ယောဟန် ပါးမှ ဒုတိယအကြိမ် ပီးစာ နိဒါန်း ယောဟန်ပါးမှ ပထမအကြိမ် ပီးစာ သည် ခရစ်တော် မွီးဖွားပြီးနောက် ၅၀ နှင့် ၁၀၀ ခုနှစ်ကြားတွင် တမန်တော် ယောဟန်က ရီးသားခခြင်းဖြစ်သည်။ ယောဟန်သည် မိမိကိုယ်ကို စာရီးဆရာအဖြစ် မသတ်မှတ်ဘဲ အသက်ကြီးသူဟု သုံးနှုန်းထားသည်။ ယောဟန်၏ ဒုတိယအကြိမ် ပီးစာ၏ အကြောင်းအရာသည် ယောဟန် ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း၌ တွိ့ရသည့် အကြောင်းအရာနှင့် အနီးစပ်ဆုံး ဆင်တူသည်။ အချင်းချင်း ချစ်ကြရန်ဟူသော ယေသျှု၏ မိန့်မှာချက်ကို အလေးပီးပုံနှင့် ပညတ်တော်များကို လိုက်လျှောက်ခြင်းသည် ယေသျှုကို ချစ်ခြင်းနှင့်ညီမျှကြောင်း (၁.၅–၆; ယော ၁၅.၉–၁၀) တွင် သူက အထူးဖော်ပြထားပါသည်။ ယောဟန်သည် ဧဖက်မြို့၌ နီထိုင်စဉ် ယောဟန် ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်းနှင့် သူ၏ ပထမအကြိမ် ပီးစာ၊ ဒုတိယအကြိမ် ပီးစာနှင့် တတိယအကြိမ် ပီးစာများကို ရီးသားခသည်ဟု ယုံကြည်ကြ၏။ ယောဟန်သည် ထိုပီးစာကို ရွီးချယ်ထားသော မိန်းမနှင့် သူမ၏ သားသမီးများပါးသို့ ပီးပို့ခပါသည်။ သူသည် ဘုရားကျောင်းတစ်ခုကို ရည်ညွှန်းထားပုံ တူသည်။ ဤပီးစာကို ရီးသားသော ယောဟန်၏ ရည်ရွယ်ချက်မှာ အသင်းတော်ကို အားပီးတိုက်တွန်းရန်နှင့် မှားယွင်းသောဆရာများနှင့် ပတ်သတ်၍ ယုံကြည်သူများကို သတိပီးရန်ဖြစ်သည်။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ယောဟန်သည် ဤပီးစာကို မည်သူ့အတွက် ဖြစ်သည်ကိုလည်းကောင်း၊ လက်ခံသူများကို နှုတ်ဆက်ခြင်းအားဖြင့်လည်းကောင်း ပြောဆိုပြီး မိတ်ဆက်ထားခြင်း၊ (၁.၁–၃) ၂။ ထို့နောက်၊ သူသည် အသင်းတော်ကို အားပီးတိုက်တွန်းပြီး အကြီးမြတ်ဆုံးသော ပညတ်တော်နှင့် ပတ်သတ်၍ သူရို့အား သတိပီးခြင်း၊ (၁.၄–၆) ၃။ တဖန်၊ သူသည် မှားယွင်းသော ဆရာများနှင့်ပတ်သတ်၍ သူရို့အား သတိပြီးခြင်း၊ (၁.၇–၁၁) ၄။ ယောဟန်သည် သူနီထိုင်ရာ အသင်းတော်၌ ဟိကြသော ယုံကြည်သူများမှ နှုတ်ဆက်စကားကို ပြောကြားခြင်းဖြင့် သူ၏ပီးစာကို နိဂုံးချုပ်ခြင်း၊ (၁.၁၂–၁၃)
7 လူ့ဇာတိကိုခံယူ၍ ယေသျှု ခရစ်တော် ကြွလာတော်မူသည်ကို လက်မခံသောသူဖြစ်သည့် များစွာသော လှည့်ဖြားသောသူရို့သည် ဤလောကထဲသို့ ရောက်နိန်ယာ။ ထိုသို့သောသူသည် လှည့်ဖြားသောသူ၊ ခရစ်တော်ကို ဆန့်ကျင်သောသူဖြစ်၏။ 8 သို့ဖြစ်၍ သင်ရို့သည် ငါရို့[c] လုပ်ဆောင်ခသော အရာများကို မဆုံးယှုံးစီဘဲ သင်ရို့သည် အကျိုးကို အပြည့်အဝ ခံစားရကြရန် သတိပြုကြလော့။
9 ခရစ်တော်၏ သွန်သင်ချက်၌ မတည်ဘဲ ၎င်းကို ကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကို မရကြပေ။ ထိုသွန်သင်ချက်၌ တည်သောသူမူကား ခမည်းတော်ကိုလည်းကောင်း၊ သားတော်ကိုလည်းကောင်း ရကြ၏။ 10 ထိုတရားတော်ကို မသွန်သင်သောသူသည် သင်ရို့ပါးသို့ ရောက်လာလျှင် သင်ရို့အိမ်တွင် လက်မခံကတ်ကေ့။ သင်ရို့၌ “ငြိမ်သက်ခြင်း ဟိပါစီ” ဟု နှုတ်မဆက်ကတ်ကေ့။ 11 အကြောင်းမူကား ထိုသူရို့ကို နှုတ်ဆက်သောသူသည် သူရို့၏ ဆိုးယုတ်မှု၌ အပေါင်းအပါဖြစ်၏။
13 သင်၏ ချစ်လှစွာသော နှမ၏ သားသမီးတိ [d]က သင့်အား နှုတ်ဆက်လိုက်ကြ၏။
- a ဂုဏ်အသရေဟိ မိန်းမနှင့် သူမ၏သားသမီးများ၊ ထိုအသင်းတော်များနှင့် အသင်းသားရို့ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည် (အခန်းငယ် ၄၊ ၅ တွင်လည်း)။
- b ယော ၁၃.၃၄; ၁၅.၁၂,၁၇
- c ငါရို့၊ တချို့သော မူရင်းကျမ်းများတွင် သင်၊ ဟု ဖော်ပြထားသည်။
- d သင်၏ ချစ်လှစွာသော နှမ၏ သားသမီးတိ၊ ၎င်းသည် စာရီးသူပါဝင်သော အသင်းတော်၏ အသင်းသားများကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။
Languages