1 ထိုအခါ ပေါလုသည် ယုဒလွှတ်တော်အဖွဲ့ဝင်များကို စိ့စိ့ကြည့်လျက်၊ “ဣသရေလ ညီအစ်ကိုရို့၊ ငါသည် ဤနိ့အချိန်အထိ ဘုရားသခင်၏ရှိ့တွင် ငါ၏သိစိတ်သည် ကြည်လင်စွာဖြင့် ပြုမူနီထိုင်၏” ဟု ဆို၏။ 2 ယဇ်ပုရောဟိတ်မင်း အာနာနိကလည်း အနား၌ ရပ်နိန်သော သူရို့အား ပေါလု၏ပါးစပ်ကို သတ်စီ၏။ 3 [a]ပေါလုကလည်း ထိုသူအား၊ “ထုံးဖြူသုတ်ထားသော အုတ်ရိုး၊ သင့်ကို ဘုရားသခင်က အမှန် သတ်လိမ့်မည်။ သင်သည် ဤနီရာ၌ တရားဥပဒေအရ တရားစီရင်ခြင်းငှာ ထိုင်လျက်ပင် ငါ့ကို သတ်ခြင်းငှာ အမိန့်ပီးသဖြင့် တရားဥပဒေကို ချိုးဖောက်၏” ဟု ပြောဆို၏။
4 အနား၌ ဟိနိန်သောလူတိက ပေါလုအား “သင်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်မင်းကို စော်ကားပါသည်တကား” ဟု ဆိုသော်၊
5 ပေါလုကလည်း “ငါ့ညီအစ်ကိုရို့၊ ဤသူသည် ယဇ်ပုရောဟိတ်မင်း ဖြစ်သည်ကို ငါမသိ။ ကျမ်းစာ၌လာသည်ကား ‘သင်၏လူမျိုးကို အုပ်ချုပ်သောသူအား သင်သည် မကောင်းသောစကား မပြောရ’ ” ဟူ၍ ဖြစ်၏။
6 [b]ထိုသူရို့အထဲတွင် လူတချို့က ဖာရိယှဲများဖြစ်ကြပြီး၊ တချို့က ဇဒ္ဒုကဲတိ ဖြစ်ကြသည်ကို ပေါလုသည် သိမြင်သောအခါ “ငါ၏ညီအစ်ကို ဣသရေလလူမျိုးရို့၊ ငါသည် ဖာရိယှဲ ဖြစ်ပါ၏။ ဖာရိယှဲ၏သားလည်း ဖြစ်ပါ၏။ သီသောသူရို့သည် ရှင်ပြန်ထမြောက်မည် ဖြစ်ကြောင်းကို ငါသည် မျှော်လင့်နိန်သောကြောင့် ဤနီရာတွင် စစ်ဆီးခံနိန်ရခြင်း ဖြစ်ပါ၏” ဟု ဆိုလေ၏။
7 ပေါလုသည် ထိုသို့ပြောဆိုပြီးသောအခါ ဖာရိယှဲရို့နှင့် ဇဒ္ဒုကဲရို့သည် အချင်းချင်း ငြင်းခုံမှုကိုပြု၍ အုပ်စုကွဲလေ၏။ 8 [c]ထိုသို့ အုပ်စုကွဲရသည့် အကြောင်းကား၊ “ဇဒ္ဒုကဲရို့သည် သီခြင်းမှ ရှင်ပြန်ထမြောက်ခြင်းမဟိ၊ ကောင်းကင်တမန် မဟိ၊ ဝိညာဉ် မဟိ” ဟု ခံယူထားကြပြီး၊ ဖာရိယှဲရို့မူကား ထိုအရာအားလုံးသည် ဟိကြောင်းကို လက်ခံထားကြသောကြောင့် ဖြစ်၏။ 9 ထိုသို့ ငြင်းခုံပြောဆိုသံများ ပို၍ ကျယ်လောင်လာ၏။ တချို့သော ဖာရိယှဲအဖွဲ့ဝင်ရို့ထဲမှ ကျမ်းတတ်ဆရာရို့သည် ထ၍ “ဤသူ၌ ငါရို့သည် အပြစ်တစ်ခုမျှ ရှာမတွိ့။ ဝိညာဉ်တစ်ပါးက သော်လည်းကောင်း၊ ကောင်းကင်တမန်တစ်ပါးက သော်လည်းကောင်း သူ့အား အမှန်ပြောခြင်းပင် ဖြစ်၏” ဟူ၍ ပြင်းထန်စွာ ငြင်းခုံကြ၏။
10 ငြင်းခုံမှု ပြင်းထန်လာသောအခါ၊ ပေါလုအား အပိုင်းပိုင်းဆုတ်ဖြဲမည်ကို တပ်မှူးသည် စိုးရိမ်လေ၏။ ထို့ကြောင့် မိမိစစ်သားများအား ထိုလူအုပ်အထဲမှ ပေါလုကို မရမက ကယ်ထုတ်ပြီး၊ ရဲတိုက်သို့ ခေါ်လာစီခြင်းငှာ အမိန့်ပီးလေ၏။
