1 ထိုအတောအတွင်း သျှောလုသည် သခင်ဘုရား၏တပည့်တော်ရို့အား သတ်ဖြတ်ရန် ခြိမ်းခြောက်လျက်နိန်၏။ သူသည် ယဇ်ပုရောဟိတ်မင်းထံသို့ လားပြီးလျှင်၊ 2 သခင်ဘုရား၏ လမ်းစဉ်ကို လိုက်လျှောက်သောမိန်းမ၊ ယောက်ျားတိကို တွိ့ပါက ဖမ်းဆီး၍ ယေရုဆလင်မြို့သို့ ခေါ်ဆောင်နိုင်ခြင်းငှာ ဒမာသက်မြို့၌ဟိသော တရားဇရပ်များသို့ ညွှန်ကြားစာ ပီးပါရန် တောင်းဆိုလေ၏။
3 သျှောလုသည် ဒမာသက်မြို့အနားသို့ ရောက်သောအခါ အာကာထက်မှ အလင်းသည် သူ့ပတ်လည်တွင် ရုတ်ကနဲ ထွန်းတောက်လေ၏။ 4 သူသည် မြီကြီးထက်တွင် လဲကျလားပြီး၊ “သျှောလု၊ သျှောလု ငါ့ကို ဇာကြောင့် ညှဉ်းဆဲနှိပ်စက်သနည်း” ဟု မိမိအား မိန်းမြန်းနိန်သော အသံတစ်ခုကို ကြားရ၏။
5 သျှောလုက၊ “အသျှင်၊ အသျှင်ကား ဇာသူနည်း” ဟု မိန်းလျှောက်၏။
7 သျှောလုနှင့်အတူ ခရီးပြုနိန်သော သူရို့သည် ထိုအသံကို ကြားရသော်လည်း လူတစ်ယောက်ကိုမျှ မတွိ့ရသဖြင့် အံ့မောကျလျက် ရပ်နိန်ကြ၏။ 8 သျှောလုသည် မြီကြီးမှ ထပြီးလျှင် မျက်လုံးကို ဖွင့်လိုက်သောအခါ မည်သည့်အရာကိုမျှ မမြင်ရလီယာ။ ထို့ကြောင့် သူရို့သည် သူ၏လက်ကိုဆွဲ၍ ဒမာသက်မြို့သို့ ခေါ်ဆောင်လားကြ၏။ 9 သူသည် သုံးရက်လုံးလုံး မျက်စိမမြင်ရ၍ ထိုကာလအတွင်း ဇာတစ်ခုကိုမျှ မစားမသောက်ဘဲနိန်၏။
10 ဒမာသက်မြို့တွင် အာနနိဟု ခေါ်သော တပည့်တော်တစ်ယောက် ဟိ၏။ သူ၏ဗျာဒိတ်ရူပါရုံထဲတွင် သခင်ဘုရားက “အာနနိ” ဟု ခေါ်တော်မူလျှင်၊
11 သခင်ဘုရားကလည်း “သင်ထပြီးလျှင် လမ်းပြောင့်ဟု အမည်တွင်သော လမ်းသို့လားပြီးလျှင် တာယှုမြို့သား သျှောလုဟု ခေါ်သောသူကို ယုဒ၏ အိမ်၌ စုံစမ်းမိန်းမြန်းလော့။ သူသည် ဆုတောင်းလျက်နိန်၏။ 12 ထိုသူသည်လည်း ဗျာဒိတ်ရူပါရုံ၌ အာနနိဟု ခေါ်သောသူသည် လာ၍ မိမိအထက်၌ လက်တင်ခြင်းဖြင့် မျက်စိအလင်း ပြန်ရသည်ကို မြင်ရလီယာ” ဟု မိန့်တော်မူ၏။
13 အာနနိက၊ “အသျှင်၊ ထိုသူသည် ယေရုဆလင်မြို့၌ဟိသော ကိုယ်တော်၏ သန့်ယှင်းသောလူတိအား ဇာလောက်ထိ ဒုက္ခပီးကြောင်း လူအများက ပြောကြသည်ကို အကျွန် ကြားပါ၏။ 14 ထိုသူသည် ကိုယ်တော့်ကို ကိုးကွယ်ကြသောသူမှန်သမျှကို ဖမ်းဆီးရန် ယဇ်ပုရောဟိတ်အကြီးအကဲရို့ထံပါးက အခွင့်အာဏာဖြင့် ဤအရပ်သို့ ရောက်လာခြင်းဖြစ်ပါ၏” ဟု လျှောက်လေ၏။
