1 ယေသျှုသည် ပသခါပွဲတော် အခါမကျမီ ခြောက်ရက်အလို၌ သီပြီးမှပြန်၍ အသက်ရှင်လာသူ၊ ဗေသနိရွာ၌ဟိသော လာဇရုနီထိုင်ရာ အိမ်သို့ ကြွတော်မူ၏။ 2 ကိုယ်တော့်ကို ညစာဖြင့် ဧည့်ခံရာ၌ မာသသည် အာဂန္တုဝတ်ကို ပြုလေ၏။ ယေသျှုနှင့်အတူ စားပွဲ၌ လျောင်းနိန်သော သူရို့ထဲတွင် လာဇရုလည်းပါ၏။ 3 [a]ထိုအခါ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှီးစစ်စစ် နှစ်ဆယ်ကျပ်သားကို ယူ၍ ယေသျှု၏ ခြီတော်ကို လောင်းချပြီးနောက် မိမိဆံပင်ဖြင့် သုတ်လေ၏။ ဆီမွှီး၏အနံ့သည် တစ်အိမ်လုံးကို မွှီးကြိုင်လေ၏။ 4 ယေသျှု၏ တပည့်တော်တစ်ဦးဖြစ်ပြီး ကိုယ်တော့်ကို အပ်နှံမည့်သူ ယုဒသျှာကာရုတ်က၊ 5 “ဤဆီမွှီးကို ငွီဒင်္ဂါး[b] ၃၀၀ နှင့်ရောင်း၍ ဆင်းရဲသားရို့အား ဇာကြောင့် မပီးသနည်း” ဟု ဆို၏။ ထိုငွီဒင်္ဂါး ၃၀၀ သည် လူတစ်ယောက်၏ တစ်နှစ်စာ လုပ်အားခနှင့် ညီမျှ၏။ 6 ဤသို့ ပြောဆိုရာ၌ သူသည် ဆင်းရဲသားရို့အား ကြင်နာထောက်ထား၍ မဟုတ်၊ သူသည် ခိုးတတ်သောသူ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ဖဲသာအိတ်ကို လွယ်ရသူဖြစ်ပြီး ဖဲသာများကို ကိုယ့်အဖို့ နှိုက်ယူ သုံးစွဲလေ့ ဟိ၏။ 7 ယေသျှုကလည်း “ထိုမိန်းမကို မနှောက်ယှက်ကေ့။ သူမသည် ငါ့အလောင်းကို သင်္ဂြိုဟ်ခြင်းငှာ ပျင်ဆင်ရသော နိ့အတွက် ဤဆီမွှီးကို သိမ်းထားပါစီ။ 8 ဆင်းရဲသားရို့ကား သင်ရို့နှင့်အတူ အစဉ်အမြဲ ဟိနိန်ကြ၏။ သို့သော်လည်း သင်ရို့မူကား ငါနှင့် အစဉ်အမြဲ ဟိလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
12 နောက်တစ်နိ့၌ ပသခါပွဲတော်သို့ လာကြသော လူစုလူဝေးကြီးသည် ယေရုဆလင်မြို့သို့ ယေသျှု ကြွလာတော်မူမည့် အကြောင်းကို ကြားသိကြလေ၏။ 13 ထို့ကြောင့် သူရို့သည် စွန်ပလွံခက်များကို ယူ၍ “ဘုရားသခင်ကို ချီးမွမ်းကြလော့။ သခင်ဘုရား၏ နာမတော်နှင့် ကြွလာတော်မူသော သူသည် မင်္ဂလာဟိစီသတည်း။ ဣသရေလ သျှင်ဘုရင်သည် မင်္ဂလာဟိစီသတည်း” ဟု ကြွေးကြော်လျက် ကိုယ်တော့်ကို ကြိုဆိုရန် ထွက်လာကြ၏။
14 ယေသျှုသည် မြည်းသျှေတစ်ကောင်ကို တွိ့၍ စီးတော်မူ၏။ ကျမ်းစာတော်မြတ်တွင်၊
16 ထိုအချိန်ခါက တပည့်တော်ရို့သည် ဤကျမ်းစာကို နားမလည်ကြ။ ယေသျှုသည် ဘုန်းတော်နှင့် ထမြောက်တော်မူသောအခါမှ ဤကျမ်းစာချက်ကား ကိုယ်တော်၏အကြောင်း ဖော်ပြသည်ကိုလည်းကောင်း၊ သူရို့သည် ကိုယ်တော်အတွက် ထိုသို့ပြုခသည်ကိုလည်းကောင်း မှတ်မိကြ၏။
17 ယေသျှုသည် လာဇရုအား သင်္ချိုင်းတွင်းထဲမှ ခေါ်ထုတ်၍ အသက်ပြန်ရှင်လာသောအခါက ကိုယ်တော်နှင့်အတူ လိုက်ကြသော သူရို့သည် ထိုအဖြစ်ပျက်ကို သက်သီခံကြ၏။ 18 ကိုယ်တော်ပြုခသော အံ့ဖွယ်နိမိတ်လက္ခဏာအကြောင်းကို ကြားရသောကြောင့် များစွာသော လူရို့သည် ကိုယ်တော့်ကို ကြိုဆိုရန် လာကြ၏။ 19 ဖာရိယှဲရို့ကလည်း “ငါရို့သည် အောင်မြင်ခြင်း မဟိသည်ကို မြင်သလော။ ကြည့်ကတ်၊ လောကကြီးတစ်ခုလုံးက သူ့နောက်သို့ လိုက်ပါလားကြပြီတကား” ဟု အချင်းချင်း ပြောဆိုကြ၏။
