1 ကျွန်ဖြစ်သောသူရို့သည် မိမိရို့၏သခင်ကို ရိုသီလေးစားထိုက်သူတိ ဟူ၍ သိမှတ်ကြရမည်။ သို့မှသာလျှင် ငါရို့၏ဩဝါဒတရားကိုလည်းကောင်း ဘုရားသခင်၏နာမတော်ကိုလည်းကောင်း ကဲ့ရဲ့ပြောဆိုသောသူ ဟိကြမည် မဟုတ်ပေ။ 2 သခင်ရို့သည် ယုံကြည်သူတိဖြစ်လျှင် ညီအစ်ကို မောင်နှမတိသာ ဖြစ်သည်ဟူ၍ မထီလေးစား မလုပ်ကတ်ကေ့။ မိမိရို့၏လုပ်ဆောင်ခြင်းမှ အကျိုးကျေးဇူး ခံစားကြရသောသူရို့သည် မိမိရို့ချစ်သော ယုံကြည်သူတိဖြစ်ကြသောကြောင့် ကောင်းသည်ထက်ကောင်းအောင် အစီခံအပ်၏။ သင်သည် ဤအရာများကို သွန်သင်၍ တိုက်တွန်းနှိုးဆော်လော့။
6 သို့ရာတွင် ရောင့်ရဲသောစိတ်ဖြင့် ဘုရားဝတ်၌ မွိ့လျော်ခြင်းသည် ကြီးစွာသောအကျိုးကို ဖြစ်စီတတ်၏။ 7 အကြောင်းမူကား ငါရို့သည် လောကထဲသို့ မည်သည့်အရာကိုမျှ ယူဆောင်၍ မလာကတ်၊ ထိုနည်းတူ လောကထဲမှ မည်သည့်အရာကိုမျှလည်း ယူဆောင်၍ မလားနိုင်။ 8 သို့ဖြစ်၍ ငါရို့မှာ အဝတ် အစား ဟိလျှင်ပင် ထိုအရာများနှင့် ရောင့်ရဲသင့်ပေ၏။ 9 သို့ရာတွင် ချမ်းသာလိုသောသူရို့သည် အပြစ်သွီးဆောင်ခြင်းသို့ လည်းကောင်း၊ ထောင်ချောက်ထဲသို့ လည်းကောင်း၊ လူတိကို ပျက်စီးဆုံးယှုံးစီတတ်သော မိုက်မဲ၍ အန္တရယ်ဟိသည့် တပ်မက်မှုအမျိုးမျိုးထဲသို့ လည်းကောင်း ကျရောက်တတ်၏။ 10 ထို့ကြောင့် ငွီကို တတ်မက်ခြင်းသည် ဒုစရိုက်အမျိုးမျိုး၏ အရင်းအမြစ်ဖြစ်၏။ တချို့လူရို့သည် ငွီရလိုစိတ် အားကြီးမှုကြောင့် ယုံကြည်ခြင်းတရားမှ လွဲလျှော်၍ ပူပန်ခြင်းဝေဒနာများသည် ထိုသူရို့၏စိတ်နှလုံးကို ထုတ်ချင်းပေါက်အောင် ထိုးကြလေ၏။
17 ဤမျက်မှောက်ကာလ၌ လောကီစည်းစိမ် ချမ်းသာကြွယ်ဝသောသူရို့ကို မာန မထောင်လွှားရန် သတိပီးလော့။ စည်းစိမ်ချမ်းသာတည်းဟူသော မတည်မြဲသောအရာ၌ မိမိရို့၏မျှော်လင့်ခြင်းကို မအပ်နှံဘဲ၊ ငါရို့ခံစားဖို့အတွက် အရာခပ်သိမ်းကို ကြွယ်ဝစွာ ပီးတော်မူသော ဘုရားသခင်ကိုသာ မျှော်လင့်ကြရန် သတိပီးလော့။ 18 ကောင်းသောအမှုကို ပြု၍ ကောင်းသောအကျင့်များနှင့် ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ စွန့်ကြဲလိုသော စေတနာစိတ် ဟိကြစီခြင်းငှာလည်းကောင်း သင့်အား ငါ မိန့်မှာလိုက်၏။ 19 ဤနည်းအားဖြင့် သူရို့သည် အနာဂါတ်အတွက် ခိုင်ခံ့သော အခြေခံအုတ်မြစ်တည်းဟူသော ဘဏ္ဍာကို မိမိရို့အဖို့ စုဆောင်းထားနိုင်ကြလိမ့်မည်။ ထို့အပြင် သူရို့သည် စစ်မှန်သော အသက်ကိုလည်း ရနိုင်ကြလိမ့်မည်။
20 တိမောသေ၊ သင့်အား ပီးအပ်ထားသော အရာများကို စောင့်ထိန်းလော့။ ဘုရားတရားမဲ့ အကျိုးမဟိသောစကား ပြောဆိုခြင်းကိုလည်းကောင်း၊ အသိပညာဟု မှားယွင်းစွာ ခေါ်ဆိုကြသည့် ဆန့်ကျင်ဖက် အတွေးအခေါ် အယူအဆများကိုလည်းကောင်း ယှောင်ယှားလော့။ 21 အကြောင်းမူကား လူတချို့သည် အသိပညာနောက်သို့ လိုက်ပါ၍ ယုံကြည်ခြင်းလမ်းမှ လွဲလားကြ၏။
Languages