15 သို့ရာတွင် သခင်ဘုရားက၊ “လားလော့၊ ဤသူကား ငါ ရွီးချယ်ထားသူဖြစ်ပြီးလျှင် တခြားလူမျိုးတိ၊ သျှင်ဘုရင်တိနှင့် ဣသရေလလူမျိုးတိရှိ့၌ ငါ့နာမကို ထင်ရှားစီမည့်သူ ဖြစ်၏။ 16 ငါ၏နာမအဖို့အလို့ငှာ သူခံရမည့် ဒုက္ခဆင်းရဲခြင်း အကြောင်းကို အားလုံးကို ငါကိုယ်တိုင် သူ့ကိုဖော်ပြမည်” ဟု မိန့်တော်မူ၏။
17 ထို့ကြောင့် အာနနိသည် လား၍ သျှောလုဟိသည့်အိမ်သို့ ဝင်ပြီး သူ၏အထက်၌ လက်ကိုတင်ပြီးလျှင်၊ “ငါ့ညီ သျှောလု၊ သင်သည် မျက်စိပြန်မြင်စီဖို့နှင့် သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလာစီဖို့အတွက် သင် ဤအရပ်သို့ လာနိန်စဉ် လမ်းခရီး၌ ထင်ရှားတော်မူသော သခင်ဘုရားတည်းဟူသော ယေသျှုက ငါ့ကို သင့်ပါးသို့ စီရွှတ်တော်မူလိုက်သည်” ဟု ဆို၏။ 18 ထိုအခါ ခဏချင်းတွင် သျှောလုမျက်စိမှ ငါးအကြီးခွံများကဲ့သို့ သော အရာများ ကွာကျပြီး မျက်စိပြန်မြင်လီ၏။ သူသည်လည်း ထ၍ ဗတ္တိဇံကို ခံယူပြီးလျှင်၊ 19 သူသည် အစားအစာ သုံးဆောင်ပြီးနောက် ခွန်အားနှင့် ပြည့်လာ၏။
21 သူ၏စကားကို ကြားသောသူ အပေါင်းရို့သည် အံ့သြကြ၍ “ဤသူသည် ယေရုဆလင်မြို့၌ ယေသျှုနာမအား ဆုတောင်းပတ္ထနာပြုသော သူတိကို သတ်ဖြတ်ခသူ မဟုတ်ပါလော၊ ထို့ပြင် ထိုသူရို့အား ဖမ်းဆီး၍ ယဇ်ပုရောဟိတ်အကြီးအကဲတိထံပါးသို့ ပို့ဆောင်လားရန် ရည်ရွယ်ချက်များဖြင့် ရောက်လာသူ မဟုတ်ပါလော” ဟု ပြောဆိုကြ၏။
22 သို့သော် သျှောလုသည် ခွန်အားနှင့် ပို၍ပြည့်စုံလာပြီး ယေသျှုသည် မေသျှိယဖြစ်တော်မူကြောင်းကို ယုံကြည်လောက်အောင် သက်သီပြ၍ ဟောပြောရာ ဒမာသက်မြို့တွင် နီထိုင်သူ ယုဒလူမျိုးရို့သည် မချေပနိုင်ကြပေ။
23 [a]ထို့နောက် ရက်ပေါင်းများစွာ ကြာလာသောအခါ ယုဒလူမျိုးရို့သည် အတူတကွ တွိ့ဆုံပြီး၊ သျှောလုကို အသီသတ်ရန် ကြံစည်ကြ၏၊ 24 သို့သော်လည်း သူရို့၏ အကြံစည်ကို သျှောလု သိလေ၏။ သူရို့သည် မြို့တန်းခါးတိတွင် နိ့၊ ညမပြတ် စောင့်ကြည့်ပြီး သျှောလုအား အသီသတ်ရန် မှာထားကြ၏။ 25 သို့ရာတွင် သျှောလု၏ နောက်လိုက်ရို့သည် ညဉ့်အချိန်တွင် သူ့ကို ခေါ်ဆောင်လားကာ တောင်းထဲတွင်ထည့်၍ မြို့ရိုးထက်မှ အောက်သို့ လျှောချကြ၏။
