ကောရိန္သု အသင်းတော်သို့ ပေါလု၏ ပထမအကြိမ် ပီးစာ နိဒါန်း ကောရိန္သု အသင်းတော်သို့ ပထမအကြိမ် ပီးစာ ကို ခရစ်တော်မွီးဖွားပြီးနောက် ၅၅ ခုနှစ် ဝန်းကျင်တွင် တမန်တော်ပေါလုမှ ရီးသားခြင်းဖြစ်၏ (၁.၁)။ ဤပီးစာသည် ကောရိန္သု အသင်းတော်သို့ ပေါလုရီးသားသော ပီးစာနှစ်စောင်ထဲမှ ပထမအကြိမ် ပီးစာဖြစ်၏။ သူသည် သူ၏ခရီးစဉ်၌ မာကေဒေါနိပြည်မှ ပြန်လာပြီး ကောရိန္သုမြို့သို့ လည်ပတ်ရန် ရည်ရွယ်ထားသော သူ၏ခရီးစဉ်ကို မပြုမီ ဧဖက်မြို့၌ တည်းခိုနိန်စဉ် ဤပီးစာကို ရီးသားခြင်း ဖြစ်နိုင်ပေ၏ (၁၆.၅–၉)။ ဤပီးစာသည် မတရားသောမေထုန်ပြုခြင်းနှင့် ကွဲပြားခြင်းများအပါအဝင် အသင်းတော်၌ ဟိသော အားနည်းချက် အမျိုးမျိုးအကြောင်းကို သင်းဝင်သော သူရို့တချို့ပါးမှ ပေါလု လက်ခံရဟိသော အကြောင်းအရာတိအား အစီရင်ခံခြင်းငှာ တုန့်ပြန်ထားသော စာတစ်စောင်ပင် ဖြစ်၏။ ကောရိန္သုမြို့သည် မတရားသော မေထုန်ပြုခြင်း၌ လူသိများကြသောကြောင့် အသင်းတော်သည် ထိုပြဿနာများနှင့် ရင်ဆိုင်ကြုံတွိ့နိန်ရသည်မှာ အံ့သြစရာ မဟိပေ။ ကောရိန္သုအသင်းတော်သို့ ပထမအကြိမ်ပီးစာတွင် အခန်းကြီး (၁၃) ၌ မေတ္တာတရားနှင့်ပတ်သက်၍ ထင်ပေါ်သော အခန်းဖြစ်လေ၏။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ကောရိန္သုအသင်းတော်သို့ ပေါလု၏ နှုတ်ဆက်ခြင်းနှင့် ထိုသူရို့အဖို့ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းခြင်း (၁.၁–၉) ၂။ မိမိလက်ခံရဟိထားသော ကောရိန္သုအသင်းတော်၌ ကွဲပြားခြင်းအကြောင်းကို အစီရင်ခံ ပြောကြားခြင်း (၁.၁၀—၄.၂၁) ၃။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တရားရုံး၌ အမှုတွိ့ခြင်းနှင့် မတရားသောမေထုန်တိနှင့် စပ်ဆိုင်သော ပြဿနာတိကို မိန်းခွန်းပြောကြားခြင်း (၅.၁—၆.၂၀) ၄။ လက်ထပ်ထိမ်းမြားခြင်း၊ ရုပ်ထုရှိ့၌ ပူဇော်ခြင်း၊ အများပြည်သူ ဝတ်ပြုကိုးကွယ်ခြင်း၊ ဝိညာဉ်ဆိုင်ရာ ဆုကျေးဇူးနှင့် ရှင်ပြန်ထမြောက်ခြင်း ဆိုင်ရာ လမ်းညွှန်ခြင်း (၇.၁—၁၅.၅၈) ၅။ နောက်ဆုံး၊ လူပုဂ္ဂိုလ်ဆိုင်ရာ ကိစ္စရပ်တိနှင့် အချို့သောလက်တွိ့ဆိုင်ရာ ကျင့်သုံးခြင်းများနှင့် ပတ်သက်၍ နိဂုံးချုပ်ခြင်း (၁၆.၁–၂၄)
