Link to home pageLanguagesLink to all Bible versions on this site
10
1 ညီအစ်ကို တို့၊ ဣသရေလ လူတို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်စေခြင်းငှာ ၊ ငါ ၏စေတနာ အလိုရှိ ၍ ဘုရားသခင် ကို ဆုတောင်း လေ့ရှိ၏။ 2 ထိုသူတို့သည် မှန်သောပညာ မ ရှိ သော်လည်း ၊ ဘုရားသခင် ဘက်၌ စိတ် အားကြီးသည်ဟု သူ တို့အဘို့ ငါသက်သေခံ ၏။ 3 ထိုသူတို့သည် ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားကို မ သိဘဲ၊ ကိုယ် ဖြောင့်မတ် ခြင်းကို တည် စေခြင်းငှာရှာကြံ သောကြောင့် ၊ ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားကို ဝန်မ ခံကြ 4 ယုံကြည် သောသူ အပေါင်း တို့သည် ဖြောင့်မတ် ရာသို့ ရောက်မည်အကြောင်း ၊ ပညတ် တရားသည် ခရစ်တော် အားဖြင့် စုံလင် ခြင်းရှိ၏။ 5 မောရှေ ကလည်း ၊ ထိုအကျင့်ကို ကျင့် သောသူ သည် ထိုအကျင့် အားဖြင့် အသက် ရှင်လိမ့်မည်ဟု ပညတ် ၊ တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ် ခြင်းတရားကို ရည်မှတ်၍ ရေး ထားသတည်း။ 6 ယုံကြည် ခြင်းနှင့် စပ်ဆိုင် သော ဖြောင့်မတ် ခြင်းတရားဆို သည်ကား၊ 7 ကောင်းကင် သို့ အဘယ်သူ တက် လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ် ထဲမှာ မ အောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှာကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ ခရစ်တော် ကို သေ ခြင်းမှ ထမြောက်စေခြင်းငှာနက်နဲ ရာထဲသို့ အဘယ်သူ ဆင်း လိမ့်မည်နည်းဟု ဆိုလိုသတည်း။ 8 တဖန်ဆို သည်ကား၊ တရား တော်သည် သင် နှင့် နီး ၏။ သင် ၏ နှုတ် ၌ ၎င်း ၊ သင် ၏နှလုံး ၌ ၎င်း ရှိ သည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ ဟော သောယုံကြည် ခြင်းတရား ကို ဆိုလို သတည်း။ 9 အဘယ်သို့နည်းဟူမူကား၊ သင် သည် သခင် ယေရှု ကိုနှုတ် ဖြင့် ဝန်ခံ ၍ ၊ ဘုရားသခင် သည် သူ့ ကို သေ ခြင်းမှ ထမြောက် စေတော်မူပြီဟု စိတ် နှလုံးထဲ၌ ယုံကြည် လျှင် ၊ ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။ 10 ဖြောင့်မတ်ရာသို့ ရောက် ခြင်းငှာ စိတ် နှလုံးဖြင့် ယုံကြည် ရ၏။ 11 ကယ်တင် ခြင်းသို့ ရောက်ခြင်းငှာနှုတ် ဖြင့် ဝန်ခံ ရ၏။ ကျမ်းစာ လာ သည်ကား ၊ ထိုကျောက် ကို အမှီပြု သော သူ မည်သည်ကား ၊ ရှက်ကြောက် ခြင်းမ ရှိနိုင်ရာဟု လာသတည်း။ 12 ယုဒ အမျိုး၊ ဟေလသ အမျိုးကိုမ ရွေး၊ လူ အပေါင်း တို့ကို အစိုးရသော အရှင် တစ်ပါးတည်းရှိ၍၊ ကိုယ်တော် ကိုပဌနာ ပြုသော သူ အပေါင်း တို့၌ ကျေးဇူးကြွယ်ဝ တော်မူ၏။ 13 အကြောင်းမူကား ၊ ထာဝရ ဘုရားကို ပဌနာ ပြုသော သူရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်ရကြလတံ့။ 14 သို့ရာတွင် ၊ မ ယုံကြည် လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း။ သိတင်းမ ကြား လျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြော သောသူမ ရှိလျှင် အဘယ်သို့ ကြား နိုင်မည်နည်း။ 15 လူကို မ စေလွှတ် လျှင် အဘယ်သို့ ဟောပြော နိုင် မည်နည်း။ ထိုသို့နှင့်အညီကျမ်းစာလာ သည်ကား၊ ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သိတင်း၊ ကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက် စရာသိတင်းကို ကြားပြောသော သူ ၏ခြေ တို့သည် အလွန်တင့်တယ် စွတကားဟု လာသတည်း။ 16 သို့သော်လည်း ၊ လူအပေါင်း တို့သည် ဝမ်းမြောက် စရာသိတင်းကို နားထောင် ကြသည်မ ဟုတ်။ ပရောဖက် ဟေရှာယ စကား ဟူမူကား ၊ အိုထာဝရ ဘုရား၊ အကျွန်ုပ် တို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ ပါ သနည်းဟုဆို၏။ 17 သို့ဖြစ်၍ ၊ ယုံကြည် ခြင်းသည် ကြားနာ ခြင်းအားဖြင့် ဖြစ်၏။ ကြားနာ ခြင်းသည်လည်း ၊ ဘုရားသခင် ၏ စကား တော်အားဖြင့် ဖြစ်၏။ 18 သို့ရာတွင် လူအပေါင်းတို့သည် မ ကြား ရကြပြီလော။ အမှန် ကြားရကြပြီ။ သူ တို့၏အသံ သည်မြေ တပြင်လုံး ၌ နှံ့ပြား ၍၊ သူ တို့၏စကား သည် မြေကြီး စွန်း တိုင်အောင် ရောက်လေပြီဟုငါဆို ၏။ 19 တဖန်ငါ ဆိုသည်ကား ၊ ဣသရေလ လူတို့သည် ဤအမှုကို မ သိ ကြသလော။ မောရှေ က၊ မ ရေရသောလူမျိုး အားဖြင့် သင် တို့သည် ငြူစူ သောစိတ်ရှိစေခြင်းငှာ၎င်း၊ ပညာ မရှိသောလူမျိုး အားဖြင့် စိတ်ဆိုး စေခြင်းငှာ၎င်း၊ ငါ ပြုမည်ဟု ရှေ့ဦးစွာ ဆို ၏။ 20 ဟေရှာယ သည် သာ၍ရဲရင့် စွာဆို သည်ကား ၊ ငါ့ ကိုမ ရှာ သော သူ တို့သည် ငါ့ကိုတွေ့ ရကြ၏။ ငါ ၏ အကြောင်းကို မေးမြန်း သောသူ တို့၌ ငါထင်ရှား သည်ဟု ဆို၏။ 21 ဣသရေလ လူတို့ကို ရည်မှတ်၍ တဖန်မိန့် တော်မူသည်ကား ၊ နားမထောင် ငြင်းဆန် တတ်သော လူမျိုး သို့ တနေ့လုံး ငါ သည် လက် ဝါးကို ဖြန့် ရပြီဟု ဆိုသတည်း။

<- ရောမ ဩဝါ စာ 9ရောမ ဩဝါ စာ 11 ->