11 ဤညွှန်ကြားချက်များနှင့် သြဝါဒများကို သူရို့အား သွန်သင်ပီးလော့။ 12 သင်သည် အသက်ငယ်ရွယ်သူ ဖြစ်သော်လည်း မည်သူမျှ သင့်ကို အထင်မသေးစီကေ့။ သင်၏ ပြောဆိုခြင်းသည်လည်းကောင်း၊ အပြုအမူသည် လည်းကောင်း၊ ချစ်ခြင်းမေတ္တာသည် လည်းကောင်း၊ ယုံကြည်ခြင်းသည် လည်းကောင်း၊ စိတ်နှလုံးစင်ကြယ်ခြင်းသည် လည်းကောင်း၊ ယုံကြည်သူရို့အတွက် စံနမူနာ ဖြစ်စီလော့။ 13 ငါ ရောက်လာသည့်တိုင်အောင် လူအပေါင်းရို့၏ရှိ့၌ ကျမ်းစာဖတ်ခြင်း၊ တရားဟောခြင်း၊ သွန်သင်ဆုံးမခြင်းများကို အားထုတ်၍ ဆောင်ရွက်လော့။ 14 ပရောဖက်များ ဟောကြားသောအခါ၌ လည်းကောင်း၊ အသင်းတော်လူကြီးရို့က လက်ကိုတင်၍ ဆုတောင်းပီးသောအခါ၌ လည်းကောင်း၊ သင်ခံယူထားသော ဝိညာဉ်ဆုကျေးဇူးကို လျစ်လျူမရှုကေ့။ 15 လူအပေါင်းရို့က သင်၏တိုးတက်မှုကို တွိ့မြင်ကြစီရန် မိမိကိုယ်ကို ထိုအရာများ၌ ဆက်ကပ်အပ်နှံ၍ ဤတာဝန်များကို လုံ့လစိုက်လော့။ 16 မိမိကိုယ်ကိုလည်းကောင်း၊ မိမိ၏ဆုံးမဩဝါဒကိုလည်းကောင်း သတိပြုလော့။ ထိုသို့ပြုလျှင် သင်သည် မိမိကိုလည်းကောင်း၊ မိမိ၏တရားကို ကြားနာကြသော သူအပေါင်းရို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။
<- ၁ တိမောသေ 3၁ တိမောသေ 5 ->- a ကြိုးစားအားထုတ်၍၊ တချို့သော လက်ရီးမူကျမ်းများ၌ ကဲ့ရဲ့ယှုပ်ချခြင်းကို ခံ၍။
Languages