13 “အို၊ ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာဟိ၏။ အို၊ ဗက်ဇဲဒမြို့၊ သင်သည်လည်း အမင်္ဂလာဟိ၏။ သင်ရို့ထံ၌ ပြုခသော အံ့ဖွယ်အမှုအရာတိကို တုရုမြို့နှင့် ဇိဒုန်မြို့၌သာ ပြုခပါမူ သူရို့သည် ရှီးပဝေသဏီကပင် လျှော်တေအဝတ်ကို ဝတ်ပြီး ပြာပုံ၌ ထိုင်၍ နောင်တရကြလိမ့်မည်။ 14 ဘုရားသခင်သည် တရားစီရင်တော်မူရာကာလ၌ သင်ရို့ထက် တုရုမြို့နှင့် ဇိဒုန်မြို့ကို ပို၍ ကရုဏာထားတော်မူလိမ့်မည်။ 15 အို၊ ကပေရနောင်မြို့၊ သင်သည် ကိုယ့်ကိုကိုယ် ကောင်းကင်ဘုံထိ ချီးမြှောက်ခြင်းကို ခံလိုသလော။ မရဏာနိုင်ငံထိ နှိမ့်ချခြင်းကို ခံရလိမ့်မည်။”
16 [h]ယေသျှုသည် တပည့်တော်ရို့အား၊ “သင်ရို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်သူဖြစ်၏။ သင်ရို့ကို ငြင်းပယ်သူသည် ငါ့ကို ငြင်းပယ်သူဖြစ်၏။ ငါ့ကို ငြင်းပယ်သောသူသည်လည်း ငါ့ကို ရွှတ်လိုက်တော်မူသောသူကို ငြင်းပယ်သူဖြစ်၏” ဟု မိန့်တော်မူ၏။
18 ယေသျှုကလည်း “ကောင်းကင်က လျှပ်စစ်ကျသကဲ့သို့ စာတန် ကျလာစွာကို ငါ မြင်ရ၏။ 19 နားထောင်ကတ်၊ မြွီဆိုးတိ၊ ကင်းမီးကောက်တိကို နင်းလားနိုင်ခြင်းငှာ လည်းကောင်း၊ ရန်သူ၏တန်ခိုးအားလုံးကို အောင်နိုင်ခြင်းငှာလည်းကောင်း အခွင့်အာဏာကို သင်ရို့အား ငါ ပီးအပ်ထားပြီးဖြစ်၏။ သို့ဖြစ်၍ သင်ရို့အား ဇာအရာကလည်း နာကြင်အောင် မလုပ်နိုင်။ 20 သို့သော် ဝိညာဉ်ဆိုးရို့သည် သင်ရို့ကို နာခံကြသောကြောင့် ဝမ်းမသာကတ်ကေ့။ သင်ရို့နာမည်များသည် ကောင်းကင်၌ စာရင်းဝင်ရသည်ကို ဝမ်းမြောက်ကြလော့” ဟု မိန့်တော်မူ၏။
21 ထိုအချိန်၌ ယေသျှုသည် သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့်[j] ရွှင်လန်းဝမ်းမြောက်တော်မူသည်ဖြစ်၍ “ကောင်းကင် မြီကြီး၏အသျှင် ဖြစ်တော်မူသော အဖ၊ ကိုယ်တော်သည် ပညာဟိသူနှင့် ပညာတတ်သူတိကို ထိမ်ဝှက်ထားသော အရာတိကို ပညာမဲ့သူရို့အား ဖော်ပြပီးသည့်အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏။ မှန်ပါ၏၊ အဖ၊ ဤအရာသည်ကား ကိုယ်တော်၏ ကောင်းမြတ်သော အလိုတော် ဖြစ်ပါ၏” ဟု ဆို၏။
22 [k]“ငါ၏အဖသည် အရာအားလုံးကို ငါ့အား ပီးအပ်တော်မူပြီ။ သားတော်သည် ဇာသူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး တစ်ယောက်လေ့ မသိ။ ခမည်းတော်သည် ဇာသူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော် ဖော်ပြလိုသောသူမှလွဲ၍ တစ်ယောက်လေ့ မသိ” ဟု မြွက်ဆိုတော်မူ၏။
23 ထို့နောက် ကိုယ်တော်သည် တပည့်တော်တိဖက်သို့ လှည့်၍ “အဂု မြင်သမျှသောအရာများကို မြင်ရသော သင်ရို့၏ မျက်စိများသည် မင်္ဂလာဟိ၏။ 24 အကြောင်းမူကား ပရောဖက်တိနှင့် သျှင်ဘုရင်တိက သင်ရို့ မြင်သောအရာတိကို မြင်ချင်ခသော်လည်း၊ မမြင်ခရ။ သင်ရို့ ကြားရသည့်အရာတိကို ကြားချင်ခသော်လည်း မကြားခရဟု သင်ရို့ကို ငါ ဆို၏။” ဟု မိန့်တော်မူ၏။
26 ယေသျှုက “မောသျှေ၏ ပညတ္တိကျမ်း၌ ဇာပိုင် ဖော်ပြထားသလဲ၊ သင်သည် ထိုကျမ်းစာတိကို ဇာပိုင် အဓိပ္ပာယ်ကောက်ယူလဲ” ဟု သူ့အား မိန့်တော်မူ၏။
