များအား ဟောပြောသောခါတိုင်း၌ ပုံဥမာများကို အသုံးပြုတော်မူ၏၊ ကိုယ်တော်သည် သူရို့အား ပုံဥပမာမသုံးဘဲ ဇာအကြောင်းကိုမျှ ဟောပြောတော်မမူ။ 35 ဤသို့ ဟောပြောရသည့်အကြောင်းမှာ ပရောဖက် ဟောထားခသော ကျမ်းစကား ပြည့်စုံလာခြင်းဖြစ်၏။ ထိုကျမ်းစကားများမှာ၊
37 ယေသျှုကလည်း “လူသားသည် ကောင်းသောမျိုးစိကို ကြဲသောသူဖြစ်၏။ 38 လယ်ကွက်သည်ကား လောကဖြစ်၏။ ကောင်းသောမျိုးစိ ဟူမူကား နိုင်ငံတော်သားတိ ဖြစ်ကြပြီး၊ မြက်ရိုင်းပင်များမှာ နတ်ဆိုး၏သားများ ဖြစ်ကြ၏။ 39 မြက်ရိုင်းမျိုးစိကို ကြဲသောရန်သူမှာ မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းသောကာလသည်ကား ကပ်ကမ္ဘာကုန်ဆုံးချိန် ဖြစ်၍ ကောက်ရိတ်သမားများမှာ ကောင်းကင်တမန်များဖြစ်ကြ၏။ 40 မြက်ရိုင်းပင်တိကို စုသိမ်း၍ မီးရှို့သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌ ထိုသို့ ဖြစ်လိမ့်မည်။ 41 လူသားသည် မိမိ၏ကောင်းကင်တမန်တိကို စီရွှတ်ပြီး မကောင်းမှုကို ပြုသောသူတိနှင့် အပြစ်သို့ သွီးဆောင်သောသူ အားလုံးကို သူ၏နိုင်ငံတော်ထဲက ရွီးထုတ်ရန် သူ၏ကောင်းကင်တမန်များကို စီရွှတ်လိမ့်မည်၊ 42 ထို့နောက် ထိုကောင်းကင်တမန်များသည် ထိုသူရို့ကို မီးအိုင်ထဲသို့ ပစ်ချလိမ့်မည်၊ ထိုသူရို့သည် ထိုမီးအိုင်ထဲ၌ အံသွားခဲကြိတ်ကာ ငိုကျွီးရကြလိမ့်မည်။ 43 ထို့နောက် ဘုရားသခင်၏ လူတိသည်ကား သူရို့အဖ၏နိုင်ငံတော်၌ နီကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ နားဟိသောသူရို့ ကြားကတ်ပါစီ” ဟု မိန့်တော်မူ၏။
52 ထိုအခါ ကိုယ်တော်ကလည်း “ကောင်းကင်နိုင်ငံတော်၌ တပည့်တော် တစ်ယောက်ဖြစ်လာသော ကျမ်းတတ်ဆရာသည်ကား မိမိအိမ်၏စတိုခန်းထဲက ပစ္စည်းအဟောင်းနှင့် အသစ်များကို ထုတ်ယူသုံးစွဲတတ်သော အိမ်သျှင်နှင့် တူ၏” ဟု မိန့်တော်မူ၏။
53 ယေသျှုသည် ဤပုံဥပမာများကို ပြောပြီးနောက် ထိုအရပ်မှ ထွက်ခွါပြီးလျှင် 54 သူ၏ဇာတိမြို့သို့ ပြန်ကြွတော်မူ၏။ တရားဇရပ်၌ ဆုံးမဩဝါဒများကို သွန်သင်တော်မူ၍ ကြားနာသောသူများသည် အလွန်အံ့သြကြ၏။ “ဤသူကား ဤသို့သောပညာကို ဇာနီရာက ရလာစွာလဲ။ သူသည် ဤနိမိတ်လက္ခဏာတိကို ဇာကြောင့် လုပ်နိုင်စွာလဲ။ 55 သူသည် လက်သမား၏သားဖြစ်သည် မဟုတ်လား။ သူ့အမိသည် မာရိဖြစ်ပြီး ယာကုပ်၊ ယောဟန်၊ သျှိမုန် နှင့် ယုဒရို့သည် သူ၏ညီအစ်ကိုတိ ဖြစ်ကြသည် မဟုတ်လား။ 56 သူ၏ညီမတိလည်း ဤအရပ်၌ နီထိုင်ကြသည် မဟုတ်ပါလား။ သူသည် ဤအရာတိကို ဇာနီရာက ရလာစွာလဲ” ဟု အချင်းချင်း ပုတ်ခတ်ပြောဆိုလျက် 57 [d]ကိုယ်တော့်ကို ငြင်းပယ်ကြ၏။
Languages