Link to home pageLanguagesLink to all Bible versions on this site

1 သတ္တမ တံဆိပ် ကိုဖွင့် သောအခါ ၊ ကောင်းကင် ဘုံ၌ နာရီဝက် မျှ တိတ်ဆိတ် စွာ နေ ကြ၏။ 2 ဘုရားသခင့် ရှေ့ တော်၌ ရပ် နေသောကောင်းကင်တမန် ခုနစ် ပါးကို ငါမြင် ၏။ သူ တို့၌ တံပိုး ခုနစ် လုံးကို ပေး ၏။ 3 ကောင်းကင်တမန် တစ်ပါး သည်လာ ၍ ရွှေ လင်ပန်း ကို ကိုင် လျက် ယဇ်ပလ္လင် နား မှာရပ် နေ၏။ ပလ္လင် တော်ရှေ့ ၌ရှိသော ရွှေ ယဇ်ပလ္လင် ပေါ်မှာ သန့်ရှင်း သူ အပေါင်း တို့၏ ပဌနာ နှင့်အတူ ဆက်ကပ် ခြင်းငှာ ၊ မီးရှို့ သောနံ့သာပေါင်းအများ ကို ထိုသူ ၌ပေး ၏။ 4 မီးရှို့ သော နံ့သာပေါင်း၏ အခိုးအငွေ့ သည် သန့်ရှင်း သူ တို့၏ ပဌနာ များနှင့်အတူ ကောင်းကင် တမန်၏ လက် ထဲက ဘုရားသခင့် ရှေ့ တော်သို့ တက် လေ၏။ 5 ကောင်းကင်တမန် သည် လင်ပန်း ကိုယူ ၍ ယဇ်ပလ္လင် ၏ မီး နှင့် ပြည့် စေပြီးမှ ၊ မြေကြီး အပေါ်သို့ ချ လိုက် သည်ဖြစ်၍ ၊ အသံမြည် ခြင်း၊ မိုဃ်းချုန်း ခြင်း၊ လျှပ်စစ် ပြက်ခြင်း၊ မြေကြီး လှုပ်ခြင်းဖြစ် ကြ၏။ 6 တံပိုး ခုနစ် လုံးရှိ သော ကောင်းကင်တမန် ခုနစ် ပါးတို့သည် မှုတ် အံ့သောငှာ မိမိ တို့ကို ပြင်ဆင် ကြ၏။ 7 ပဌမ သူ သည် တံပိုး မှုတ်သောအခါ မိုဃ်းသီး ဖြစ် ၏။ အသွေး နှင့် ရောနှော သော မီး လည်း ဖြစ်၏။ မြေကြီး အပေါ်သို့ ချ လိုက်၍ ၊ မြေ သုံးစု တစ်စု၊ သစ်ပင် သုံးစု တစ်စု၊ စိမ်း သော မြက်ပင် ရှိသမျှ တို့ကို လောင်ကျွမ်း လေ၏။ 8 ဒုတိယ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ မီး လောင် သော တောင် ကြီး ကို ပင်လယ် ထဲသို့ ချ လိုက်သကဲ့သို့ ဖြစ်၍ ၊ ပင်လယ် သုံးစု တစ်စုသည်အသွေး ဖြစ် ၏။ 9 ပင်လယ် ၌ အသက်ရှင်သော သတ္တဝါ သုံးစု တစ်စုလည်း သေ ၏။ သင်္ဘော သုံးစု တစ်စုလည်း ပျက် ၏။ 10 တတိယ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ မီးခွက် ကဲ့သို့ ထွန်းတောက် သော ကြယ် ကြီး သည် ကောင်းကင် က ကျ ၍ ၊ မြစ် သုံးစု တစ်စုသို့ ၎င်း၊ စမ်း ရေ တွင်းသို့ ၎င်း ရောက် ၏။ 11 ထိုကြယ် သည် ဒေါနရွက် ဟူသောအမည် ရှိ ၏။ ရေ သုံးစု တစ်စုသည်ဒေါနရွက် ဖြစ် ၍ ရေ ခါး သောကြောင့် ၊ လူ အများ တို့သည် သေ ကြ၏။ 12 စတုတ္ထ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ နေ သုံးစု တစ်စု၊ လ သုံးစု တစ်စု၊ ကြယ် သုံးစု တစ်စုကြတ် ၍ သုံးစု တစ်စုမိုက် လေ၏။ နေ့ သုံးစု တစ်စု၊ ညဉ့် သုံးစုတစ်စုသည် အလင်း မ ရှိ၊ 13 ထိုအခါ ငါကြည့် လျှင် ၊ ရွှေလင်းတ တ ကောင်က၊ ကြွင်း သေးသော ကောင်းကင်တမန် သုံး ပါးမှုတ် လု လတံ့သော တံပိုး သံ ကြောင့် မြေကြီး သားတို့သည် အမင်္ဂလာ ၊ အမင်္ဂလာ ၊ အမင်္ဂလာ ရှိကြ၏ဟု ကောင်းကင် အလယ်၌ ပျံဝဲ ၍ကြီး သောအသံ နှင့် ဆို သည်ကိုငါကြား ၏။

<- ဗျာဒိတ်ကျမ်း 7ဗျာဒိတ်ကျမ်း 9 ->