17 “ညီအစ်ကိုရို့၊ အဂုတွင် သင်ရို့သည် သင်ရို့၏ ခေါင်းဆောင်တိ လုပ်ဆောင်ခသည့်နည်းတူ အသိဉာဏ်မဲ့စွာ ပြုနိန်ကြကြောင်းကို ငါသိ၏။ 18 မိမိ၏ မေသျှိယသည် ဒုက္ခဝေဒနာ ခံရမည်ဖြစ်ကြောင်းကို အားလုံးသော ပရောဖက်တိအားဖြင့် ကြိုတင်၍ ဘုရားသခင်က ဗျာဒိတ်ထားတော်မူခသော အရာတိကို ပြည့်စုံစီတော်မူယာ။ 19 သို့ဖြစ်၍ ဘုရားသခင်သည် သင်ရို့၏ အပြစ်တိကို လွှတ်ပီးစီရန် နောင်တရ၍ ပြောင်းလဲကြလော့။ ထိုသို့ပြုလျှင်၊ 20 ဝိညာဉ်တန်ခိုး သွန်းလောင်းမည့်အချိန်သည် သခင်ဘုရားထံတော်မှ ရောက်လာလိမ့်မည်၊ ကိုယ်တော်သည် သင်ရို့အဖို့ ရွီးချယ်ထားတော်မူသော ကယ်တင်သျှင်ယေသျှုကို သင်ရို့ထံပါးသို့ စီရွှတ်တော်မူလိမ့်မည်။ 21 ရှီးကာလက မိမိ၏ သန့်ယှင်းသူ ပရောဖက်တိမှတဆင့် ပီးတော်မူခသော ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ထိုအသျှင်သည် အရာအားလုံးကို အသစ်ပြုပျင်သောကာလ ရောက်လာသည့်တိုင်အောင် ကောင်းကင်ဘုံ၌ ဟိနိန်တော်မူမည်။ 22 မောသျှေက၊ ‘သင်ရို့၏အသျှင် ဘုရားသခင်သည် ငါ့ကို စီရွှတ်တော်မူသည့်နည်းတူ[b] ပရောဖက်တစ်ပါးကိုလည်း သင်ရို့ပါးသို့ စီရွှတ်တော်မူလိမ့်မည်။ ထိုအသျှင်သည် သင်ရို့၏ လူမျိုးထဲက ဖြစ်လိမ့်မည်။ ထိုအသျှင် ဟောပြောသမျှစကားတိကို သင်ရို့နာခံကြရမည်။ 23 ဇာသူမဆို ထိုပရောဖက်စကားကို မနာခံသောသူသည် ဘုရားသခင်၏ လူမျိုးတော်ဖြစ်ခြင်းမှ ဖယ်ယှား၍ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်’ ဟု မိန့်မြွက်တော်မူခ၏။ 24 သျှာမွေလမှစ၍ နောင်မှာပေါ်ထွန်းလာသည့် ပရောဖက်အားလုံးက ဗျာဒိတ်တော်အားဖြင့် အဂု နိ့ရက်ကာလ၌ ဖြစ်ပျက်နိန်သော အကြောင်းအရာတိကို ဟောပြောကြေညာခ၏။ 25 ထိုပရောဖက်တိအားဖြင့် ဘုရားသခင်ပီးတော်မူသော ကတိတော်များသည် သင်ရို့နှင့် ဆိုင်၏။ သင်ရို့အဖိုးအဖီးတိနှင့် ဘုရားသခင်ပြုတော်မူခသော ပဋိညာဉ်တော်ကလည်း သင်ရို့နှင့်ဆိုင်၏။ ဘုရားသခင်က အာဗြဟံအား၊ ‘သင်၏ အမျိုးအနွယ်အားဖြင့် မြီကြီးသားအပေါင်းရို့သည် ကောင်းကြီးမင်္ဂလာကို ခံစားရလိမ့်မည်’ ဟု မိန့်တော်မူခ၏။ 26 ထို့ကြောင့် သင်ရို့တစ်ယောက်စီတိုင်းသည် မတရားသောလမ်းမှ နောင်တရခြင်းအားဖြင့် ကောင်းကြီးမင်္ဂလာကို ခံစားကြစီရန် ဘုရားသခင် ရွီးချယ်ထားသော မိမိအခိုင်းအစီအား သင်ရို့ပါးသို့ အဦးဆုံး စီရွှတ်တော်မူသည်” ဟု ဟောပြောလေ၏။
<- တမန်တော် 2တမန်တော် 4 ->
Languages