9 ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် တစ်ဦးကို တစ်ဦး ပြစ်တင်ပြောဆိုခြင်းကို မပြုကတ်ကေ့။ ထိုသို့ ပြစ်တင်ခြင်းကို ပြုလျှင် တရားစီရင်ခြင်းကို ခံကြရလိမ့်မည်။ တရားစီရင်သော အသျှင်သည် တန်းခါးဝ၌ ရပ်နိန်တော်မူ၏။
10 ညီအစ်ကို မောင်နှမရို့၊ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ကြုံတွိ့ရသောအခါ၌ သခင်ဘုရား၏ နာမတော်မြတ်၌ ဟောပြောခသော ပရောဖက်ရို့ကို စံနမူနာယူ၍ စိတ်ရှည်သည်းခံကြလော့။ 11 သည်းခံတတ်သောသူရို့သည် မင်္ဂလာဟိကြ၏ဟု ငါရို့ သိကြ၏။ ယောဘ၏သည်းခံခြင်းကို သင်ရို့ ကြားဖူးကြပြီ။ နောက်ဆုံး၌ ထာဝရဘုရားသည် ပြုစုတော်မူသည်ဖြစ်၍ ကိုယ်တော်သည် သနားခြင်း ကရုဏာတော်နှင့် ပြည့်စုံတော်မူသော အသျှင်ဖြစ်ကြောင်းကို သင်ရို့ မြင်တွိ့ရကြ၏။
12 [c]ညီအစ်ကို မောင်နှမရို့၊ အထူးသဖြင့် ကျိန်ဆိုခြင်းကို မပြုကတ်ကေ့။ ကောင်းကင်ကိုဖြစ်စီ၊ မြီကြီးကိုဖြစ်စီ၊ အခြားသော ကတိသစ္စာတစ်စုံတစ်ခုကို ပြုလျက်ဖြစ်စီ၊ ကျိန်၍ ပြောဆိုခြင်းကို မပြုကြနှင့်။ သင်ရို့သည် ဟုတ်သည်ကို “အဟုတ်” ဟူ၍ လည်းကောင်း၊ မဟုတ်သည်ကိုလည်း “မဟုတ်” ဟူ၍ လည်းကောင်း ပြောဆိုကြလော့။ သို့မဟုတ်လျှင် တရားစီရင်ခြင်းကို ခံရကြလိမ့်မည်။
13 သင်ရို့၌ ဒုက္ခရောက်နိန်သောသူ ဟိလျှင် ထိုသူသည် ဆုတောင်းပါစီ။ သင်ရို့၌ ဝမ်းမြောက်ရွှင်လန်းသောသူဟိလျှင်၊ ထိုသူသည် ချီးမွမ်းတေးခြင်းကို သီဆိုပါစီ။ 14 [d]သင်ရို့၌ မကျန်းမမာသောသူ ဟိလျှင်၊ ထိုသူသည် အသင်းတော် အကြီးအကဲရို့ကို ခေါ်၍ သူရို့သည် သူ့ကို ဆီလူးကာ သခင်ဘုရား၏နာမတော်၌ ဆုတောင်းပီးကြစီ။ 15 ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းသည် လူနာကို ကျန်းမာစီလိမ့်မည်။ သခင်ဘုရားသည်လည်း သူ့ကို ထူမတော်မူလိမ့်မည်။ သူရို့သည် အပြစ်ကို ပြုမှားမိခလျှင်လည်း ထိုသူ့ရို့ကို ခွင့်ရွှတ်တော်မူလိမ့်မည်။ 16 သို့ဖြစ်၍ သင်ရို့သည် ကျန်းမာခြင်းကို ရစီမည့်အကြောင်း တစ်ယောက်ကို တစ်ယောက် မိမိရို့၏ အပြစ်များကို ဖော်ပြဝန်ခံလျက် တစ်ယောက်ကို တစ်ယောက် ဆုတောင်းပီးကြလော့။ ဖြောင့်မတ်သောသူတစ်ယောက်၏ ဆုတောင်းပတ္ထနာသည် အလွန်တန်ခိုးပါ၍ အကျိုးဟိ၏။ 17 ဧလိယသည် ငါရို့ကဲ့သို့ လူ တစ်ယောက်ဖြစ်သော်လည်း မိုးမရွာမည့်အကြောင်း စိတ်အားထက်သန်စွာ ဆုတောင်းသောအခါ သုံးနှစ်နှင့် ခြောက်လတိုင်တိုင် မြီကြီး၌ မိုးမရွာဘဲ နိန်လေ၏။ 18 ထို့နောက် သူသည် နောက်တဖန် ဆုတောင်းသောအခါ အာကာပြင်မှ မိုးရွာသွန်း၍ မြီကြီးသည် အသီးအနှံများကို ဖြစ်ထွန်းလေ၏။
19 ညီအစ်ကို မောင်နှမရို့၊ သင်ရို့၌ တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားမှ လွဲလားသောအခါ တစ်စုံတစ်ယောက်က သူ့ကို ပြန်လည်၍ ခေါ်ဆောင်ပီးလော့။ 20 [e]အပြစ်သားကို သူ၏ လွဲမှားနိန်သောလမ်းမှ ပြန်လည်ခေါ်ဆောင်ပီးသော သူသည် ထိုအပြစ်သား၏ စိတ်ဝိညာဉ်ကို[f] သီခြင်းတရားမှ ကယ်တင်၍ များစွာသော အပြစ်များကို ခွင့်ရွှတ်ခြင်းရစီရန် ပို့ဆောင်ပီးသောသူဖြစ်ကြောင်း သိမှတ်ကြလော့။
<- ယာကုပ် 4
Languages