5 ငါသည် သင်ရို့အားလုံးကို အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုခြင်းငှာ အလိုဟိ သော်လည်း၊ ဘုရားသခင်၏ သတင်းစကားကို ဟောပြောနိုင်သော ဆုကျေးဇူးအား သာ၍ ရစီလို၏။ အသင်းတော်တစ်ခုလုံး၏ အကျိုးကို ပြုစုစီခြင်းငှာ အမျိုးမျိုးသော ဘာသာစကား၏ အနက်ကို ဖော်ပြနိုင်သောသူ မဟိဘဲ ထိုဘာသာစကားများဖြင့် ပြောဆိုသောသူထက် ဘုရားသခင်၏ သတင်းစကားကို ဟောပြောသောသူသည် သာ၍ တန်ဖိုးဟိ၏။ 6 ထို့ကြောင့် ညီအစ်ကိုမောင်နှမရို့၊ ငါသည် သင်ရို့ပါးသို့ လာ၍ အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုသော်လည်း ဘုရားသခင်၏ ဗျာဒိတ်တော်အားဖြင့် ဖြစ်စီ၊ အသိပညာအားဖြင့် ဖြစ်စီ၊ ပုရောဖက်ဟောပြောခြင်းအားဖြင့် ဖြစ်စီ၊ ဆုံးမသွန်သင်အားဖြင့် ဖြစ်စီ မဟောပြောလျှင် သင်ရို့၌ ဇာအကျိုးဟိမည်နည်း။
7 ပလွေ၊ စောင်းကောက်ကဲ့သို့သော အသက်မဲ့သော ဂီတတူရိယာများပင်လျှင် ပီပြင်သောတေးသံ မထွက်လျှင် ဇာသူသည် ထိုတူရိယာများ၏ တေးသွားကို သိနိုင်မည်နည်း။ 8 တဖန်၊ တံပိုးခရာမှုတ်သံသည် ယှင်းလင်းပီပြင်ခြင်း မဟိလျှင် ဇာသူသည် စစ်တိုက်ခြင်းငှာ ပျင်ဆင်လိမ့်မည်နည်း။ 9 ထိုနည်းတူ အမျိုးမျိုးသော ဘာသာစကားဖြင့် သင်ရို့ပြောသော စကား၏အနက်အဓိပ္ပာယ်သည် မယှင်းလင်းလျှင် ဇာသူသည် နားလည်နိုင်မည်နည်း။ သင်ရို့၏စကားများသည် လီထဲ၌ ပျောက်ကွယ်လားလိမ့်မည်။ 10 ဤလောက၌ ဟိသမျှသော ဘာသာစကားအမျိုးမျိုး၌ အဓိပ္ပာယ်ကင်းမဲ့သော ဘာသာစကားဟူ၍ မဟိ။ 11 သို့ရာတွင် ငါမသိသော ဘာသာစကားကို ပြောဆိုသောသူသည် ငါ့အဖို့ တခြားလူမျိုုးဖြစ်၏။ ငါသည်လည်း ထိုသူအဖို့ တခြားလူမျိုးဖြစ်ပေမည်။ 12 သင်ရို့သည် ဝိညာဉ်တော်၏ ဆုကျေးဇူးများကို လိုလားတောင့်တကြသည့်အလျောက် အသင်းတော် တည်ဆောက်ခြင်းကို အထောက်အကူပြုခြင်းငှာ သာ၍ ကြိုးစားအားထုတ်ကြလော။ 13 ထို့ကြောင့် အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောသောသူသည် မိမိပြောသည့်စကား၏ အဓိပ္ပာယ်ကို ဖော်ပြနိုင်သော တန်ခိုးစွမ်းရည်ကို ရဟိခြင်းငှာ ဆုတောင်းပတ္ထနာပြုရမည်။ 14 ငါသည် အမျိုးမျိုးသော ဘာသာစကားဖြင့် ဆုတောင်းပတ္ထနာပြုသောအခါ ငါ၏ စိတ်ဝိညာဉ်သည် ဆုတောင်းနိန်သော်လည်း ငါ၏စိတ်နှလုံး၌မူကား အကျိုးမဟိပေ။ 15 ငါသည် ဇာသို့ ပြုရအံ့နည်း။ ငါသည် ငါ၏စိတ်ဝိညာဉ်နှင့် သော်လည်းကောင်း၊ စိတ်နှလုံးနှင့် သော်လည်းကောင်း ဆုတောင်းပတ္ထနာပြုမည်။ ငါ့၏စိတ်ဝိညာဉ်အားဖြင့် တေးခြင်းဆိုသည်သာမက အသိဉာဏ်အားဖြင့်လည်း သီဆိုမည်။ 16 သင်ရို့သည် စိတ်ဝိညာဉ်အားဖြင့်သာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလျှင် ထိုစုဝေးခြင်း၌ နားမလည်သောသူရို့သည် သင်ရို့ပြောဆိုသော စကားများကို နားမလည်နိုင်သဖြင့် သင်ရို့၏ဆုတောင်းပတ္ထနာ၌ “အာမင်” ဟု ဇာပိုင် ဝန်ခံနိုင်မည်နည်း။ 17 သင်ရို့၏ ကျေးဇူးတော်ချီးမွမ်းခြင်းသည် အလွန်ကောင်းသော်လည်း သူတစ်ပါးအဖို့ မည်သို့မျှ အကျိုးမဟိ။
