ပေတရု ပါးမှ ပထမအကြိမ် ပီးစာ နိဒါန်း ပေတရုပါးမှ ပထမအကြိမ် ပီးစာ သည် တမန်တော် ပေတရုက ရီးသားခခြင်း ဖြစ်သည်။ ပေတရုသည် မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဇာသူ့ပါးသို့ ရီးသားထားသည်ကိုလည်းကောင်း၊ သူ၏ပီးစာကို အစပြုထားသည်။ ဤစာကို “သူစိမ်းများ” ဟုခေါ်သော ခရစ်ယာန်အားလုံးပါးသို့ ရီးသားခခြင်း ဖြစ်သည် (၁.၁; ၁.၁၇; နှင့် ၂.၁၁)။ ဤကဲ့သို့ အကြိမ်ပေါင်းများစွာ သူ၏စာဖတ်သူများကို ရည်ညွှန်းထားခြင်းမှာ သူရို့သည် နိုင်ငံအသီးသီးတွင် ပြန့်ကြဲနိန်သောကြောင့် ဖြစ်သည်။ ဤစာသည် ဧဖက်မြို့၌ ဟိသော အသင်းတော်သို့ ပေါလု၏ပီးစာနှင့် ဆင်တူသောကြောင့် ခရစ်တော်မွီးဖွားပြီးနောက် ၆၅ ခုနှစ်ခန့်တွင် ဧဖက်မြို့၌ ဟိသော အသင်းတော်သို့ ပီးစာကို ရီးသားပြီးနောက် ဤပီးစာကို ရီးသားခသည်ဟု လူအများက ယုံကြည်ကြသည်။ ပေတရုသည် ဗာဗုလုန်ဟု မိမိခေါ်ဆိုသော ရောမမြို့မှ ဤပီးစာကို ရီးသားခသည် (၅.၁၃)။ ပေတရုက ဤပီးစာ၏ ရည်ရွယ်ချက်မှာ “အားပီးတိုက်တွန်းရန်နှင့် စစ်မှန်သော ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သီခံရန်ဖြစ်သည်” ဟု ရီးသားဖော်ပြခသည် (၅.၁၂)။ ၁ ပေ ၂.၁၁—၃.၇; ဧ ၅.၁၈—၆.၉; နှင့် ကော ၃.၁၈—၄.၆ အကြား များစွာ ဆင်တူကြသည်။ ဤကျမ်းစာအပိုင်း သုံးပိုင်းလုံးတွင် မိသားစု ဆက်သွယ်ရေးနှင့် အာဏာပိုင်များကို နာခံခြင်းဆိုင်ရာ လမ်းညွှန်ချက်ကို ပီးထားသည်။ နောက်ဆုံးသောကာလ နီးလာပြီဖြစ်သောကြောင့် ဆင်းရဲဒုက္ခခံရသည့်အခါ သည်းခံကြရန် ခရစ်ယာန်များအား တိုက်တွန်းထားသည် (၄.၁)။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ပေတရုက ကိုယ့်ကိုကိုယ် မိတ်ဆက်ခြင်းနှင့် သူ၏စာဖတ်သူများကို မိန့်မှာခြင်း (၁.၁–၂) ၂။ ထို့နောက်၊ သူရို့အားလုံးရဟိသော ကယ်တင်ခြင်းနှင့် သူရို့၏ အဓိပ္ပါယ်ဟိသော အသက်ရှင်မှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ခြင်း (၁.၃—၂.၁၀) ၃။ တဖန်၊ သူသည် ယုံကြည်သူများအား ဤလောကတွင် မည်သို့ နီထိုင်ရမည်ကို သွန်သင်ထားပြီး လင်နှင့်မယား၊ ကျွန်နှင့် သခင်အကြား အမျိုးမျိုးသော ဆက်ဆံရေးများကို ကိုင်တွယ်ဖြေယှင်းပီးခြင်း (၂.၁၁—၄.၁၁) ၄။ ပြီးနောက်၊ ဆင်းရဲဒုက္ခ ကြုံရသည့်အခါ သည်းခံကြရန် ပေတရုက အားပီးတိုက်တွန်းခြင်း (၄.၁၂—၅.၁၁) ၅။ ထို့နောက်၊ သူ၏ပီးစာကို နိဂုံးချုပ်ခြင်း (၅.၁၂–၁၄)
6 ဤအကြောင်းကြောင့် ဝမ်းမြောက်ကြလော့။ အကြောင်းမူကား သင်ရို့ခံစားရသော စုံစမ်းနှောင့်ယှက်ခြင်းများသည် အဂု တအောင့်ချေမျှသာ ဖြစ်၏။ 7 ထိုစုံစမ်းနှောင့်ယှက်ခြင်းများကို ခံရသည်မှာ သင်ရို့၏ ယုံကြည်ခြင်းသည် စစ်မှန်ကြောင်းကို သက်သီပြရန် ဖြစ်၏။ ပျက်စီးတတ်သော ရွှီကိုပင်လျှင် မီးဖြင့် စစ်ရသည်ဖြစ်ရာ ရွှီထက်များစွာ အဖိုးထိုက်သည့် သင်ရို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့စီရန် စစ်ဆေးရမည်။ ထို့ပြင် သင်ရို့သည် အသျှင်ယေသျှုခရစ်တော် ပေါ်ထွန်းတော်မူသော နိ့၌ ချီးမွမ်းခြင်း၊ ဘုန်းကြီးခြင်းနှင့် ဂုဏ်ပြုခြင်းကို ခံရကြလိမ့်မည်။ 8 သင်ရို့သည် ကိုယ်တော့်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ သင်ရို့သည် ကိုယ်တော့်ကို အဂု မမြင်ရသော်လည်း ယုံကြည်ကြပြီး နှုတ်ဖြင့် မဖော်ပြနိုင်သော ဝမ်းမြောက်ခြင်းနှင့် ရွှင်မြူးလျက် ဘုန်းတော်ကို ချီးမွမ်းကြ၏။ 9 အကြောင်းမူကား သင်ရို့သည် ထိုအသျှင်အား ယုံကြည်ခြင်း၏ အကျိုးတည်းဟူသော စိတ်ဝိညာဉ်၏ ကယ်တင်ခြင်းကို ရဟိသောကြောင့်ဖြစ်၏။