22 ဖိလိပ္ပုသည် ထိုအကြောင်းကို အန္ဒြေအား ပြောပြပြီးလျှင် သူရို့နှစ်ယောက်သည် ယေသျှုထံသို့ အတူတကွလား၍ လျှောက်ကြ၏။ 23 ယေသျှုက သူရို့အား “လူသားသည် ကြီးမြတ်သော ဘုန်းပွင့်တော်မူရန် အချိန် အဂုပင် ရောက်လာပြီ။ 24 မှန်သောစကားကို ငါပြောမည်၊ ဂျုံစိ့သည် မြီကြီးသို့မကျ၊ မပျက်စီးလျှင် အစိ့တစ်စိ့ထက် တိုးပွါးလိမ့်မည် မဟုတ်။ ပျက်စီးလျှင်မူကား အသီးအနှံများစွာ တိုးပွါးလိမ့်မည်။ 25 [c]ကိုယ့်အသက်ကို ချစ်သောသူသည် အသက်ဆုံးယှုံးလိမ့်မည်။ ဤလောက၌ မိမိအလိုသို့ မလိုက်သောသူသာလျှင် ထာဝရအသက်ကို စောင့်ရှောက်သူဖြစ်၏။ 26 ငါ့အမှုကို ဆောင်ရွက်သောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုကို ဆောင်ရွက်သောသူဖြစ်သောကြောင့် ငါဟိသည့်အရပ်၌ ဟိလိမ့်မည်။ ငါ့အမှုကို ဆောင်ရွက်သူကို ခမည်းတော်သည် ချီးမြောက်တော်မူလိမ့်မည်။
29 ထိုနီရာတွင် ရပ်နိန်ကြသော လူအစုအဝေးရို့သည် ထိုအသံကိုကြား၍ လူတချို့က မိုးကြိမ်းသည်ဟု ဆိုကြ၏။ တချို့က “ကိုယ်တော့်ကို ကောင်းကင်တမန်က စကားပြောသည်” ဟု ဆိုကြ၏။
30 သို့သော် ယေသျှုက ထိုသူရို့အား “ဤအသံတော် ထွက်ပေါ်လာခြင်းက ငါ့အကျိုးတွက် မဟုတ်။ သင်ရို့အကျိုးတွက် ဖြစ်၏။ 31 ဤလောကသည် အဂုပင် တရားစီရင်ခြင်းကို ခံရမည့်အချိန် ဖြစ်၏။ ဤလောကကို အုပ်ချုပ်သူကလည်း အဂုပင် အပြင်သို့ နှင်ထုတ်ခြင်းကို ခံရ၏။ 32 ငါသည် မြီကြီးမှခွါ၍ မြှောက်ထားခြင်းကို ခံရသည့်အခါ လူတိုင်းကို ငါ့ထံသို့ ငါဆွဲမည်” ဟု မိန့်တော်မူ၏။ 33 ဤသို့ မိန့်တော်မူရသည်မှာ မိမိသည် ဒုက္ခဝေဒနာကိုခံရ၍ မည်သို့ အသီခံရမည်ကို အရိပ်အမြွက်အားဖြင့် ဖော်ပြတော်မူခြင်းဖြစ်၏။
34 လူအစုဝေးကလည်း၊ “မေသျှိယသည် အစဉ်အမြဲ အသက်ရှင်သည်ဟု အကျွန်ရို့ ပညတ္တိကျမ်း၌ ဆို၏။ သို့ဖြစ်လျှင် လူသားသည် မြီကြီးကခွါ၍ မြှောက်ထားခြင်းကို ခံရမည်ဟု ဇာပိုင် ပြောနိုင်သနည်း။ လူသားကား ဇာသူနည်း” ဟု မိန်းမြန်းကြ၏။
35 ယေသျှုကလည်း၊ “အလင်းသည် သင်ရို့၌ ခဏသာ ဟိလိမ့်မည်။ သင်ရို့အား အမှောင် မဖုံးလွှမ်းစီရန် အလင်းဟိစဉ်၌ လားလာကြလော့။ အမှောင်၌ လားလာနိန်သူသည် ဇာအရပ်သို့ လားလာသည်ကိုမသိ။ 36 ထို့ကြောင့် အလင်းဟိနိန်ခိုက်တွင် ထိုအလင်းကို ယုံကြည်ကြလော့။ သို့မှသာ သင်ရို့သည် အလင်း၏သားသမီးတိ ဖြစ်လာကြလိမ့်မည်” ဟု မိန့်တော်မူ၏။
39 ထိုစကားကြောင့် သူရို့သည် ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။ အကြောင်းမှာ ဟေသျှာယက၊
41 ဟေသျှာယသည် ယေသျှု၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရသဖြင့် ကိုယ်တော်၏ အကြောင်းကို ဤသို့ မြွက်ဆိုခြင်းဖြစ်၏။
42 သို့စေကာမူ များစွာသော ယုဒအာဏာပိုင်ရို့ကလည်း ယေသျှုကို ယုံကြည်ကြ၏။ သို့သော်လည်း ဖာရိယှဲရို့ကြောင့် တရားဇရပ်မှ နှင်ထုတ်ခံရမည်ကို ကြောက်၍ မိမိရို့ ယုံကြည်ကြကြောင်းကို ပွင့်လင်းစွာ ဝန်မခံကြပေ။ 43 ထိုသူရို့က ဘုရားသခင်၏ ချီးမွမ်းခြင်းထက် လူရို့၏ ချီးမွမ်းခြင်းကို ပို၍ နှစ်သက်ကြသူများ ဖြစ်ကြ၏။
Languages