5 ထို့နောက် တချို့သော ယုဒလူမျိုးတိနှင့် တချို့သော အခြားလူမျိုးရို့သည် မိမိရို့၏ခေါင်းဆောင်တိနှင့် ပူပေါင်းကာ တမန်တော်တိကို ညှဉ်းဆဲရန်နှင့် ကျောက်သီးနှင့် ပစ်ရန်ဆုံးဖြတ်ချက် ချထားကြ၏။ 6 တမန်တော်ရို့က ထိုအကြောင်းကို သိလျှင် လုကောနိပြည်၌ဟိသော လုတ္တရမြို့၊ ဒေရဗေမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ ထွက်ဗြီးကြလေ၏။ 7 ထိုအရပ်များ၌ သူရို့သည် သတင်းကောင်းတရားကို ဆက်လက်၍ ဟောပြောကြလေ၏။
14 သူရို့သည် ထိုသို့ပြုသည်ကို တမန်တော်များဖြစ်ကြသော ဗာနဗနှင့် ပေါလု ကြားသောအခါ မိမိရို့ အဝတ်ကို ဆုတ်၍ လူအုပ်ထဲသို့ ဗြီးဝင်ပြီးလျှင် အော်ဟစ်လျက်၊ 15 “သင်ရို့သည် ဇာကြောင့် ဤအရာတိကို လုပ်နိန်ကတ်လဲ၊ ငါရို့သည် သင်ရို့ပိုင် လူသားတိရာ ဖြစ်ပါ၏။ ငါရို့သည် သတင်းကောင်းတရားကို ဟောပြောဖို့ ဤနီရာသို့ ရောက်လာခြင်းဖြစ်၏၊ အကြောင်းမှာ သင်ရို့သည် အကျိုးမဟိသော ဤအရာတိကို ဖယ်ယှားပြီးလျင်၊ ကောင်းကင်၊ မြီကြီး၊ ပင်လယ်နှင့်တကွ ခပ်သိမ်းသော အရာတိကို ဖန်ဆင်းတော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်ထံပါးသို့ ပြောင်းလဲကြစီခြင်းငှာ ဖြစ်ပါ၏။ 16 အတိတ်ကာလ၌ ဘုရားသခင်သည် လူမျိုးအပေါင်းရို့အား မိမိရို့၏နည်းလမ်းအတိုင်း လိုက်လျှောက်ကြရန် အခွင့်ပီးခ၏။ 17 သို့ရာတွင် ဘုရားသခင်သည် အာကာပြင်မှ မိုးရီကို ရွာသွန်းကာ အချိန်တန်လျှင် သင်ရို့အား ကောက်ပဲသီးနှံများကို ပီးလျက်၊ အစားအစာများကို ကျွေးမွေးတော်မူ၏။ ထို့ကြောင့် သင်ရို့၏နှလုံးသည် ရွှင်လန်းဝမ်းမြောက်မှုနှင့် ပြည့်စုံလျက်ဟိကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းသောအမှုအရာတိကို ပြုတော်မူလျက် မိမိဟိတော်မူကြောင်းကို အစဉ်အမြဲ ထင်ရှားစွာ ပြတော်မူ၏” ဟု ဆို၏။ 18 ဤသို့ဖြင့် ယဇ်ပူဇော်ခြင်းကို မပြုကြရန် တမန်တော်တိက လူစုလူဝေးကြီးကို ခက်ခဲစွာ တားမြစ်လေ၏။
19 သို့ရာတွင် ပိသိဒိပြည် အန္တိအုတ်မြို့နှင့် ဣကောနိမြို့မှ ရောက်လာကြသော ယုဒလူမျိုးတချို့သည် လူစုလူဝေးကြီးကို မိမိဖက်သို့ ပါအောင် စည်းရုံးသိမ်းသွင်းပြီးလျှင် ပေါလုကို ကျောက်သီးနှင့် ပစ်၍ သီလားယာဟု စိတ်ထင်မှတ်သောကြောင့် မြို့ပြင်သို့ ဆွဲထုတ်ထားကြ၏။ 20 သို့ရာတွင် ယုံကြည်သူတိက သူ့ကို ဝိုင်းရံထားကြစဉ်တွင် သူသည် ထ၍ မြို့ထဲသို့ ပြန်ဝင်လား၏။ နောက်တစ်ရက်တွင် သူသည် ဗာနဗနှင့်အတူ ဒေရဗေမြို့သို့ ထွက်ခွာလား၏။
24 ပိသိဒိပြည် ဒေသတလျှောက် လားပြီးနောက် ပမ်ဖုလိပြည်သို့ လာကြ၏။ 25 ထိုပြည်၌ဟိသော ပေရဂံမြို့၌ သူရို့သည် နှုတ်ကပတ် တရားတော်ကို ဟောပြောကြပြီးနောက် အတ္တလိမြို့သို့ လားကြ၏။ 26 ထို့နောက် ထိုမြို့မှ သင်္ဘောဖြင့် ရွက်ရွှင့်ကာ အန္တိအုတ်မြို့သို့ ပြန်လာကြ၏။ ဤမြို့ကား သူရို့သည် အဂု ဆောင်ရွက်ပြီးခသော အမှုတော်မြတ်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို သူရို့အား အပ်နှံခသော နီရာဖြစ်၏။
27 သူရို့သည် အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းတော်၌ ဟိသောသူတိကို အတူတကွ စုဝေး၍ ဘုရားသခင်သည် သူရို့နှင့်အတူ ပြုတော်မူခသော အမှုအရာတိကိုလည်းကောင်း၊ လူမျိုးခြားတိ ယုံကြည်လာကြစီရန် ဘုရားသခင်က ဇာပိုင် လမ်းဖွင့်ပီးခသည်ကိုလည်းကောင်း သူရို့အား ပြောပြကြ၏။ 28 ထို့နောက် သူရို့သည် ယုံကြည်သူများနှင့်အတူ ထိုမြို့၌ အချိန်အတန်ကြာ နီထိုင်ခလေ၏။
<- တမန်တော် 13တမန်တော် 15 ->
Languages