ဧဖက် အသင်းတော်သို့ ပေါလု၏ ပီးစာ နိဒါန်း ဧဖက်အသင်းတော်သို့ ပေါလု၏ ပီးစာ သည် ခရစ်တော် မွီးဖွားပြီးနောက် ၆၀ ခုနှစ် ဝန်းကျင်တွင် ကောလောဿဲ အသင်းတော်သို့ ပီးစာကို ရီးသားခသော အချိန်၌ ဤပီးစာကိုလည်း ရီးသားခ၏။ ဤစာကို ရီးသားခသောသူသည် တမန်တော်ပေါလုဖြစ်သည်ကို (၁.၁) တွင် ခိုင်ခိုင်မာမာဖော်ပြထားသည်။ များစွာသော ကျမ်းတတ်ဆရာရို့က ကောလောဿဲအသင်းတော်သို့ ပီးစာ၌တွိ့ရသော ပုဂ္ဂိုလ်ရေးရာ မိတ်ဆက်ခြင်းများကို ဤဧဖက်စာအုပ်တွင် မတွိ့ရသော်လည်း ဤစာကို ပေါလုရီးခသည်ဟူ၍ လက်ခံကြသည်။ အကြောင်းမူကား ဤပြည်နယ်၌ များစွာသော အသင်းတော်များကြားတွင် ပြန့်နှံ့စီခြင်းငှာ ရည်ရွယ်ထားသောကြောင့် ဖြစ်၏။ ပေါလုကလည်း ဤပီးစာကို ရီးသားသောအခါ မိမိသည် ထောင်ကျနိန်သည်ကို (၃.၁; ၄.၁; နှင့် ၆.၂၀) ဖော်ပြထား၏။ ပေါလုသည် ဧဖက်အသင်းတော်သို့ လည်ပတ်ရန် လားနိန်သော တုခိတ်နှင့်အတူ ဤစာကို ပို့လိုက်၏ (၆.၂၁–၂၂)။ အာယှမိုင်းနား ပြည်နယ်တွင်ဟိသော ဧဖက်မြို့သည် အလွန်ကြီးသော မြို့တစ်မြို့ဖြစ်ပြီး အာယှမိုင်းနား ပြည်နယ်တွင်ဟိသော ရောမအင်ပါယာ၏ မြို့တော်တစ်မြို့ဖြစ်၏။ ဧဖက်မြို့သည် ဟေလသ နတ်ဘုရားမ အာတေမိ၏ ဗိမာန်တော်ကြောင့် ကျော်ကြားခ၏ (တ ၁၉.၂၃–၃၁)။ ဧဖက်အသင်းတော်သည် ခိုင်မာစွာစတင်ခသော်လည်း နောက်ဆုံးတွင် အားလျော့လားလေ၏ (ဗျာ ၂.၁–၇)။ ဤစာစောင်၏ ပထမပိုင်း တစ်ဝက်တွင် ပေါလုက ဘုရားသခင်သည် မိမိလူရို့ကို ဇာပိုင်ရွီးချယ်ထားကြောင်းနှင့် ထိုသူရို့ကို ယေသျှုခရစ်တော်အားဖြင့် မိမိရို့၏အပြစ်မှ ကယ်တင်ခကြောင်းကို ယှင်းပြထားပါ၏။ သူသည် အသင်းတော်ကို ခရစ်တော်၏ ကိုယ်ခန္ဓာကဲ့သို့ လည်းကောင်း၊ ခရစ်တော်သည် အသင်းတော်၏ ဦးဂေါင်းကဲ့သို့ လည်းကောင်း၊ ခရစ်တော်နှင့် တည်ဆောက်ထားသော အဆောက်အဦးကဲ့သို့ လည်းကောင်း၊ ခရစ်တော်သည် အရေးကြီးသော ထောင့်ချုပ်ကျောက်ကဲ့သို့ လည်းကောင်း၊ အသင်းတော်ကို ခရစ်တော်၏ သတိုးသမီးအဖြစ် လည်းကောင်း၊ ခရစ်တော်သည် အသင်းတော်၏ သတိုးသားအဖြစ် လည်းကောင်း စသည်ဖြင့် ခိုင်နှိုင်း၍ တင်ပြထား၏။ ဤစာအုပ်၏ ဒုတိယပိုင်းတစ်ဝက်တွင် ပေါလုသည် ခရစ်ယာန်များအဖို့ အသက်ရှင်လျှောက်လှမ်းရန် လမ်းညွှန်ချက်များကို ပီးထား၏။ အကြောင်းအရာ အကျဉ်းချုပ် ၁။ အခန်းကြီး ၁ တွင် ပေါလုသည် မိမိကိုယ်ကို မိတ်ဆက်ခြင်းနှင့် ဧဖက်အသင်းတော်သို့ နှုတ်ဆက်ခြင်း (၁.၁–၂) ၂။ ထို့နောက်၊ အသင်းတော်နှင့် ခရစ်တော်၏ဆက်နွယ်ခြင်းကို ယှင်းပြခြင်း (၁.၃—၃.၂၁) ၃။ တဖန်၊ ခရစ်ယာန်များ အသက်ရှင်လှုပ်ယှားသင့်သော လမ်းစဉ်ကို ပေါလု ရီးသားခြင်း (၄.၁—၆.၂၀) ၄။ အဆုံးသတ်ထင်မြင်ချက် တချို့ကို ပေါလု ရီးသားခြင်း (၆.၂၁–၂၄)