31 ထို့ကြောင့် ထိုကာလတွင် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ယှာမာရိပြည် အရပ်ရပ်၌ အသင်းတော်သည် ငြိမ်ဝပ်စွာနိန်ရလေ၏။ အသင်းတော်သည် သခင်ဘုရားအား ကြောက်ရွံ့ရိုသီသော စိတ်နှင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်၏ အားပီးတိုက်တွန်းအားဖြင့် လည်းကောင်း အသက်ရှင် နီထိုင်ကြသောကြောင့် အရီအတွက် တိုးပွားများပြား လာလေ၏။
36 ယုပ္ပေမြို့၌ တဗိသ နာမည်ဟိသော ယုံကြည်သူတစ်ဦး ဟိ၏။ (သူမ၏နာမည်ကား ဟေလသ ဘာသာစကားဖြင့် ဒေါ်ကာ ဖြစ်၍ “ဒရယ်” ဟု ဆိုလိုသတည်း။) သူမသည် ကောင်းသောအလုပ်နှင့် စွန့်ကြဲပီးကမ်းခြင်းအမှုကို အစဉ်သဖြင့် လုပ်တတ်၏။ 37 ထိုအချိန်၌ သူမသည် ဖျားနာ၍ သီဆုံးလေ၏။ သူမ၏အလောင်းကို ရီချိုးပီးကြပြီးနောက် အထက်ခန်းတွင် ထားကြ၏။ 38 လုဒ္ဒမြို့သည် ယုပ္ပေမြို့နှင့် မဝီးသဖြင့် လုဒ္ဒမြို့တွင် ပေတရုဟိကြောင်းကို ယုံကြည်သူရို့ ကြားသိကြလျှင် လူနှစ်ဦးကို သူ့ပါးသို့ ရွှတ်လိုက်ကာ “အကျွန်ရို့ပါးကို လျင်မြန်စွာ ကြွလာတော်မူပါ” ဟု တောင်းပန်ကြ၏။ 39 ထို့ကြောင့် ပေတရုသည် ထိုသူရို့နှင့်အတူ လိုက်လာ၏။ သူသည် ရောက်လာသောအခါ ပေတရုကို အထက်ခန်းသို့ ခေါ်ဆောင်လားကြ၏။ မုဆိုးမရို့သည် ပေတရု၏အနားတွင် ဝိုင်းအုံလျက် ငိုယိုကာ ဒေါ်ကာ အသက်ထင်ရှားစဉ် ခြုပ်ထားခသော အပြင်ခံအင်္ကျီများနှင့် အတွင်းခံအင်္ကျီများကို ပြကြ၏။ 40 ပေတရုသည် ထိုသူရို့ အားလုံးကို အခန်းတွင်းမှ ထွက်စီပြီးလျှင် ဒူးထောက်၍ ဆုတောင်းလေ၏။ ထို့နောက် အလောင်းဖက်သို့လှည့်၍ “တဗိသ၊ ထလော့” ဟု ဆိုလျှင် သူမသည် မျက်စိဖွင့်၍ ပေတရုကို မြင်သောအခါ ထ၍ ထိုင်လေ၏။ 41 ပေတရုသည် သူမအား လက်ကိုကမ်းပြီးလျှင် ထရပ်နိုင်ရန် ဖေးမလေ၏။ ထို့နောက် မုဆိုးမများ အပါအဝင် ယုံကြည်သူများ အားလုံးကိုခေါ်၍ သူမ အသက်ရှင်လျက်ဟိကြောင်းကို ပြလေ၏။ 42 ထိုသတင်းသည် ယုပ္ပေတစ်မြို့လုံးတွင် ပျံ့နှံ့လားသဖြင့် လူအပေါင်းရို့သည် သခင်ဘုရားကို ယုံကြည်သက်ဝင်ကြ၏။ 43 ပေတရုသည် ယုပ္ပေမြို့၌ သားရီနယ်လုပ်သား သျှိမုန်ဆိုသူနှင့်အတူ ရက်ပေါင်းများစွာ တည်းခိုလေ၏။
<- တမန်တော် 8တမန်တော် 10 ->- a ၂ ကော ၁၁.၃၂,၃၃
Languages