7 [c]ထိုနည်းတူ အိမ်ထောင်သျှင်ရို့၊ သင်ရို့၏ အိမ်ထောင်သျှင်မရို့သည် အားနွဲ့သူတိဖြစ်ကြောင်းကို သိမှတ်ကာ အတူတကွ နီထိုင်ကြလော့။ အကြောင်းမူကား သူရို့သည် အသက်နှင့်ဆိုင်သော ဘုရားသခင်၏ ဆုကျေးဇူးကို သင်ရို့နှင့်အတူ ခံစားရကြမည့်သူများ ဖြစ်သောကြောင့် သူရို့အား လေးစားစွာ ဆက်ဆံကြလော့။ ထိုသို့ ပြုလျှင် သင်ရို့၏ ဆုတောင်းခြင်းကို ဆီးတား ခံရလိမ့်မည် မဟုတ်ပေ။
13 သို့ဖြစ်၍ ကောင်းသောအမှု၌ သင်ရို့သည် စိတ်အားထက်သန်ကြပါမူ မည်သူသည် သင်ရို့အား ထိခိုက်နိုင်မည်နည်း။ 14 [d]သို့သော် သင်ရို့သည် ဖြောင့်မတ်ခြင်းတရားကြောင့် ဒုက္ခဆင်းရဲ ခံရလျှင် မင်္ဂလာဟိကြ၏။ ဇာသူ့ကိုမျှ မကြောက်ကတ်ကေ့၊ မစိုးရိမ်ကတ်ကေ့။ 15 သို့သော် သင်ရို့၏ စိတ်နှလုံးတွင် ခရစ်တော်ကို သခင်ဘုရားအဖြစ် ရိုသီလေးမြတ်စွာ ခံယူကြလော့။ သင်ရို့ ခံယူထားသော မျှော်လင့်ချက်အကြောင်းကို မိန်းမြန်းလာသောသူအား အစဉ်မပြတ် ယှင်းလင်းဖော်ပြရန် အသင့် ဟိကြလော့။ 16 သို့ရာတွင် နူးညံ့သိမ်မွိ့ပြီး ရိုသီစွာဖြင့် ထိုအရာများကို လုပ်ဆောင်ကြလော့။ သင်ရို့သည် မိမိကိုယ်ကိုသိသောစိတ် ကြည်လင်လျက် ဟိသောကြောင့် ခရစ်တော်၌ သင်ရို့၏ ကောင်းသော ကျင့်ကြံပြုမူပုံကို သင်ရို့အား ကြမ်းတမ်းစွာ စော်ကားပြောဆိုသော သူရို့သည် မြင်သောအခါ အရှက် ရကြလိမ့်မည်။ 17 အကြောင်းမူကား ဘုရားသခင် အလိုတော်ဟိလျှင် မကောင်းသောအမှုကို ပြု၍ ဆင်းရဲဒုက္ခရောက်သည်ထက် ကောင်းသောအမှုကို ပြု၍ ဆင်းရဲဒုက္ခရောက်သည်ကား သာ၍ ကောင်း၏။ 18 ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ[e] သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။ 19 ကိုယ်တော်သည် အကျဉ်းကျခံနိန်ရသော ဝိညာဉ်များပါးသို့ လား၍ ဝိညာဉ်တော်အားဖြင့် တရားဟောခတော်မူ၏။ 20 ထိုဝိညာဉ်တိကား နောဧသည် သင်္ဘောကို တည်ဆောက်လျက် နိန်စဉ် ဘုရားသခင်သည် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းသော်လည်း စကားကို နားမထောင်ခသူရို့၏ ဝိညာဉ်များပင် ဖြစ်သတည်း။ သို့ရာတွင် သင်္ဘောထဲတွင် သျှစ်ယောက်မျှသော လူအနည်းငယ်သာ ရီအားဖြင့် ကယ်တင်ခြင်းကို ခံရ၏။ 21 ဤအရာသည် အဂု သင်ရို့ကို ကယ်တင်သော ဗတ္တိဇံမင်္ဂလာကို ပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာ ခံယူခြင်းသည် ကိုယ်ကာယ အညစ်အကြေးများကို ဆီးကြောခြင်း မဟုတ်။ ကြည်လင်သောအသိစိတ်ဖြင့် ဘုရားသခင်၏ ရှိ့တော်၌ ကတိသစ္စာပြုခြင်း ဖြစ်ပေသည်။ ထိုဗတ္တိဇံတရားသည်ကား ယေသျှု ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သင်ရို့အား ကယ်တင်ရာအကြောင်း ဖြစ်၏။ 22 ထိုအသျှင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဖက်၌ ဟိတော်မူပြီးလျှင် ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန်ခိုးသျှင်များကို အုပ်စိုး၍ နိန်တော်မူ၏။
<- ၁ ပေတရု 2၁ ပေတရု 4 ->
Languages