10 သင်ရို့အား ဘုရားသခင်ပီးတော်မူသော ဆုကျေးဇူးနှင့်ပတ်သတ်၍ ဟောပြောခသည့် ပရောဖက်ရို့သည် ထိုကယ်တင်ခြင်းအကြောင်းကို သေချာစွာ စုံစမ်းမိန်းမြန်းခကြ၏။ 11 မည်သည့်အချိန်၌ မည်သို့ ပေါ်ပေါက်လာမည်[a]ကို သူရို့သည် ကြိုးစား၍ ရှာဖွီခကြ၏။ သူရို့အထဲ၌ဟိသော ခရစ်တော်၏ ဝိညာဉ်တော်က ဤကာလတွင် ခရစ်တော်ခံရမည့် ဝေဒနာနှင့် ထိုသို့ ခံတော်မူပြီးနောက် ပေါ်ထွန်းလာမည့် ဘုန်းတော်ကို ကြိုတင်၍ ဖော်ပြခ၏။ 12 ထိုပရောဖက်ရို့ပြုခသည့် အရာများသည် သူရို့ကိုယ်ကျိုးအတွက် မဟုတ်ဘဲ သင်ရို့အဖို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို သင်ရို့အား ဘုရားသခင် ဖော်ပြတော်မူပေ၏။ အဂု ထိုအရာများသည် ကောင်းကင်ဘုံမှ စီရွှတ်ခြင်းခံရသော သန့်ယှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဟောပြောသောသူတိမှတစ်ဆင့် သင်ရို့ကြားရသော သတင်းကောင်းတရားပင် ဖြစ်၏။ ထိုအကြောင်းအရာများကို ကောင်းကင်တမန်တိပင်လျှင် နားလည်ရန် အလိုဟိကြ၏။
17 လူအပေါင်းရို့အား မျက်နှာမလိုက်ဘဲ မိမိရို့၏ ကျင့်အတိုင်း တရားစီရင်တော်မူတတ်သော ဘုရားသခင်ထံသို့ ဆုတောင်းကြသောအခါ သင်ရို့သည် ကိုယ်တော့်ကို အဖဟု ခေါ်လျက် ဆုတောင်းကြ၏။ သို့ဖြစ်၍ ဤလောကတွင် အသက်ရှင်သမျှကာလပတ်လုံး ထိုဘုရားသခင်အား ကြောက်ရွံ့ရိုသီကြလော့။ 18 သင်ရို့သည် အဖိုးအဖီးတိပါးမှ လက်ဆင့်ကမ်း ယူဆောင်လာသော တန်ဖိုးမဟိသောဘဝမှ အဖိုးအခပီး၍ သင်ရို့အား ဇာပိုင် ရွီးနုတ်ခရသည်ကို သင်ရို့သိကြ၏။ ထိုအဖိုးအခသည် ရွှီ၊ ငွီကဲ့သို့သော ပျက်စီးနိုင်သည့်အရာ မဟုတ်။ 19 အပြစ်အနာအဆာကင်းစင်သည့် သိုးသငယ်နှင့်တူသော ခရစ်တော်၏ အဖိုးထိုက်သော အသွီးတော်အားဖြင့် ဖြစ်၏။ 20 ဤကမ္ဘာ မတည်မဟိခင်ကပင် ကိုယ်တော့်ကို ဘုရားသခင် ရွီးချယ်တော်မူပြီးလျှင်၊ ဤနောက်ဆုံးသော အချိန်ကာလများ၌ သင်ရို့၏ အကျိုးအလို့ငှာ ပေါ်ထွန်းစီတော်မူခ၏။ 21 ကိုယ်တော့်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီ၍ ဘုန်းတော် ထွန်းတောက်စီတော်မူသော ဘုရားသခင်ကို ကိုယ်တော့်အားဖြင့် သင်ရို့သည် ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်ရို့သည် ဘုရားသခင်ကို အမှီပြုလျက် ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း ဟိကြ၏။
22 အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့[b] ချစ်ကြလော့။ 23 အကြောင်းမူကား သင်ရို့သည် သီခြင်းတရားနှင့်ကင်းလွတ်၍ ထာဝရ အသက်ရှင်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တဖန် မွီးဖွားလာသော သားသမီးများ ဖြစ်ကတ်ယာ။ 24 ကျမ်းစာတော်မြတ်၌၊
Languages