တိမောသေ ပါးသို့ ပေါလု၏ ပထမအကြိမ် ပီးစာ နိဒါန်း ဤပီးစာသည် တမန်တော်ပေါလုက သူ၏တပည့် တိမောသေ ပါးသို့ ရီးပီးလိုက်သော စာတစ်စောင် ဖြစ်၏။ ဤစာစောင်ကို ခရစ်တော် မွီးဖွားပြီးနောက် ၆၂–၆၄ ခုနှစ်ဝန်းကျင်က ရီးသားခသည်ဟု ခန့်မှန်းရပါသည်။ ဤစာကို ပေါလု၏ ဘဝနီဝင်ချိန် ရောက်ခါနီး၌ ရီးထားခခြင်း ဖြစ်၏။ ပေါလုသည် တိမောသေနှင့် အရင်းနီးဆုံး မိတ်ဆွီတစ်ယောက် ဖြစ်ခသည်ဖြစ်၍ သူ့အား သားတစ်ယောက် အဖြစ်ဖြင့် အကြိမ်ပေါင်းများစွာ ရည်ညွှန်းဖော်ပြထား၏ (ဖိ ၂.၂၂; ၁ တိ ၁.၂; ၁.၁၈)။ ဤစာသည်ကား အသင်းတော်တစ်ခု၏ကိုယ်စား လူတစ်ဦးပါးသို့ လိပ်စာတတ်၍ ရီးသားခသော ပေါလု၏ပီးစာ လေးစောင်ထဲက တစ်စောင်ဖြစ်၏။ အခြားသောပီးစာ သုံးစောင်မှာ ဒုတိယအကြိမ် တိမောသေပါးသို့ ပီးစာ၊ တိတုပါးသို့ ပီးစာနှင့် ဖိလေမုန်ပါးသို့ ပီးစာများ ဖြစ်ကြ၏။ တိမောသေပါးသို့ ပေါလု၏ ပထမအကြိမ် ပီးစာတွင် အသင်းတော်ဝတ်ပြုမှုဆိုင်ရာ ညွှန်ကြားချက်များ (၂.၁–၁၃)၊ အသင်းတော်ခေါင်းဆောင်တိ၏ အရည်အချင်း (၃.၁–၁၃) နှင့် မှားယွင်းသောဆရာတိကို ယှောင်ယှားရန် သတိပီးချက်များ (၁.၃–၁၁; ၄.၁–၅; ၆.၂–၅) စသည်ရို့ ပါဝင်ကြ၏။ ပေါလုသည် တိမောသေအား အသင်းတော်များ၌ ခေါင်းဆောင်တစ်ယောက်ဖြစ်စီခြင်းငှာ ဇာပိုင် လေ့ကျင့်ပီးခသည်ကို ဤစာစောင်၌ ဖော်ပြလျက်ဟိ၏။ ဤစာစောင်တွင် အကျွန်ရို့ခေတ် ဒေသန္တရအသင်းတော်များ၏ သာသနာလုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန် အသင်းတော်ခေါင်းဆောင်တိကို ကူညီနိုင်သည့် စည်းမျဉ်းစည်းကမ်း များစွာ ပါဟိ၏။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ပေါလုက တိမောသေအား မိတ်ဆက်၍ စတင်ထားခြင်း (၁.၁–၂) ၂။ ထို့နောက် မှားယွင်းသောဆရာတိနှင့် ပတ်သက်၍ တိမောသေအား သတိပီးထားခြင်း (၁.၃–၁၁) ၃။ ပေါလုက သူသည် ယေသျှုခရစ်တော်အား ဇာလောက် ကျေးဇူးတင်သည်ကို ဆက်လက်၍ ယှင်းပြထားခြင်း (၁.၁၂–၁၉) ၄။ တဖန် သူက တိမောသေအား အသင်းတော်ခေါင်းဆောင်တိနှင့် ပတ်သက်၍ လည်းကောင်း၊ ဝတ်ပြုခြင်းဆိုင်ရာနှင့် ပတ်သက်၍ လည်းကောင်း ညွှန်ကြားထားခြင်း (၂.၁—၃.၁၆) ၅။ ပေါလုသည် တိမောသေအား နောက်ဆုံးညွှန်ကြားချက် တချို့ကို ပီးကာ မိမိ၏စာကို နိဂုံးချုပ်ထားခြင်း (၄.၁—၆.၂၁)
8 ပညတ်တရားသည် သုံးသင့်သည့်အတိုင်း သုံးလျှင် ကောင်းမြတ်သည်ကို ငါရို့ သိကြ၏။ 9 ထိုပညတ်တရားများကို လူကောင်းတိအတွက် ပြဌာန်းထားသည် မဟုတ်၊ ပညတ်တရားကို မစောင့်သောသူ၊ ပြစ်မှုကျူးလွန်သောသူ၊ ဘုရားကို မကြည်ညိုသောသူ၊ အပြစ်ကျူးလွန်သောသူ၊ တရားမဲ့သောသူများ၊ မိမိရို့၏အဖ သို့မဟုတ် အမိကို သတ်သောသူ၊ လူအသက်ကို သတ်သောသူ၊ 10 အကျင့်စာရိတ္တပျက်သောသူ၊ လိင်တူဆက်ဆံသောသူ၊ လူကုန်ကူးသောသူ၊ လိမ်လည်ပြောဆိုတတ်သောသူ၊ မမှန်သောသက်သီကို ခံတတ်သောသူနှင့် မှန်ကန်သောအယူဝါဒကို ဆန့်ကျင်သောသူရို့ အတွက်သာလျှင် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ငါရို့ သိကြ၏။ 11 ဟောပြောရန် ငါ့ကို ပီးအပ်ထားသော သတင်းကောင်းတရား၌ ထိုသွန်သင်ချက်ကို တွိ့ရ၏။ ထိုသတင်းကောင်းတရားသည်ကား ဘုန်းတန်ခိုးတော် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ထံမှ လာခြင်းဖြစ်၏။
18 ငါ့သား တိမောသေ၊ သင့်ကို အကြောင်းပြု၍ အယင်က ပရောဖက်တိ ဟောပြောခသည့် စကားနှင့်အညီ ငါသည် ဤညွှန်ကြားချက်ကို သင့်အား ပီးအပ်လိုက်၏။ သင်သည် ကောင်းစွာ တိုက်ခိုက်ခြင်းအလို့ငှာ ထိုပရောဖက်ရို့ ဟောပြောခသည့်စကားကို လက်နက်သဖွယ် အသုံးပြုလော့။ 19 သင်၏ယုံကြည်ခြင်းကိုလည်းကောင်း၊ ကြည်လင်သော အသိစိတ်ကိုလည်းကောင်း စွဲကိုင်ထားလော့။ လူတချို့သည် ကြည်လင်သော အသိစိတ်ကို ငြင်းပယ်၍ မိမိရို့၏ယုံကြည်ခြင်းကို ဖျက်ဆီးပစ်ကြလေ၏။ 20 ထိုသူရို့အထဲတွင် ဟုမေနဲနှင့် အာလေဇန္ဒြုလည်း ပါ၏။ သူရို့သည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း မပြုမည်အကြောင်း ဆုံးမခြင်းကို ခံရကြစီခြင်းငှာ ငါသည် ထိုသူရို့အား စာတန်မာရ်နတ်၏ လက်သို့ အပ်ပီးလိုက်၏။
၁ တိမောသေ 2 ->
Languages