11 ထိုည၌ သခင်ဘုရားသည် ပေါလု၏အနား၌ ရပ်လျက်၊ “မကြောက်ကေ့၊ သင်သည် ဤယေရုဆလင်မြို့၌ ငါ၏အကြောင်းကို သက်သီခံသည့်နည်းတူ၊ ရောမမြို့၌လည်း သက်သီခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
16 သို့သော် ထိုသို့ ကြံစည်နိန်ကြသည်ကို ပေါလု၏တူသည် ကြားလျှင်၊ ရဲတိုက်ထဲသို့ ဝင်၍ ပေါလုအား ပြောလေ၏။ 17 ထို့နောက် ပေါလုသည် တပ်ခွဲမှူး တစ်ယောက်ကို ခေါ်၍ “ဤလူငယ်ကို တပ်မှူးပါးသို့ ခေါ်လားလီ။ အကြောင်းမူကား သူ၌ တင်ပြစရာ တစ်စုံတစ်ခု ဟိသည်” ဟု ဆို၏။ 18 တပ်ခွဲမှူးကလည်း ထိုလူငယ်ကို တပ်မှူးပါးသို့ ခေါ်လားကာ “အကျဉ်းချခံနိန်ရသော ပေါလုသည် ဤလူငယ်အားဖြင့် တင်ပြစရာတစ်ခုဟိသည်ဟု တောင်းဆိုသောကြောင့် သူ့ကို ကိုယ်တော်ပါးသို့ လာပို့ခြင်းဖြစ်သည်” ဟု လျှောက်လေ၏။
19 ထိုအခါ တပ်မှူးက လူငယ်၏လက်ကို ဆွဲ၍ ဆိတ်ကွယ်ရာသို့ ခေါ်လားကာ “သင်သည် ငါ့ကို ဇာချင့် ပြောလိုသနည်း” ဟု မိန်းလျှင်၊
20 လူငယ်ကလည်း “ယုဒအာဏာပိုင်ရို့သည် ပေါလု၏အမှုကို ပို၍သေချာစွာ စစ်ဆီးလိုဟန်ဖြင့် နက်ဖန်ခါ ကိုယ်တော်ထံမှ ပေါလုအား ယုဒတရားလွှတ်တော်သို့ ခေါ်ဆောင်ခြင်းငှာ တောင်းဆိုကြမည်ဟု တိုင်ပင်ကြပါယာ။ 21 သူရို့၏ တောင်းဆိုချက်ကို မလိုက်လျော့ပါကေ့။ အကြောင်းမူကား ယောကျ်ားအရီအတွက် လေးဆယ်ကျော်သည် ပုန်းကွယ်ချောင်းမြောင်း၍ ပေါလုအား စောင့်ဆိုင်းနိန်ကြပါ၏။ ထိုသူရို့သည် ပေါလုအား အသီမသတ်ရမချင်း အစာမစား၊ ရီမသောက်ဘဲ နီရန် သစ္စာဆိုထားကြ၏။ အဂုတွင် ထိုသူရို့သည် ကိုယ်တော်၏ ဆုံးဖြတ်ချက်ကို စောင့်၍ အသင့်ဟိနိန်ကြပါ၏” ဟု လျှောက်လေ၏။
22 ထိုအခါ တပ်မှူးက၊ “ငါ့ကို ပြောသော ဤစကားတိကို တစ်ယောက်ကိုမျှ မပြောကေ့” ဟု ပြောဆိုပြီး လူငယ်ကို အဝီးသို့ ထွက်လားစီ၏။
31 စစ်သားရို့သည် တပ်မှူးမှာထားသည့်အတိုင်း ပေါလုကို ခေါ်၍ ထိုညတွင်းချင်း အန္တိပတရိမြို့သို့ ပို့ဆောင်ကြ၏။ 32 နောက်တစ်နိ့၌ ခြီလျင်တပ်သားရို့သည် ပြန်လာကြပြီး၊ မြင်းတပ်သားရို့မူကား ပေါလုနှင့်အတူ ဆက်လက်၍ ခရီးပြုကြ၏။ 33 သူရို့သည် ကဲသရိမြို့သို့ ရောက်ကြသောအခါ တပ်မှူး၏စာအား ဘုရင်ခံကို ပီးကာ ပေါလုကိုလည်း ရှိ့တော်သို့ သွင်းကြ၏။ 34 ဘုရင်ခံသည် စာကို ဖတ်ပြီးမှ ပေါလုအား ဇာပြည်သားဖြစ်သည်ကို မိန်းလေ၏။ ပေါလုသည် ကိလိကိပြည်သားဖြစ်သည်ကို ကြားသိသောအခါ၊ 35 ဘုရင်ခံက “ဤအရပ်၌ သင့်အား စွပ်စွဲသောသူတိ ရောက်လာသောအခါ သင်၏အမှုကို ငါ ကြားနာမည်” ဟု ဆို၍ ပေါလုအား ဟေရုဒ်၏ အိမ်တော်၌ အစောင့်အကြပ်များနှင့် ထားစီခြင်းငှာ အမိန့်ပီးလေ၏။
<- တမန်တော် 22တမန်တော် 24 ->
Languages