1 [a]သခင်ရို့၊ သင်ရို့သည်လည်း ကောင်းကင်ဘုံ၌ သခင်တစ်ပါးတည်းသာ ဟိကြောင်းကို သိမှတ်လျက် မိမိရို့၏ ကျွန်တိကို တရားမျှတစွာ ပြုမူဆက်ဆံကြလော့။
5 [b]သင်ရို့ရဟိသော အခွင့်ကောင်းမှန်သမျှကို အသုံးပြု၍ အပြင်လူတိအား ပညာသတိနှင့် ပေါင်းသင်းဆက်ဆံကြလော့။ 6 သင်ရို့ပြောသောစကားသည် နားဝင်ချို၍ စိတ်ဝင်စားဖွယ် ဖြစ်စီကြလော့။ လူအသီးသီးအား မည်ကဲ့သို့ မှန်ကန်စွာ ပြန်ဖြေရမည်ကို သင်ရို့ နားလည်ထားကြလော့။
10 [f]ငါနှင့်အတူ ထောင်ကျခံနိန်ရသူ အာရိတ္တာခုနှင့် ဗာနဗ၏ ညီအစ်ကိုဝမ်းကွဲဖြစ်သောသူ မာကုသည် သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။ (မာကုသည် သင်ရို့ပါးသို့ ရောက်လာသောအခါ သူ့အား ကြိုဆိုလက်ခံကြရန် ညွှန်ကြားချက်များကို သင်ရို့ ရဟိထားပြီးဖြစ်၏။) 11 ယုတ္တုဟုခေါ်သော ယောသျှုကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။ ဘုရားသခင်၏ နိုင်ငံတော်အတွက် ငါနှင့်အတူ လုပ်ဆောင်လျက်ဟိသော ယုဒလူမျိုး ယုံကြည်သူတိထဲမှ သူရို့သုံးဦးသာလျှင် ဖြစ်ကြ၏။ ဤသူရို့သည် ငါ့ကို များစွာ ကူညီပီးကြသောသူတိ ဖြစ်ကြ၏။
12 [g]ခရစ်တော်ယေသျှု၏ အခိုင်းအစီဖြစ်၍ သင်ရို့အထဲက တစ်ဦးဖြစ်သော ဧပဖြကလည်း နှုတ်ဆက်လိုက်ပါ၏။ သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်ဝစွာလိုက်နာကာ ရင့်ကျက်၍ ယုံကြည်ခြင်းပြည့်ဝသော ခရစ်ယာန်များအဖြစ် ခိုင်မြဲစွာ ရပ်တည်နိုင်ကြစီရန် သူသည် သင်ရို့အတွက် စိတ်အားထက်သန်စွာ အမြဲတစီ ဘုရားသခင်ထံတော်၌ ဆုတောင်းပီးလျက်ဟိ၏။ 13 သင်ရို့အတွက် လည်းကောင်း၊ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ ဟိသောသူရို့အတွက် လည်းကောင်း အလွန်ကြိုးစား လုပ်ဆောင်သောသူဖြစ်ကြောင်း ငါကိုယ်တိုင် သက်သီခံပါ၏။ 14 [h]ငါရို့ချစ်သော ဆရာဝန်လုကာနှင့် ဒေမသည် သင်ရို့အား နှုတ်ဆက်လိုက်ကြ၏။
15 လောဒိကိမြို့၌ဟိသော ညီအစ်ကိုမောင်နှမရို့ကိုလည်းကောင်း၊ နုံဖနှင့် သူမ၏အိမ်၌ စုဝေးကြသည့် အသင်းတော်ကိုလည်းကောင်း ငါနှုတ်ဆက်လိုက်ကြောင်းကို ပြောပြကြလော့။[i] 16 ဤစာကို သင်ရို့ဖတ်ပြီးသောအခါ လောဒိကိမြို့၌ဟိသော အသင်းတော်ကိုလည်း ဖတ်စီကြလော့။ ထို့အတူ လောဒိကိမြို့၌ဟိသော ညီအစ်ကိုမောင်နှမတိမှ ပို့ပီးသည့်စာကိုလည်း သင်ရို့ဖတ်ရှုကြလော့။ 17 [j]ပြီးလျှင် “သခင်ဘုရား ပီးအပ်ထားသော အမှုတော်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ” ဟု အာခိပ္ပုအား ပြောပြကြလော့။
18 ဤနှုတ်ဆက်စကားကို ငါ ပေါလုသည် ငါ့လက်ဖြင့် ရီးလိုက်ပါ၏။ ငါခံရသော ချုပ်နှောင်ခြင်းကို သတိရကြလော့။
- a ဧ ၆.၉
- b ဧ ၅.၁၆
- c တ ၂၀.၄; ၂ တိ ၄.၁၂
- d ဧ ၆.၂၁,၂၂
- e ဖိလေ ၁၀–၁၂
- f တ ၁၉.၂၉; ၂၇.၂; ဖိလေ ၂၄; တ ၁၂.၁၂,၂၅; ၁၃.၁၃; ၁၅.၃၇–၃၉
- g ကော ၁.၇၊ ဖိလေ ၂၃
- h ၂ တိ ၄.၁၀,၁၁; ဖိလေ ၂၄
- i နုံဖနှင့် သူမ၏အိမ်၌ စုဝေးကြသည့် အသင်းတော်ကို၊ တချို့သော လက်ရီးမူရင်းကျမ်းများတွင် နုံဖနှင့် သူ၏အိမ်၌ စုဝေးကြသည့် အသင်းတော်ကို၊ ဟူ၍ ဖော်ပြ ပါဟိသည်။
- j ဖိလေ ၂
Languages