14
1 ယုံကြည် အားနည်း သောသူ တို့ကို လက်ခံ ကြလော့။ သို့ရာတွင်ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မ ဆွေးနွေး ကြနှင့်။ အစာအမျိုးမျိုး ကို စား အပ်သည်ဟု လူ အချို့ ယုံ ၏။ 2 အားနည်း သောသူ မူကား ၊ ဟင်းသီး ဟင်းရွက်ကိုသာစား ၏။ 3 အမျိုးမျိုးကို စား သောသူ သည် မ စား သောသူ ကို မထီမဲ့မြင် မ ပြုစေနှင့်။ မ စား သောသူ သည်လည်း ၊ စား သော သူ ကိုမ စစ်ကြော မစီရင်စေနှင့် အကြောင်းမူကား ၊ ဘုရားသခင် သည် သူ့ ကိုလက်ခံ တော်မူပြီ။ 4 သူတစ်ပါး ပိုင်သော လူ ကိုစစ်ကြော စီရင်သော သင် သည် အဘယ်သူ နည်း။ သူ သည်မိမိ သခင် စီရင်သော အားဖြင့်သာအပြစ်လွတ်ခြင်း၊ အပြစ်ခံ ခြင်းသို့ ရောက်ရ၏။ သူသည်အပြစ် လွတ်ခြင်းသို့ရောက်လိမ့်မည်။ အကြောင်းမူကား ၊ ဘုရားသခင် သည် သူ ၏ အပြစ်ကို လွှတ် ခြင်းငှာတတ်နိုင် တော်မူ၏။ 5 နေ့ရက်တ ရက်ထက် တ ရက် သာ၍မြတ်သည်ဟု လူ အချို့ ထင်တတ်၏။ လူအချို့မထင်။ လူ တိုင်းမိမိ စိတ် သဘောကျ ပါစေ။ 6 နေ့ရက် ကိုစောင့် သောသူ သည် သခင် ဘုရားကို ထောက်၍ စောင့် ၏။ နေ့ရက်ကို မစောင့်သော သူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စား သောသူ သည်သခင် ဘုရားကို ထောက်သောစိတ်နှင့် စား ၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မ စား သော သူ သည်လည်း ၊ သခင် ဘုရားကို ထောက်သောစိတ်နှင့် မ စား ဘဲနေ၍ ၊ ကျေးဇူးတော်ရှိသည်ဟုဝန်ခံ၏။ 7 ငါ တို့တွင် အဘယ်သူ မျှကိုယ် အဘို့ အလိုငှာအသက် မရှင်။ အဘယ်သူ မျှကိုယ် အဘို့အလို့ငှာမသေ 8 အသက် ရှင်လျှင် ၊ သခင်ဘုရားအဘို့ အလိုငှာ ရှင် ၏။ သေ လျှင် လည်း၊ သခင်ဘုရား အဘို့ အလိုငှာ သေ ၏။ ထိုကြောင့် အသင်ရှင် သည်ဖြစ်စေ ၊ သေ သည် ဖြစ်စေ ၊ သခင်ဘုရားဆိုင် တော်မူ၏။ 9 အကြောင်းမူကား ၊ ခရစ်တော် သည်၊ သေ သော သူတို့ကို၎င်း ၊ ရှင် သောသူတို့ကို၎င်း၊ အစိုးရသောအရှင် ဖြစ်လိုသောငှာ အသေခံ ၍ ၊ ခံပြီးမှအသက် ရှင်ပြန် တော်မူ၏။ 10 သင် သည် ညီအစ်ကို ချင်းကို အဘယ်ကြောင့် စစ်ကြော စီရင်သနည်း။ ညီအစ်ကို ချင်းကို အဘယ်ကြောင့် မထီမဲ့မြင် ပြုသနည်း။ ငါတို့ရှိသမျှ သည် ခရစ်တော် ၏ တရား ပလ္လင်တော်ရှေ့ သို့ ရောက်ရကြမည်။ 11 ကျမ်းစာ လာသည်ကား ၊ ငါ အသက် ရှင်တော်မူသည်ဖြစ်၍၊ ငါ့ ရှေ့၌ လူ တိုင်းဒူး ထောက် ရမည်။ ဘုရားသခင် အားလူ တိုင်းမိမိနှုတ် နှင့် သစ္စာ ခံရမည်ဟု ထာဝရ ဘုရားမိန့် တော်မူ၏။ 12 သို့ဖြစ်၍ ၊ ငါ တို့ရှိသမျှ သည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။ 13 ထိုကြောင့် ၊ ငါတို့သည် ယခုမှစ၍အချင်းချင်း မ စစ်ကြော မစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကို ချင်း ထိမိ၍ လဲ စရာအခွင့်၊ မှားယွင်း စရာအခွင့်မ ရှိ စေမည်အကြောင်း သာ၍ စီရင် ကြကုန်အံ့။ 14 အဘယ် အစာမျှ ပကတိ အတိုင်း မညစ်ညူး ကြောင်းကို၊ ငါသည်သခင် ယေရှု ကို အမှီပြု လျက်သဘောကျ၍ အမှန်သိ ၏။ သို့သော်လည်း ၊ ညစ်ညူး သည် ဟု အကြင်သူ သည်ထင် ၏။ ထိုသူ ၌ ညစ်ညူး ၏။ 15 သင် ၏ညီအစ်ကို သည် သင်စားသော အစာ ကြောင့် စိတ်နာ ရလျှင် ၊ သင်သည်မေတ္တာ တရားကို မ ကျင့် ။ ခရစ်တော် သည် အသေခံ တော်မူသော ကျေးဇူးတော်ကို ခံသောသူ ကိုသင် ၏ အစာ အားဖြင့် အကျိုး မ နည်း စေနှင့်။ 16 သင်တို့သည် အခွင့် ရသည်အမှုမှာ ကဲ့ရဲ့ စရာ အကြောင်းမ ရှိစေနှင့်။ 17 ဘုရားသခင် ၏ နိုင်ငံ တော်သည် အစား အသောက် ၌ မ တည် ။ ဖြောင့်မတ် ခြင်း၊ ငြိမ်သက် ခြင်း၊ သန့်ရှင်း သော ဝိညာဉ် တော်အားဖြင့် ခံရသော ဝမ်းမြောက် ခြင်း၌ တည်၏။ 18 ထိုသို့ ကျင့်၍ ခရစ်တော် ၏အမှု ကို ဆောင်ရွက်သောသူ သည်ဘုရားသခင့် ရှေ့၌ နှစ်သက် ဘွယ်၊ လူ တို့ တွင် ချီးမွမ်း ဘွယ်ဖြစ်၏။ 19 ထိုကြောင့် ၊ ငြိမ်သက် ခြင်းနှင့်၎င်း၊ အချင်းချင်း တည်ဆောက် ခြင်းနှင့်၎င်း ယှဉ်သောအရာ တို့ကို မှီအောင်လိုက် ကြကုန်အံ့။ 20 ဘုရားသခင် ၏ အမှု တော်ကို သင်၏အစာ အလိုငှာ မ ဖျက်ဆီး နှင့်။ အစာအမျိုးမျိုး တို့သည် စင်ကြယ် ၏။ သို့သော်လည်း သူတစ်ပါးထိမိ လဲစရာအကြောင်းနှင့် စား သော သူ သည်အပြစ် ရှိ၏။ 21 အမဲသား ကိုစား ခြင်း၊ စပျစ်ရည် ကိုသောက် ခြင်း ကိစ္စမှစ၍၊ ညီအစ်ကို ထိမိ ၍ လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။ 22 သင် သည်ယုံ ခြင်းရှိ လျှင် ကိုယ် အလိုအလျောက်ဘုရားသခင့် ရှေ့ ၌ ရှိ စေလော့။ ကိုယ်လက်ခံ သောအမှုမှာ ကိုယ် ကိုမ စစ်ကြော မစီရင်သောသူ သည် မင်္ဂလာ ရှိ၏။ 23 ယုံမှား သောသူ သည် စား လျှင် ၊ ယုံ သောစိတ် မ ရှိဘဲစားသောကြောင့် အပြစ် စီရင်ခြင်းကိုခံရ၏။ ယုံ သောစိတ်မ ရှိဘဲကျင့်သမျှ သော အကျင့်တို့သည် အပြစ် ရှိ ကြ၏။
<- ရောမ ဩဝါ စာ 13ရောမ ဩဝါ စာ 15 ->