6 ဖေတ္တုမင်းသည် သျှစ်ရက် သို့မဟုတ် ဆယ်ရက်ခန့် သူရို့နှင့်အတူ နီပြီးမှ ကဲသရိမြို့သို့ ပြန်လားလေ၏။ နောက်တစ်နိ့၌ ထိုမင်းသည် တရားခွင်၌ ထိုင်ပြီး ပေါလုကို တရားခွင်သို့ ခေါ်သွင်းစီ၏။ 7 ပေါလု ရောက်လာသောအခါ၊ ယေရုဆလင်မြို့မှ လာသော ယုဒလူရို့သည် ပေါလု၏ပတ်လည်၌ ရပ်လျက်၊ သူ၌ ကြီးလေးသော ပြစ်မှုများဖြင့် စွပ်စွဲကြ၏။ သို့သော် ထိုစွပ်စွဲချက်တိအတွက် သက်သီ ဇာတစ်ခုကိုမျှ မပြနိုင်ကြ။ 8 ထိုအခါ ပေါလုက “အကျွန်သည် ယုဒအမျိုးသားရို့၏ တရားကို သော်လည်းကောင်း၊ ဗိမာန်တော်ကို သော်လည်းကောင်း၊ ရောမ ဧကရာဇ်မင်းကို သော်လည်းကောင်း ဇာတစ်ခုကိုမျှ မပြစ်မှားပါ” ဟု ချေပပြောဆိုလေ၏။
9 သို့သော် ဖေတ္တုမင်းလည်း ယုဒလူမျိုးရို့၌ မျက်နှာရစီခြင်းငှာ ပေါလုအား “သင်သည် ယေရုဆလင်မြို့သို့ လား၍ ထိုမြို့၌ ငါ၏ရှိ့တွင် ဤစွပ်စွဲချက်တိကို စစ်ဆီးခံပါမည်လော” ဟု မိန်းလေ၏။
10 ပေါလုကလည်း “အကျွန်သည် ဧကရာဇ်ဘုရင်၏ တရားခုံရှိ့၌ ရပ်နိန်သည်ဖြစ်၍ ထိုတရားခုံ ရှိ့မှာ အမှုကို စစ်ဆီးအပ်ပါ၏။ အသျှင်ကိုယ်တိုင် ကောင်းစွာ သိတော်မူသည့်အတိုင်း အကျွန်သည် ယုဒအမျိုးသားရို့အား ဇာတစ်ခုမျှ မပြစ်မှားခပါ။ 11 အကျွန်သည် ပညတ်တရားကို ချိုးဖောက်ခြင်းနှင့် အသီခံထိုက်သော အပြစ် တစ်ခုခုကို ပြုမှားမိလျှင်၊ ဤသီဘေးမှ အကျွန် မယှောင်လွှဲပါ။ သို့ရာတွင် သူရို့စွပ်စွဲချက်တိ မမှန်ကန်လျှင် အကျွန်အား ဇာသူမျှ သူရို့လက်သို့ လွှဲအပ်နိုင်မည် မဟုတ်ပါ။ အကျွန်သည် ဧကရာဇ်ဘုရင်၌ အယူခံပါမည်” ဟု လျှောက်၏။
12 ထိုအခါ ဖေတ္တုမင်းက အတိုင်ပင်ခံအရာဟိရို့နှင့် တိုင်ပင်ပြီးလျှင် ပေါလုအား “သင်သည် ဧကရာဇ်ဘုရင်ထံတွင် အယူခံပါမည်ဟု ဆိုသောကြောင့် ဧကရာဇ်ဘုရင်ထံပါးသို့ လားရလိမ့်မည်” ဟု ဆို၏။
22 အဂြိပ္ပမင်းကလည်း “ထိုသူ၏စကားကို ငါကိုယ်တိုင် နားထောင်ချင်ပါ၏” ဟု ဖေတ္တုမင်းအား ပြောလေ၏။
23 နောက်တစ်နိ့တွင် အဂြိပ္ပမင်းနှင့် ဗေရနိတ်ရို့သည် ခမ်းနားသော ဂုဏ်အသရေကိုဆောင်လျက် တပ်မှူးတိ၊ ထိုမြို့၏ ခေါင်းဆောင်တိနှင့်တကွ ညီလာခံခန်းမထဲသို့ ဝင်လာကြ၏။ ထိုအခါ ဖေတ္တုသည် အမိန့်ပီးသဖြင့် ပေါလုအား ရှိ့မှောက်သို့ ခေါ်ဆောင်လာကြ၏။ 24 ဖေတ္တုကလည်း “အဂြိပ္ပမင်းကြီးနှင့်တကွ ဤအခန်း၌ ဟိသော သူအားလုံးရို့၊ သင်ရို့မြင်တွိ့ရသော ဤသူအား ယေရုဆလင်မြို့၌လည်းကောင်း၊ ဤမြို့၌လည်းကောင်း ဟိကြသော ယုဒလူအပေါင်းရို့က ဤသူ့အကြောင်းကို ငါ့ထံ၌ လျှောက်လဲကြ၏။ ဤသူသည် အသက်ရှင်ခြင်းငှာ မထိုက်ဟု အော်ဟစ်၍ တောင်းဆိုကြ၏။ 25 ငါသည် သူ၌ သီဒဏ်ခံထိုက်သော အပြစ်တစ်စုံတစ်ခုကို မတွိ့ရပေ။ သို့ရာတွင် သူသည် ဧကရာဇ်ဘုရင်ထံပါးသို့ အယူခံဝင်မည်ဟု ဆိုသောကြောင့် သူ့ကို အထံတော်သို့ ပို့ဆောင်ခြင်းငှာ အကျွန် စီရင်ဆုံးဖြတ်လေ၏။ 26 သို့သော် သူနှင့်ပတ်သက်၍ ဧကရာဇ်ဘုရင်အား စာရီးပီးလိုက်ရန် တိကျသောအကြောင်းအရာ တစ်ခုမျှ အကျွန်၌ မဟိ။ ထို့ကြောင့် ထိုသူကို သင်ရို့၏ ရှိ့တော်၌ ခေါ်သွင်းခြင်းဖြစ်၏။ အထူးသဖြင့် အဂြိပ္ပမင်း၏ ရှိ့မှောက်သို့ ခေါ်ဆောင်လာပါ၏။ အကြောင်းမူကား သင်သည် သူ့အား စစ်ဆီးမိန်းမြန်းပြီးသောအခါ အကျွန်၌ ရီးမှတ်စရာတစ်စုံတစ်ခု ဟိကောင်းဟိနိုင်ပါ၏။ 27 သူ၏ စွဲချက်ကို ယှင်းလင်းစွာ မဖော်ပြဘဲ အချုပ်သားတစ်ယောက်ကို ပို့လိုက်လျှင် မလျော်ကန် ဖြစ်မည်ဟု အကျွန်ထင်ပါသည်” ဟု ဆိုလေ၏။
<- တမန်တော် 24တမန်တော် 26 ->
Languages