18 ငါသည် အမျိုးမျိုးသော ဘာသာစကားကို သင်ရို့အားလုံးထက် ပို၍ပြောဆိုနိုင်သဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၏။ 19 သို့သော် အသင်းတော်ဝတ်ပြုခြင်း၌ အမျိုးမျိုးသော ဘာသာစကားများဖြင့် စကားအခွန်း အထောင်အသောင်းကို ပြောဆိုနိုင်ခြင်းထက် သူတစ်ပါးကို သွန်သင်ခြင်းငှာ နားလည်နိုင်သော စကားအခွန်း ငါးခွန်းကို ငါသာ၍ ပြောလို၏။
20 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် စဉ်းစားဆင်ခြင်မှု၌ အသျှေတိကဲ့သို့ မဖြစ်စီကတ်ကေ့။ ဆိုးညစ်သောအမှု၌ အသျှေတိကဲ့သို့ ဖြစ်ကြလော့။ သို့ရာတွင် သင်ရို့၏ စဉ်းစားဆင်ခြင်မှုတွင်ကား ရင့်ကျက်သောသူရို့ကဲ့သို့ ဖြစ်ကြလော့။ 21 ကျမ်းစာလာသည်ကား၊
23 သို့ဖြစ်၍ အသင်းတော်၌ စုဝေးသော အသင်းဝင်သူတိုင်းသည် အမျိုးမျိုးသော ဘာသာစကားဖြင့် ဟောပြောနိန်စဉ် ထိုစကားကို နားမလည်သောသူ တချို့နှင့် မယုံကြည်သောသူ တချို့ ရောက်လာကြလျှင် သင်ရို့အား ရူးသွပ်သောများဖြစ်သည်ဟု ဆိုမည် မဟုတ်လော။ 24 သို့သော် သင်ရို့သည် ဘုရားသခင်၏ သတင်းစကားကို ဟောပြောနိန်စဉ် မယုံကြည်သောသူရို့၊ သို့မဟုတ် နားမလည်သောသူရို့သည် ရောက်လာလျှင် သူရို့ကြားရသော တရားစကားအားဖြင့် သူရို့၏ အပြစ်ကို နားလည်သဘောပေါက်လာကာ သူရို့ကို သူရို့ စီရင်လိမ့်မည်။ 25 ထိုသူရို့၏ လျှို့ဝှက်သော စိတ်နှလုံးအကြံအစည်များသည် ထင်ရှားလာပြီး “ဘုရားသခင်သည် ဤအရပ်၌ သင်ရို့နှင့်အတူ ဧကန်အမှန် ဟိတော်မူပါသည်တကား” ဟု သူရို့သည် ထုတ်ဖော်ဝန်ခံလျက် ဘုရားသခင်အား ပျပ်ဝပ်ကိုးကွယ်ကြလိမ့်မည်။
36 ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် သင်ရို့ပါးမှ ထွက်လာသလော။ သို့တည်းမဟုတ် နှုတ်ကပတ်တရားသည် သင်ရို့ထံသို့သာ ရောက်လာသလော။ 37 မိမိကိုယ်ကို ဘုရားသခင်၏ သတင်းစကား ဟောပြောသောသူ ဖြစ်သည်ဟူ၍ လည်းကောင်း၊ ဝိညာဉ်ဆုကျေးဇူး ရဟိသောသူဖြစ်သည်ဟူ၍ လည်းကောင်း ထင်မှတ်သောသူသည်ကား အဂု ငါရီးလိုက်သော စာသည် သခင်ဘုရား၏ ပညတ်ဖြစ်ကြောင်း သိမှတ်စီ။ 38 သို့သော် ထိုသူသည် ဤအရာကို အသိအမှတ် မပြုလျှင် ထိုသူကိုလည်း အသိအမှတ် မပြုကတ်ကေ့။
39 သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ဘုရားသခင်၏ သတင်းစကားကို ဟောပြောခြင်းငှာ လိုလားတောင့်တကြလော့။ သို့ရာတွင် အမျိုးမျိုးသော ဘာသာစကားများဖြင့် ပြောဆိုခြင်းကို မတားမြစ်ကတ်ကေ့။ 40 ခပ်သိမ်းသောအမှုများကို အစီအစဉ်အတိုင်း လျောက်ပတ်စွာ လုပ်ဆောင်ကြလော့။
<- ၁ ကောရိန္သု 13၁ ကောရိန္သု 15 ->
Languages