14 [d]ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကြောင်းမူကား ငါသည် ကရိပ္ပုနှင့် ဂါယုမှ လွဲ၍ သင်ရို့အထဲမှ ဇာသူ့ကိုမျှ ဗတ္တိဇံမပီးခပါ။ 15 သို့ဖြစ်၍ သင်ရို့သည် ငါ၏နာမကို အမှီပြု၍ ဗတ္တိဇံခံယူကြသည်ဟု ဇာသူမျှ မပြောနိုင်။ 16 [e]ငါသည် သတေဖန်နှင့် သူ၏မိသားစုကိုလည်း ဗတ္တိဇံပီးခ၏။ ထိုသူရို့မှလွဲ၍ အခြားဇာသူ့ကို ဗတ္တိဇံပီးခသည်ကို ငါ မမှတ်မိ။ 17 ခရစ်တော်သည် ငါ့အား စီရွှတ်တော်မူသည်မှာ ဗတ္တိဇံပီးခြင်းငှာ မဟုတ်၊ လက်ဝါးကပ်တိုင်ထက်တွင် ခရစ်တော်၏ အသီခံခြင်းတန်ခိုးသည် အချည်းနှီးမဖြစ်စီခြင်းငှာ လူရို့၏ဉာဏ်ပညာနှင့် ယှဉ်သောစကားများကို အသုံးမပြုဘဲ သတင်းကောင်းတရားကို ဟောပြောရန်ပင် ဖြစ်၏။
21 အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ “အချည်းနှီးသော” တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။ 22 ယုဒလူရို့သည် သက်သီအဖြစ် နိမိတ်လက္ခဏာများကို တောင်းကြ၏။ ဟေလသလူရို့မူကား ဉာဏ်ပညာကို ရှာဖွီကြ၏။ 23 ငါရို့ ဟောပြောကြေငြာသော လက်ဝါးကပ်တိုင်ထက်တွင် အသီခံတော်မူသည့် ခရစ်တော်၏အကြောင်းသည် ယုဒလူရို့အဖို့ ထိမိ၍ လဲစရာဖြစ်ပြီး၊ တခြားလူမျိုးရို့အဖို့မူကား အချည်းနှီးသော တရားဖြစ်၏။ 24 သို့ရာတွင် ယုဒလူဖြစ်စီ၊ တခြားလူမျိုးဖြစ်စီ၊ ဘုရားသခင် ခေါ်ထားတော်မူခြင်းကို ခံရကြသော သူရို့၌ကား ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ ဉာဏ်ပညာတော်ဖြစ်ပေ၏။ 25 အကြောင်းမူကား ဘုရားသခင်၏ အချည်းနှီးဖြစ်သော ဉာဏ်ပညာသည် လူရို့၏ဉာဏ်ပညာဟိခြင်းထက် သာ၍ ကောင်း၏။ ဘုရားသခင်၏အားနည်းခြင်းသည် လူရို့၏ခွန်အားကြီးခြင်းထက် သာ၍ ကြီး၏။
26 ညီအစ်ကိုမောင်နှမရို့၊ ဘုရားသခင်သည် သင်ရို့အား ခေါ်သောအခါ လူ့အမြင်အားဖြင့် သင်ရို့တွင် ပညာဟိသူ၊ တန်ခိုးအာဏာဟိသူ၊ မျိုးရိုးကြီးမြင့်သူဟူ၍ များစွာမပါသည်ကို အောက်မိကြလော့။ 27 ဘုရားသခင်သည် ပညာဟိရို့ကို အရှက်ရစီခြင်းငှာ လောက၌ မိုက်မဲသောသူရို့ကို ရွီးကောက်တော်မူ၏။ လောက၌ ခွန်အားကြီးသောသူရို့ကို အရှက်ရစီခြင်းငှာ ခွန်အားနည်းသောသူရို့ကို ရွီးကောက်တော်မူ၏။ 28 လောက၌ မြတ်သောသူရို့ကို အရှက်ရစီခြင်းငှာ ယုတ်သောသူ၊ အထင်သေးခံရသောသူနှင့် လူရာမဝင်သောသူရို့ကို ရွီးကောက်တော်မူ၏။ 29 သို့ဖြစ်၍ ဘုရားသခင်၏ ရှိ့တော်၌ ဇာသူမျှ ဝါကြွားစရာမဟိ။ 30 သို့ရာတွင် ဘုရားသခင်အားဖြင့် သင်ရို့သည် ခရစ်တော်ယေသျှု၌ တည်နိန်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အား ငါရို့အတွက် ဉာဏ်ပညာ ဖြစ်စီတော်မူ၏။ ထိုအရာကား ငါရို့အတွက် ဖြောင့်မတ်ခြင်း၊ သန့်ယှင်းခြင်းနှင့် ရွီးနုတ်ခြင်း ဖြစ်တော်မူ၏။ 31 ထို့ကြောင့် ကျမ်းစာလာသည်ကား၊ “ဝါကြွားလိုသောသူသည် သခင်ဘုရားပြုတော်မူပြီးသော အမှု၌သာ ဝါကြွားစီ” ဟု လာ၏။
၁ ကောရိန္သု 2 ->
Languages