7 [d]ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးမြတ်တော်မူသည်နှင့်အညီ ငါရို့သည် ခရစ်တော်၏ အသွီးတော်အားဖြင့်[e] ရွီးနုတ်ခြင်းတည်းဟူသော ဒုစရိုက်အပြစ်မှ ခွင့်ရွှတ်ခြင်းကို ခံရကြ၏။ 8 ဘုရားသခင်သည် ထိုကျေးဇူးတော်ကို ငါရို့အား ရက်ရောစွာပီးတော်မူ၏။ ခပ်သိမ်းသော ဉာဏ်ပညာနှင့် အသိပညာအားဖြင့်၊ 9 မိမိရည်ရွယ်ချက်အတိုင်း ပြုတော်မူသည်ဖြစ်၍ ခရစ်တော်၌ နက်နဲသောအကြံအစည်တော်ကို ငါရို့အား သိစီတော်မူ၏။ 10 ထိုအကြံအစည်တော်ကား၊ ကာလအချိန်တန်သောအခါ ဘုရားသခင်သည် ကောင်းကင်နှင့် မြီကြီးထက်တွင် ဟိသော ခပ်သိမ်းသော ဖန်ဆင်းခံအရာတိကို ခရစ်တော်အောက်၌ ပေါင်းစည်းစီခြင်းငှာ စီမံခန့်ခွဲတော်မူလိမ့်မည်။
11 ခပ်သိမ်းသောအရာများသည် ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားတော်မူသည်အတိုင်း ဖြစ်ပျက်ကြရ၏။ ဘုရားသခင်သည် မိမိအလိုတော်အတိုင်း ရှီးမဆွကပင် ကြိုတင်သတ်မှတ်ထားတော်မူသည်နှင့်အညီ ငါရို့အား ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် မိမိ၏ လူစုတော် ဖြစ်ခြင်းငှာ ရွီးချယ်တော်မူ၏။ 12 သို့ဖြစ်၍ ခရစ်တော်ကို ဦးစွာပထမ မျှော်လင့်ခသော ငါရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွန်းကြကုန်အံ့။
13 သင်ရို့သည်လည်း ကယ်တင်ခြင်းနှင့်ဆိုင်သော သတင်းကောင်းတည်းဟူသော သမ္မာတရားကို ကြားရသောအခါ ဘုရားသခင်၏ လူများဖြစ်လာကြ၏။ သင်ရို့သည် ခရစ်တော်ကို ယုံကြည်၍ ဘုရားသခင်သည် မိမိကတိပီးထားတော်မူသော သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် သင်ရို့အား မိမိပိုင်တော်မူကြောင်းကို တံဆိပ်ခတ်တော်မူ၏။ 14 ဝိညာဉ်တော်သည် ဘုရားသခင်၏လူရို့အား ကတိပီးထားတော်မူသည် နှင့်အညီ ငါရို့ခံစားရမည်ဖြစ်ကြောင်း အာမခံဖြစ် တော်မူ၏။ ထိုအာမခံချက်ဟူကား ဘုရားသခင်သည် မိမိပိုင်တော်မူသော သူရို့အား လွတ်မြောက်ခြင်းကို ရစီတော်မူမည်အကြောင်း ဖြစ်၏။ ထို့ကြောင့် ငါရို့သည် ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ချီးမွမ်းကြကုန်အံ့။
- a တ ၁၈.၁၉–၂၁; ၁၉.၁
- b အချို့သော လက်ရီးမူရင်းကျမ်းများတွင် ဧဖက်မြို့၌၊ ဟူ၍ မပါဟိပေ။
- c အကြောင်းမူကား မိမိမေတ္တာတော်ကြောင့်၊၅ဘုရားသခင်သည်၊ သို့မဟုတ် ကိုယ်တော်၏ ရှိ့တော်၌၊ မေတ္တာတော်၌ အသက်ရှင်ရန်၊ ဘုရားသခင်သည်။
- d ကော ၁.၁၄
- e ခရစ်တော်၏ အသွီးတော်အားဖြင့်၊ သို့မဟုတ် ခရစ်တော်၏ အသီခံခြင်းအားဖြင့်။
- f ကော ၁.၁၈
- g ခပ်သိမ်းသောနီရာ၌ အလုံးစုံတိကို ပြည့်စုံစီတော်မူသော၊ သို့မဟုတ် မိမိကိုယ်တိုင် ဘုရားသခင် ဖြစ်ခြင်းနှင့် ပြည့်စုံသောသူဖြစ်သော။
Languages