27 ထိုသူက “ ‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ဟိသမျှ၊ အစွမ်းသတ္တိဟိသမျှ၊ ဉာဏ်ဟိသမျှနှင့် ချစ်လော့၊’ ပြီးလျှင် ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ” ဟု လျှောက်၏။
28 ယေသျှုကလည်း “သင်၏ အဖြေမှန်၏။ ထိုသို့ပြုလျှင် သင်သည် အသက်ရှင်လိမ့်မည်” ဟု ပြန်ပြောတော်မူ၏။
29 သို့သော် ကျမ်းတတ်ဆရာသည် မိမိကိုယ်ကို သူတော်ကောင်းဖြစ်ကြောင်း ဖော်ပြလိုသဖြင့် “ဇာသူသည် ကိုယ်နှင့်စပ်ဆိုင်သောသူ ဖြစ်ပါသလဲ” ဟု မိန်းတော်မူ၏။
30 ယေသျှုက “လူတစ်ယောက်သည် ယေရုဆလင်မြို့မှ ယေရခေါမြို့သို့ လားသည့်လမ်း၌ ဒါးပြတိုက်ခံရ၏။ ထိုဓါးပြတိက သူ၏အဝတ်အစားများကို ချွတ်ယူ၍ သူ့ကို သတ်ပုတ်ပြီးလျှင် သီခါနီးမှ ပစ်ထားခ၏။ 31 ယဇ်ပုရောဟိတ်တစ်ဦးသည် ထိုလမ်းအတိုင်း လာသောအခါ ထိုသူကို မြင်သော်လည်း အခြားတစ်ဖက်မှ လားလေ၏။ 32 ထိုနည်းတူ လေဝိအမျိုးသားတစ်ယောက်သည်လည်း ယင်းလမ်းအတိုင်းလာ၍ ထိုသူကို မြင်သောအခါ အခြားတစ်ဖက်မှ ကျော်လားခပြန်၏။ 33 သို့သော်လည်း ခရီးလားသော ယှာမာရိ အမျိုးသားတစ်ယောက်သည် ထိုသူအနားသို့ ရောက်သောအခါ ထိုသူကို ကြည့်၍ ကရုဏာစိတ်ဟိသဖြင့်၊ 34 ထိုသူအနားသို့ တိုးလာပြီးလျှင် သူ၏ဒဏ်ရာတိကို ဆီနှင့် စပျစ်ရည်ဖြင့် လိမ်းပြီး အဝတ်စနှင့် ပတ်စည်းပီးလေ၏။ ထို့နောက် မြည်းထက်၌ လူနာကို တင်၍ တည်းခိုခန်းတစ်ခုသို့ သယ်ဆောင်လားကာ ပြုစုလေ၏။ 35 နောက်တစ်နိ့၌ သူသည် ငွီဒင်္ဂါးနှစ်ပြားကို တည်းခိုခန်း ပိုင်သျှင်အား ပီးပြီးလျှင် ‘ဤသူ့ကို စောင့်ရှောက်ပြုစုပီးပါ၊ နောက်ထပ် ကုန်ကျသမျှကို အကျွန်ပြန်လာသောအခါ ပီးပါမည်’ ” ဟု ဆို၏။
36 ယေသျှုက “ယင်းသူရို့သုံးဦးထဲက ဇာသူက ဒါးပြတိုက်ခံရသူနှင့် စပ်ဆိုင်သောသူ ဟု သင် ထင်လဲ” ဟု မိန်းတော်မူ၏။
37 ကျမ်းတတ်ဆရာကလည်း “သူ့ကို သနားကြင်နာစွာ ပြုစုသောသူဖြစ်ပါ၏” ဟု လျှောက်လျှင်၊
41 သခင်ဘုရားကလည်း “မာသ၊ မာသ၊ သင်သည် များစွာသော အမှုကိစ္စကြောင့် စိတ်ပူပန်သောက ရောက်နိန်၏။ 42 သို့ရာတွင် လိုအပ်ချက်တစ်ခုသာ ဟိ၏။ မာရိက ကောင်းမြတ်သောအရာကို ရွီးချယ်လီဗျာယ်။ ထိုအရာတိကို သူမပါးမှ နုတ်ယူလို့မရ” ဟု မိန့်တော်မူ၏။
<- လုကာ 9လုကာ 11 ->- a ၇၂ ဦး၊ တချို့ လက်ရီးမူကျမ်းတွင် ခုနစ်ဆယ်၊ ဟု ဖော်ပြပါဟိသည်။
- b မ ၉.၃၇–၃၈
- c မ ၁၀.၁၆
- d မ ၁၀.၇–၁၄; မာ ၆.၈–၁၁; လု ၉.၃–၅
- e ၁ ကော ၉.၁၄; ၁ တိ ၅.၁၈
- f တ ၁၃.၅၁
- g မ ၁၁.၂၄; မ ၁၀.၁၅
- h မ ၁၀.၄၀; မာ ၉.၃၇; လု ၉.၄၈; ယော ၁၃.၂၀
- i ၇၂ ဦး၊ တချို့ မူရင်းကျမ်းတွင် ခုနစ်ဆယ်၊ ဟု ဖော်ပြပါဟိသည် (ရှု အခန်းငယ် ၁)။
- j သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့်၊ တချို့သော မူရင်းကျမ်းတွင် ဝိညာဉ်တော်၊ အခြားကျမ်းများတွင် သူ၏ဝိညာဉ်တော်၊ ဟု ပါဟိသည်။
- k ယော ၃.၃၅; ယော ၁၀.၁၅
- l မ ၂၂.၃၅–၄၀; မာ ၁၂.၂၈–၃၄
- m ယော ၁၁.၁
Languages